အိမ်ထောင်ဖက်အရွေးမမှားစေဖို့ ကျွန်မသမီးလေးကို ပြောပြဖြစ်တဲ့ အကြောင်းအရာများ

blank

သမီးရှင် မေမေတို့ရေ…

သမီးလေးတစ်ယောက်မွေးပြီဆိုကတည်းက ဟိုးအဝေးကြီးကအနာဂတ်ကို ကြိုတွေးပြီး ပူပန်နေရတတ်တာကို မေမေတွေပဲ သိပါတယ်။ ကြိုတွေးပူပန်ထားရတဲ့ ကိစ္စတွေထဲကမှ အိမ်ထောင်ဖက်အရွေးမှားမှာစိုးတဲ့ စိုးရိမ်စိတ်က ပိုပြီးခံစားရပါတယ်။ ကျွန်မကတော့ သမီးရှင်တစ်ယောက်အနေနဲ့ သမီးလေးကို ကွဲပြားမှုလေးတွေအကြောင်း ပြောပြထားတယ်။ ဘယ်လိုကွာခြားမှုလေးတွေလဲဆိုတာကို မေမေတို့ကိုလည်း ဝေမျှပြောပြချင်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁။ သမီးလေးကို အီစီကလီလုပ်ပြီး ကျောရရုံကြံမယ့်ယောက်ျားနဲ့ သမီးလေးဘဝကို ပါရမီဖြည့်ပြီး အားပေးမယ့်ယောက်ျားကြားက ကွာခြားချက်

၂။ သမီးလေးအတွက် ငွေတွေကို သုံးဖြုန်းတဲ့ ယောက်ျားနဲ့ သမီးလေးရဲ့ ဘဝအတွက် ငွေကြေးတွေကို ရင်းနှီးမြှုပ်နှံပေးမယ့်ယောက်ျားကြားက ကွာခြားချက်

၃။ သမီးလေးကို ပိုင်ဆိုင်မှုတွေထဲကတစ်ခုအဖြစ် သဘောထားမယ့်ယောက်ျားနဲ့ သမီးလေးကိုပိုင်ဆိုင်ထားလို့ ကံကောင်းတယ်လို့မှတ်ယူမယ့်ယောက်ျားကြားက ကွာခြားချက်

၎။ သမီးလေးရဲ့ အလှကို လိုချင်တပ်မက်တဲ့ယောက်ျားနဲ့ သမီးလေးရဲ့ဘဝကို တန်ဖိုးထားမြတ်နိုးတဲ့ ယောက်ျားကြားက ကွာခြားချက်

၅။ သူကသမီးလေးအတွက် ဆုလာဘ်လို့မှတ်ယူထားတဲ့ယောက်ျားနဲ့ သမီးလေးက သူ့အတွက်ဆုလာဘ်လို့ မှတ်ယူထားတဲ့ယောက်ျားကြားက ကွာခြားချက်

စတဲ့ ကွာခြားချက်တွေကို ပြောပြထားပါတယ်။

ဒါဟာ သမီးရှင်မေမေတို့အတွက်ပဲ မဟုတ်ပါဘူး။ သားရှင်မေမေတို့အနေနဲ့လည်း သားလေးတွေကို ဒီကွာခြားချက်တွေအကြောင်းပြောပြပြီး ယောက်ျားကောင်းတစ်ယောက်အဖြစ် ကျင့်ကြံနေထိုင်တတ်အောင် သင်ပေးထားသင့်ပါတယ်။

မေမေတို့ရဲ့ အတွေးအမြင်လေးတွေရော ဘယ်လိုရှိလဲ၊ comment box မှာ ဆွေးနွေးခဲ့ပါဦးနော်။