ကျွန်မ မေမေ့ကို ဘာကြောင့်ချစ်တာလဲဆိုတော့

blank

၁။ မေမေက ကျွန်မကို အမြဲတမ်း အားပေးတယ်။

၂။ မေမေက ဆုံးဖြတ်ချက်တွေ မမှားရအောင် ပဲ့ကိုင်ပေးတယ်။

၃။ မေမေက အမှားတွေကနေ သင်ခန်းစာယူတတ်အောင် သင်ပေးတယ်။

၎။ မေမေက အကောင်းဘက်က မြင်တတ်ဖို့သင်ပေးတယ်။

၅။ မေမေက ပေါင်းသင်းဆက်ဆံရေး အရမ်းကောင်းတယ်။

၆။ မေမေက စိတ်ရှည်သည်းခံတတ်ဖို့ သင်ပေးတယ်။

၇။ ကြင်နာမှုတွေကို ပြသပေးတယ်။

၈။ ကိုယ့်ကိုယ်ကို ချစ်တတ်ဖို့သင်ပေးတယ်။

၉။ စိတ်ဓာတ်ခိုင်မာတယ်။

၁ဝ။ ရဲရင့်တယ်။

၁၁။ အမှီအခိုကင်းတယ်။

၁၂။ လူတိုင်းကို အလင်းပေးနိုင်တယ်။

၁၃။ ရိုးသားတယ်။

၁၄။ အငြှိုးတွေမရှိဘူး။

၁၅။ ရယ်မောအောင် လုပ်ပေးတယ်။

၁၆။ ရောင့်ရဲတတ်တယ်။

၁၇။ တစ်ကိုယ်ကောင်းစိတ်မရှိဘူး။

၁၈။ သူများတွေကို မဝေဖန်တတ်ဘူး။

၁၉။ ညည်းတွားပြီး အပြစ်ရှာတာမျိုးတွေမရှိဘူး။

၂ဝ။ လိုအပ်တဲ့အချိန်တိုင်းမှာ အမြဲရှိနေပေးတယ်။

၂၁။ ကျနေတဲ့စိတ်ဓာတ်တွေကို ပြန်လည်မြှင့်တင်ပေးတယ်။

၂၂။ လူသားပီသစွာကျင့်ကြံတတ်ဖို့ သင်ပေးတယ်။

၂၃။ ထက်မြက်တယ်။

၂၄။ တာဝန်သိစိတ်အပြည့်ရှိတယ်။

၂၅။  ဂုဏ်ဖော်ကြွားဝါလိုစိတ်တွေ ကင်းတယ်။

၂၆။ အရသာရှိတဲ့မုန့်တွေလုပ်ကျွေးတယ်။

၂၇။ ပေးကမ်းစွန့်ကြဲခြင်းရဲ့ အနှစ်သာရကို ခံစားစေတယ်။

၂၈။ စိတ်နှလုံးသားဖြူစင်မြင့်မြတ်တယ်။

၂၉။ ပြီးတော့ မေမေက ကျွန်မကို အကြွင်းမဲ့ချစ်တယ်။

ဒါကြောင့် ကျွန်မလေ… ကျွန်မမေမေကို အရမ်းချစ်တာပဲ။

သင်ရော သင့်မေမေကိုချစ်လား။ သင့်မေမေဖတ်ဖို SHARE ပေးလိုက်ပါဦး။