ချစ်သူနှစ်ယောက်ကြား သံယောဇဉ်တွေကို ပျက်ပြားစေတဲ့ လုပ်ရပ်များ

blank

         တစ်ခါတလေ ပြဿနာကြီးကြီးမားမားမရှိရပါဘဲ အကြောင်းရင်းလေးတစ်ခုကြောင့်နဲ့တင် ပျက်ပြားသွားရတဲ့အချစ်ရေးတွေ ရှိတတ်ပါတယ်။ ဒါဟာ အချိန်ကာလတစ်ခုအထိ အချစ်ရေးကို လှိုက်စားနေတဲ့ ပိုးတွေကြောင့်ဖြစ်ပါတယ်။ ဒီလို အချစ်တစ်ခုကို ပျက်ပြားအောင်လုပ်နိုင်တဲ့ အပြုအမူတွေဆိုတာ တစ်ခုချင်းစီကြည့်ရင်သာ မသိသာပေမဲ့ အချိန်ကြာသွားပြီ၊ လုပ်ရပ်တွေ များလာပြီဆိုရင် တကယ်ကို ကြောက်စရာအန္တရာယ်တစ်ခု ဖြစ်လာနိုင်ပါတယ်။

ဒီတော့ အချိန်မီကြိုသိပြီး ရှောင်ရှားနိုင်စေဖို့ အချစ်ရေးကို ပျက်ပြားစေတဲ့လုပ်ရပ်လေးတွေက ဘာတွေလဲဆိုတာ လေ့လာကြည့်ရအောင်။

၁။ အမှန်တရားကို သိဖို့မကြိုးစားဘဲ ကိုယ်ထင်ရာ စွပ်စွဲပြောဆိုခြင်း။

၂။ သံသယစိတ်ဖြစ်လွန်းပြီး သဝန်တိုလွန်းခြင်း။

၃။ ကိုယ့်ရဲ့ စိတ်မလုံခြုံမှုတွေ၊ မပြည့်စုံမှုတွေကို ချစ်သူအပေါ် ရမယ်ရှာခြင်း။

၎။ ချစ်သူဆီကနေ မဖြစ်နိုင်တဲ့အရာတွေ မျှော်လင့်ထားခြင်း။

၅။ ချစ်သူကို အရမ်းချစ်ပြီး လက်လွှတ်ဆုံးရှုံးမခံနိုင်လွန်းခြင်း။

၆။ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်အဖြစ် ဟန်ဆောင်လိမ်ညာထားခြင်း။

၇။ ရည်းစားဟောင်းနဲ့ အဆက်အသွယ်မပြတ်ခြင်း။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၈။ အရင်တုန်းကထက်ပိုပြီး အနာဂတ်ကို တွေးပူလွန်းခြင်း။

၉။ ချစ်သူတွေကြားမှာတောင် မယုံကြည်တာတွေ၊ မပွင့်လင်းတာတွေ ရှိနေခြင်း။

၁ဝ။ ချစ်သူရဲ့ အားနည်းချက်ကို မကြာခဏထောက်ပြတတ်ခြင်း။

ဒီအပြုအမူလေးတွေက မသိမသာ လုပ်လိုက်မိတဲ့ အပြုအမူလေးတွေဆိုပေမဲ့ ချစ်သူရဲ့ ရင်ထဲမှာတော့ အပ်နဲ့ တစ်ခါထိုးလိုက်သလိုပါပဲ။ ဒီလိုနဲ့ ရင်ထဲမှာ ဇကာပေါက်ဖြစ်သွားတဲ့အခါ အချစ်တွေ မရှိတော့တာမျိုး ဖြစ်သွားတာပေါ့။

ဒီလုပ်ရပ်လေးတွေကို ရှောင်ပြီး ပိုမို လှပသာယာတဲ့ အချစ်ရေးကို တည်ဆောက်နိုင်ကြပါစေရှင်။