ဆူးပင်နဲ့တူတဲ့ မိတ်ဆွေတုဆိုတာ…

blank

လောကမှာ မိတ်ဆွေ (၂)မျိုးရှိတယ်။ ဆူးပင်နဲ့တူတဲ့မိတ်ဆွေတုနဲ့ ပန်းပင်နဲ့တူတဲ့မိတ်ဆွေစစ်ဆိုပြီးတော့ပေါ့။

မိတ်ဆွေတုက…

သင့်ကို ခင်မင်ချင်ယောင်ဆောင်လိမ့်မယ်။ တကယ်က စိတ်ထဲမှာ သင့်ကိုမခင်ဘူး။

သင့်အပေါ် အမှားတွေလုပ်ပြီး တောင်းပန်ချင်ယောင်ဆောင်လိမ့်မယ်။

သင့်အပေါ်ကို အခွင့်အရေးယူလိမ့်မယ်။

သင့်ကို ထိန်းချုပ်ဖို့ကြိုးစားလိမ့်မယ်။

သူ့ကြောင့် သင်နာကျင်ခံစားရရင် သူများတွေကိုပြန်မပြောဖို့ တောင်းဆိုလိမ့်မယ်။

သင့်မှာ တခြားသူငယ်ချင်းတွေတိုးလာတာကို မကြိုက်ဘူး။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူတို့ကိစ္စတွေမှာ သင့်ကို ဝင်ပြောခွင့်မပေးဘူး။

သင့်ရှေ့မှာ သင့်ကောင်းကြောင်းပြောပြီး သင့်နောက်ကွယ်မှာ သင့်မကောင်းကြောင်းပြောလိမ့်မယ်။

သင့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ နာကျင်ခံစားစေလိမ့်မယ်။

သင့်ရဲ့ သွင်ပြင်ကို လှောင်ပြောင်လိမ့်မယ်။

သင့်ရဲ့ အတွေးအမြင်တွေကို ဘေးဖယ်ထားလိမ့်မယ်။

သင့်ကို ဒုက္ခတွင်းထဲ တွန်းချလိမ့်မယ်။

သင်နဲ့ပတ်သက်ပြီး မဟုတ်မမှန်တာတွေ ဇာတ်လမ်းဆင်ပြီး ပြောလိမ့်မယ်။

သင့်ကို စိတ်မလုံခြုံမှုတွေ ပေးလိမ့်မယ်။