အသက် ၃ဝ မှာ ချစ်သူရှာမယ်ဆိုရင် ဘာလေးတွေကြုံရမလဲ။

blank

အသက် ၃ဝ ဆိုတာ ဘဝမှာ ပြောင်းလဲမှုတွေအများကြီးကြုံဖူးသွားပြီဖြစ်တဲ့အရွယ်ပါ။ အဲ့ဒီ ပြောင်းလဲသွားတဲ့အရာတွေထဲမှာ အချစ်ရေးနဲ့ပတ်သက်တဲ့သဘောထားတွေလည်း ပါဝင်ပါတယ်။ ဒါ ကြောင့် ၃ဝ မှချစ်သူထားမယ်ဆိုရင် အောက်ပါအချက်လေးတွေကို ဖတ်ကြည့်ထားဖို့ လိုပါတယ်နော်။

၁။ ရွေးချယ်စရာရှားပါးလာပါတယ်။

သင့်အသက် ၃ဝ ရောက်တဲ့အခါ သင့်ဝန်းကျင်ကလူအများစုဟာ ကိုယ်ပိုင်မိသားစုဘဝလေး တွေ၊ အချစ်ရေးတွေနဲ့ အခြေကျကုန်ပါပြီ။ ဒါကြောင့် သင့်တော်လိုက်ဖက်တဲ့လက်တွဲဖော်ကို ရွေးဖို့ ကလည်း ပိုရှားသွားပါပြီ။

၂။ ဦးစားပေးကိစ္စတွေလည်း ပြောင်းလဲသွားတယ်။

အသက် ၃ဝ မှာ ဘဝအတွက် ဦးစားပေးစဉ်းစားတဲ့ကိစ္စတွေကလည်း ပြောင်းလဲသွားပါပြီ။ တွေးနေကျအရာတွေနေရာမှာ တခြားအရာအသစ်တွေအစားထိုးပြီး ရည်ရွယ်ချက်ပန်းတိုင်တွေ ကလည်း ပိုခိုင်မာသွားပါပြီ။ ဒါကြောင့် အချစ်ရေးမှာ ပိုပြီး ချေးများလာပါတယ်။

၃။ ဦးနှောက်ကို ပိုဦးစားပေးလာတယ်။

အသက်အရွယ်အရ အနာဂတ်ကို ပိုမျှော်မြင်တတ်လာတာနဲ့အမျှ လိုချင်တာနဲ့ လိုအပ်တာကို လည်း ပိုခွဲခြားနားလည်လာပါတယ်။ ဒါကြောင့် နှလုံးသားထက် ဦးနှောက်ကို ပိုဦးစားပေးလာတယ်။

၎။ စိတ်ခံစားချက်ကို အလိုလိုက်စိတ်လျော့နည်းလာတယ်။

ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိလာသလို ဘဝအတွက် ကိုယ်ပိုင်စည်းမျဉ်းတွေလည်း ပိုပြီး ခိုင် ခိုင်မာမာချမှတ်လာပါတယ်။ ဒါကြောင့် သင်တန်ဖိုးထားရတဲ့အရာတွေနဲ့ နှစ်သက်မှုတွေကို လွယ်လွယ် နဲ့ လျှော့ပစ်ဖို့ စိတ်မကူးတော့ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတွေကိုလည်း ပိုထည့်စဉ်းစားလာတယ်။

အတိတ်မှာ နာကျင်စရာတွေ ရှိနိုင်သလို အတွေ့အကြုံတွေကိုလည်း အများကြီးဖြတ်သန်း လာခဲ့ပြီမို့ ပိုပြီးတော့လည်း သတိရှိနေပါပြီ။ ဒါကြောင့် တစ်ဦးတစ်ယောက်အပေါ် ယုံကြည်ဖို့ရာ တော်တော်အားထုတ်လာရပါပြီ။

၆။ ပိုပြီးတော့ ချင့်ချိန်တတ်လာတယ်။

သင့်အသက်အရွယ်အရ တည်ဆောက်ပြီးသားဂုဏ်သိက္ခာတွေနဲ့ ထိုက်တန်တဲ့အချစ်ရေးမျိုး ဖြစ်ဖို့ ချင့်ချိန်တတ်လာတယ်။ သင့်ကိုထိခိုက်နစ်နာစေတဲ့အချစ်ရေးမျိုးမှာ ရှိဖို့ထက် တစ်ယောက် တည်းနေတာက ပိုကောင်းတယ်လို့ တွေးလာတယ်။

အသက် ၃ဝ ဆိုတာ သင့်တော်တဲ့လက်တွဲဖော်စစ်ရဖို့က တကယ်ပဲ ခက်ပါတယ်။ ဒါပေမဲ့ သေ  ချာတာတစ်ခုက သေချာစဉ်းစားချင့်ချိန်တဲ့အတွက် မကောင်းတဲ့အချစ်ရေးကိုတော့ ရှောင်ရှားနိုင်စေ မှာပါ။ တွေ့ခဲ့ရင်လည်း သင့်ရင့်ကျက်မှုနဲ့ထိုက်တန်တဲ့အချစ်ရေးကို ဖန်တီးနိုင်မှာပါ။

သင်လည်း ခုထိအတွဲမရှိသေးတဲ့ single တစ်ယောက်ဆိုရင် သင့်ခံယူချက်လေးကို comment box မှာ မျှဝေခဲ့ပါဦး။