ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိပြီဆိုရင်…

blank

ဂန္ထဝင်စာချစ်သူ လုလင်ပျိုတို့ရေ….

မိမိဘဝကို ကိုယ်ပိုင်အစွမ်းအစနဲ့ ရပ်တည်ကျော်ဖြတ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိနေပြီလား…

သင့်ရဲ့ချစ်သူဟာ ဘဝကို ရဲရဲရင့်ရင့်ဖြတ်သန်းနေတဲ့ မိန်းကလေးတစ်ယောက်လား…

စိန်ခေါ်မှုတွေများလှတဲ့ လောကကြီးမှာ ဘဝကို ကိုယ်ပိုင်ရပ်တည်ချက်တွေနဲ့ ဖြတ်သန်းနေတဲ့ ကောင်မလေးတစ်ယောက်ကို ချစ်သူအဖြစ်ရရှိထားတဲ့ သင့်အတွက် ဒီစာစောင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

မိန်းကလေးတစ်ယောက်ဟာ ဘဝရဲ့ အခက်အခဲတွေကို တစ်ယောက်တည်း ကြံ့ကြံ့ခိုင်ပြီး ရင်ဆိုင်ဖြေရှင်းနိုင်လောက်အောင် ရဲရင့်နေပြီဆိုရင်….

ကြုံလာတဲ့စိန်ခေါ်မှုတွေတိုင်းကို အကောင်းဆုံးစိတ်ဓာတ်ခွန်အားတွေနဲ့ ကျော်လွှားနိုင်ပြီဆိုရင်…..

မိမိရဲ့ အခက်အခဲတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်ပြီး ကိုယ်တိုင်ရဲ့ လိုအပ်ချက်တွေကို ကိုယ်တိုင်ဖြည့်တင်းရင်း ဘဝကိုရင်ဆိုင်နေပြီဆိုရင်….

အခင်မင်ဆုံးမိတ်ဆွေတစ်ချို့နဲ့ ရင်းနှီးတဲ့သူနည်းနည်းလောက်နဲ့သာ သူမရဲ့ဘဝကို ဝန်းရံထားရှိတတ်တယ်ဆိုရင်…..

သူမဟာ လူတစ်ယောက်ကို လွယ်လွယ်ကူကူနဲ့ မချစ်တတ်သလိုသလို ချစ်ပြီးသွားရင်လည်း သစ္စာတရားအပြည့်နဲ့ တန်ဖိုးထားမှာဖြစ်ပါတယ်။ သူမဟာ လက်တွဲဖော်ရွေးချယ်တဲ့နေရာမှာ အားကိုးဖို့ဆိုတာထက် ဘဝကိုလက်တွဲလျှောက်လှမ်းဖို့သာ စိတ်ကူးမှာဖြစ်ပါတယ်။

အရာရာကို ကိုယ့်လက်ကိုယ့်ခြေနဲ့ စီမံခဲ့တာဖြစ်တဲ့အတွက် သူမကို လွှမ်းမိုးချုပ်ကိုင်မယ့်ချစ်သူမျိုးထက် သူမကိုအကြံဉာဏ်ပေးနိုင်မယ့် ချစ်သူမျိုးကိုပဲ လက်တွဲမှာဖြစ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အခြားကောင်မလေးတွေလို ချစ်သူအပေါ်မှာ ဆိုးနွဲ့ဂျီကျတာတွေ မလုပ်တတ်သလို ခံစားချက်တွေ၊ ဝမ်းနည်းမှုတွေကို သိုဝှက်ထားတတ်ပါတယ်။

တစ်ခါတလေမှာ နားလည်ခက်တဲ့ သူမရဲ့ ချစ်ခြင်း၊ယုံကြည်ခြင်းကို ရဖို့ အချိန်ကြာတတ်ပါတယ်။

ဒါကြောင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်မိပြီဆိုရင် သင်ဟာသိပ်ကိုကံကောင်းတဲ့သူပါနော်။