ချစ်သူတွေတိုင်းသိထားသင့်တဲ့ ချစ်ခြင်းဆိုင်ရာ သုတေသန (၅) ခု

blank

“အချစ်ဆိုတာ တစ်ယောက်မျက်နှာကို တစ်ယောက်က ငေးကြည့်နေတာမျိုးမဟုတ်ပါဘူး။ ဦးတည်ချက်တစ်ခုတည်းကို နှစ်ယောက်အတူတူ ကြည့်နေတာမျိုးပါ။”

  • အုန့်ဝမ်းန် ဒီ စိန့်တီဇူပယ်ရီ (Antoine de Saint-Exupéry)
၁။ မြင်မြင်ချင်းချစ်တဲ့ အချစ်ဆိုင်ရာ သုတေသန

ဖူးစာရှင်ကို တွေ့လိုက်ရတဲ့ခဏမှာ သူ့အပေါ် ချစ်စိတ်တွေဝင်သွားဖို့ တစ်စက္ကန့်ရဲ့ ၅ပုံ၁ပုံပဲ ကြာတယ်ဆိုတဲ့အကြောင်းကို မကြာသေးမီက သုတေသနတစ်ခုအရ သိခဲ့ရပါတယ်။ ချစ်ရမယ့်သူကို တွေ့လိုက်တဲ့အခါမှာ ဦးနှောက်အတွင်းက နေရာ ၁၂ ခုမှာ စိတ်ကျေနပ်မှုဆိုင်ရာဓာတ်တွေ ဖြစ်ပေါ်လာပါတယ်။ ချစ်သူအကြောင်းကို စဉ်းစားနေတဲ့အချိန်မှာလည်း ဦးနှောက်အတွင်းမှာ အောက်စီတိုစင်၊ ဒိုပါမင်း၊ ဗက်စ်စိုပရက်စင်နဲ့ အေဒရီနယ်လင်း စတဲ့ ပျော်ရွှင်မှုဆိုင်ရာ ဓာတ်တွေဖြစ်ပေါ်လာပါတယ်။ အချစ်ကို တွေ့တဲ့အခါ ဦးနှောက်မှာ ကိုကင်းမူးယစ်ဆေးဝါးသုံးထားသလို တုံ့ပြန်မှုတွေ ဖြစ်ပေါ်လာပါတယ်။

၂။ စုံတွဲတွေ ရုပ်ချင်းဆင်လာကြတဲ့အကြောင်း သုတေသန

ချစ်သက်တမ်းရှည်ကြာတဲ့ ချစ်သူတွေ၊ ဇနီးမောင်နှံတွေကို သုတေသနပြုခဲ့ရာ ချစ်သက်တမ်းကြာလေလေ တစ်ယောက်နဲ့တစ်ယောက် ရုပ်ချင်းဆင်လာလေ ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ စားသောက်နေထိုင်မှုပုံစံ၊ ပတ်ဝန်းကျင်နဲ့ စိတ်နေသဘောထားတွေ တူညီလို့ ဖြစ်ပါတယ်။ လက်တွဲဖော်ကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ရင်လည်း ရုပ်တွေ ဆင်လာတတ်တယ်လို့ သိရပါတယ်။

၃။ အဝေးရောက်ချစ်သူတွေအတွက် သုတေသန

လေ့လာချက်တစ်ခုအရ တစ်ယောက်တစ်နေရာစီဝေးနေတဲ့ ချစ်သူတွေကလည်း ချစ်ခြင်းခိုင်မြဲကြတယ်ဆိုတာကို တွေ့ရပါတယ်။ အကြောင်းရင်းကတော့

– တစ်ယောက်ကို တစ်ယောက် အတွင်းကျကျ ကိစ္စတွေအထိ အသိပေးထားလို့

– တစ်ယောက်နဲ့တစ်ယောက် ပိုပြီး နားလည်ရုံသာမက အထင်ကြီးလေးစားကြလို့ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင်တော့ သူများတွေ ပြောသလို လူချင်းဝေးရင် သူစိမ်းဆန်သွားတတ်တယ်ဆိုတာ မဟုတ်ပါဘူး။ လူချင်းဝေးနေတဲ့ ချစ်သူတွေမှာလည်း နီးနီးနေရတဲ့ ချစ်သူတွေလိုပဲ ချစ်ခြင်းတွေ ခိုင်မာကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အချစ်ရေးကို ဖျက်ဆီးနေတဲ့အကြောင်းရင်းဆိုင်ရာ သုတေသန

မကြာသေးခင်က ပညာရှင်တွေက ပြတ်စဲလမ်းခွဲခဲ့ကြတဲ့ စုံတွဲတွေကို သုတေသနလုပ်ပြီး အချစ်ရေးကို ပျက်ပြားစေတဲ့ အကြောင်းရင်းတွေကိုရှာခဲ့ကြပါတယ်။

တွေ့ရှိချက်အရ

– တစ်ယောက်ကို တစ်ယောက် အထင်သေးခြင်း

– ထေ့လုံးငေါ့လုံးတွေနဲ့ စကားစောင်းမြောင်းပြောခြင်း

– ကိုယ်သာအမှန်ဆိုပြီး အလျှော့မပေးခြင်း

– တစ်ယောက်နဲ့တစ်ယောက်ကြား ပွင့်လင်းတဲ့ ဆက်သွယ်မှုမရှိခြင်းတွေက

အချစ်ရေးကို ထိခိုက်ပျက်စီးစေတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်။

၅။ အချစ်ရေးမှာ အဖိုးတန်ဆုံးလက်ဆောင်ဆိုင်ရာ သုတေသန

“အချစ်ကို ငွေနဲ့ ဝယ်နိုင်တယ်” လို့ လူတော်တော်များများထင်နေကြတဲ့ စီးပွားရေးဆန်လွန်းတဲ့ ခေတ်ကြီးမှာ လုပ်ရပ်သေးသေးလေးတွေက အဖိုးတန်နေသေးပါတယ်။

လေ့လာချက်တစ်ခုအရ ရွှေငွေတွေထက် ဂရုစိုက်ကြင်နာတဲ့ အပြုအမူလေးတွေကို အမျိုးသမီးတွေက ပိုပြီး မက်မောကြတယ်လို့ သိရပါတယ်။

ချစ်ခြင်းရဲ့ စိတ်ပညာကို ဂျာမန် ကဗျာဆရာမ ရိန်နာ မာရီယာ (Rainer Maria) က ဒီလို ဖွင့်ဆိုပြောပြခဲ့ဖူးပါတယ်။

“ဘေးချင်းကပ်နေတဲ့ ချစ်သူနှစ်ဦးကြားမှာတောင် ကမ္ဘာခြားသလို ခံစားနေရတာမျိုး ရှိနေတတ်ဆိုတာ၊ တကယ်ချစ်ရင် ဘယ်လောက်ဝေးနေနေ နီးနီးလေးပဲဆိုတာကို လက်ခံနိုင်ပြီဆိုတာနဲ့ ချစ်သူနှစ်ဦးကြားမှာ ကမ္ဘာကြီး ခြားနေရင်တောင် တစ်ယောက်နဲ့တစ်ယောက် စိတ်ထဲကနေ မြင်နိုင်ကြပါတယ်”

ချစ်ရတဲ့သူကို mention ခေါ်ပြီး သူပေးခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ကျေးဇူးတင်ကြောင်း ပြောလိုက်ပါ။