တကယ်ချစ်တယ်ဆိုတာ ဘယ်လိုမျိုးလဲ

blank

မရင့်ကျက်ခင်တုန်းကတော့ တကယ်ချစ်တယ်ဆိုတာကို…

ဘောလုံးတွေ၊ နှင်းဆီပန်းတွေနဲ့  surprise လုပ်ပေးတာမျိုး၊

ဈေးကြီးကြီးဆိုင်တွေမှာ ညစာလိုက်ကျွေးတာမျိုး၊

လိုချင်တာမှန်သမျှဝယ်ပေးတာမျိုးလို့ ထင်ခဲ့တယ်။

တကယ်တမ်းက တကယ်ချစ်တယ်ဆိုတာ…

ချစ်သူကဗိုက်မဆာဘူးလို့ ပြောတာတောင်

ကိုယ်စားနေတဲ့ မုန့်ကို တစ်ဝက်ခွဲပြီး ကျွေးတာမျိုး၊

သူ့ရဲ့ဟောက်သံကြောင့် ညကြီးမင်းကြီး နိုးလာရတာတောင်

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ သူ့မျက်နှာလေးကို ထိုင်ကြည့်နေတာမျိုး၊

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဟာသလေးတွေပြောရင်း

လူကြားထဲမှာ အခက်တွေ့အောင် တစ်ယောက်ကိုတစ်ယောက် ဆေးထိုးတာမျိုး၊

ကျန်တဲ့အချိန်တွေ သဘောထားကွဲလွဲနေတောင်

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ပြောင်တိပြောင်ချော်နဲ့ မဟုတ်တာလုပ်ရမယ်ဆိုရင် စိတ်တူကိုယ်တူဖြစ်နေတာမျိုး၊

ဘာမဟုတ်တာလေးကို အသည်းအသန်ငြင်းခုံပြီး စိတ်တွေဆိုးမှ

တစ်ယောက်နဲ့တစ်ယောက် မရမက ပြန်ချော့ကြတာမျိုးပါ။

ဟုတ်ပါတယ်။ အချစ်စစ်ဆိုတာ အမြဲတမ်း လှပပြီး ရင်ခုန်စရာကောင်းနေတာမဟုတ်ပါဘူး။

အချစ်စစ်ဆိုတာ သူငယ်ချင်းကောင်းတစ်ယောက်လို ရင်းနှီးအားကိုးရတဲ့ ချစ်သူနဲ့ အတူတူ ရှိနေခြင်းပါပဲ။

သင့်ချစ်သူဖတ်မိစေဖို့ SHARE ပေးလိုက်ပါနော်။