တိဘက်တွေရဲ့ ကလေးပြုစုပျိုးထောင်ခြင်းဆိုင်ရာနည်းလမ်းကောင်းများ

blank

         တိဘက်ဆိုတာ ရေမြေသဘာဝအရ ခေါင်တဲ့နေရာမှာ ရှိနေလို့သာ မထွန်းကား၊ မဖွံ့ဖြိုးကြတာပါ။ တိဘက်သူ တိဘက်သားတွေက စိတ်သဘောထားပြည့်ဝကြတယ်၊ အမျှော်အမြင်ရှိကြတယ်၊ ပြီးတော့ သူတို့ရဲ့ လူ့လောကအပေါ် မြင်တဲ့အမြင်က လေးစားစရာကောင်းလွန်းလှပါတယ်။ ဒါဟာ သူတို့ရဲ့ ကလေးတွေအပေါ် ပြုစုပျိုးထောင်ပုံ ကောင်းလွန်းလို့ပါ။ သူတို့ရဲ့ နည်းလမ်းလေးတွေကို တစ်ချက်လောက် လေ့လာကြည့်ရအောင်။

၁။ အသက် (၅) နှစ်အောက် ကလေးတွေဆိုရင်

ဒီအရွယ်ကလေးလေးတွေကို “ဘုရင်” လို ထားတယ်။ ကလေးတွေကို အပြစ်ပြောတာတွေ၊ ဆူပူငေါက်ငမ်းတာတွေ မလုပ်ဘူး။ ဒီအရွယ်ကလေးတွေက စူးစမ်းချင်တယ်၊ တက်ကြွတယ်၊ ပြီးတော့ ကမ္ဘာကြီးကို လေ့လာချင်ကြတယ်။ ဒါပေမဲ့သူတို့မှာ အတွေ့အကြုံလည်းမရှိဘူး၊ လက်တွေ့ကျကျ တွေးခေါ်နိုင်စွမ်းတွေလည်း မရှိသေးဘူး။ ဒါကြောင့် သူတို့လေးတွေ အမှားတစ်ခုခု၊ အန္တရာယ်ရှိတာတစ်ခုခု လုပ်မိတော့မယ်ဆိုရင် တခြားတစ်ခုခုကို အာရုံပြောင်းပေးတယ်။ ဒီအရွယ်ကလေးလေးတွေအတွက် ဘာသာစကားက သူတို့ရဲ့ စိတ်ခံစားမှုလေးတွေပါပဲ။ ကလေးကို အစိုးရိမ်လွန်ပြီး တားမြစ်တာတွေများနေရင် သူတို့လေးတွေရဲ့ စူးစမ်းလိုစိတ်၊ သင်ယူလိုစိတ်ကို လျော့နည်းစေပါတယ်။

၂။ အသက် (၅) နှစ်ကနေ (၁ဝ) နှစ်အတွင်းဆိုရင်

ဒီအရွယ်ကလေးတွေကို တိဘက်မိဘတွေက “ကျွန်” လို ပြောဆိုဆက်ဆံပါတယ်။ ဒါပေမဲ့ ရက်စက်ခက်ထန်စွာတော့ မဆက်ဆံကြပါဘူး။ ဒီအရွယ်မှာ ကလေးတွေရဲ့ ဉာဏ်ရည်နဲ့ ဆက်စပ်တွေးခေါ်မှုတွေက ဖွံ့ဖြိုးလာပြီး အနာဂတ်ကိုယ်ရည်ကိုယ်သွေးတွေကို ရေးရေးလေးမြင်လာရပါပြီ။ ဒီအရွယ်မှာ ကလေးလေးတွေအတွက် ပန်းတိုင်သေးသေးလေးတွေ သတ်မှတ်ပေးပြီး သူတို့ကို ရအောင်လုပ်ခိုင်းပါတယ်။ ။ ပြီးတော့ ကိုယ့်ရဲ့ ပန်းတိုင်ကို အရမယူနိုင်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေကိုလည်းပြောပြထားတယ်။ ဒါကြောင့် ကလေးတွေမှာ တာဝန်ယူစိတ်တွေ ရှိလာတယ်။ ဒီအရွယ်မှာ ကလေးတွေကို ခိုင်းသာခိုင်းပါ။ သူတို့ကောင်းကောင်း လုပ်နိုင်သလို သင်ယူတတ်လာမှာပါ။ ငယ်ငယ်က အလိုလိုက်ထားသမျှ ဒီအချိန်မှာ ကောင်းကောင်းမထိန်းကွပ်နိုင်ရင် ကလေးဆိုးလေးတွေ ဖြစ်သွားတတ်ပြီး တာဝန်သိစိတ်မရှိသူ၊ တာဝန်မယူတတ်သူလေးတွေ ဖြစ်သွားတတ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ အသက် (၁ဝ) နှစ်ကနေ (၁၅) နှစ်အတွင်းဆိုရင်

        ဒီအရွယ်ကလေးတွေကို တန်းတူညီမျှ ဆက်ဆံတယ်။ မိဘတွေမှာ ဘဝအတွေ့အကြုံတွေ၊ ဗဟုသုတတွေ ရှိနေပါတယ်။ ဒါတွေကို ကလေးတွေနဲ့ မျှဝေပါ။ သူတို့သိထားသမျှလေးတွေ၊ အတွေ့အကြုံလေးတွေကို တန်းတူညီမျှ မျှဝေပါ။ ပြီးတော့ အမြင်တွေကို မျှဝေပါ။ လူရာသွင်းပြီး ဆက်ဆံပါ။ သူတို့ရဲ့ အမြင်တွေကိုလည်း နားထောင်ပေးပါ။ ဒီလိုမှမဟုတ်ရင် မိဘနဲ့ သားသမီးကြား ဆက်ဆံရေးမကောင်းတာတွေ ဖြစ်စေနိုင်ပြီး ကလေးတွေ လမ်းမှားရောက်သွားစေနိုင်ပါတယ်။ ပြီးတော့ ကိုယ်ပိုင်တွေးခေါ်မှုမရှိဘဲ သူများပြောတိုင်းယုံတတ်တဲ့ကလေးတွေ ဖြစ်သွားစေနိုင်ပါတယ်။

၎။ အသက် (၁၅ ) နှစ်နောက်ပိုင်းဆိုရင်

ကလေးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ စရိုက်လက္ခဏာက ဒီအရွယ်မှာ ကောင်းကောင်းရုပ်လုံးပေါ်လာပါပြီ။ သူတို့ရဲ့ အတွေးအမြင်လေးတွေ၊ အမူအကျင့်လေးတွေကို အသိအမှတ်ပြုပြီး လေးစားဖို့ လိုလာပါပြီ။ ဒီလိုဆိုရင် သူတို့လေးတွေဟာ အမှီအခိုကင်းစွာ ရပ်တည်တတ်လာမယ်၊ ပြီးတော့ မိဘနဲ့ တခြားသူတွေအပေါ်မှာလည်း လေးစားမှုထားလိမ့်မယ်။

ဒီနည်းလမ်း (၄) ခုနဲ့ ပတ်သက်ပြီး သင်ဘယ်လိုထင်လဲ။ Comment box မှာ ထင်မြင်ချက်လေးတွေ ဝေမျှခဲ့ပါဦးနော်။