သာယာတဲ့အချစ်ရေးဖြစ်ဖို့ သင့်ချစ်သူကို ကိုယ်ပိုင်လွတ်လပ်ခွင့်လေးတွေ ပေးလိုက်ပါ။

blank

ဂန္ထဝင်စာချစ်သူတို့ရေ…

အများစုကတော့ မိမိတို့ချစ်သူတွေက ကိုယ်ပိုင်လွတ်လပ်ခွင့်တချို့တောင်းဆိုတဲ့အခါ စိုးရိမ်မိတတ်ကြပါတယ်။ မိမိထက် တခြားသူကို ပိုတွယ်တာသွားမှာ၊ မိမိဆီပြန်မလာတော့မှာကို တွေးကြောက်ပြီး ပိုချုပ်ချယ်မိကြပါတယ်။ ချုပ်ချယ်တဲ့အတွက် ကိုယ်ပိုင်အခွင့်အရေးရအောင် တောင်း ဆိုရင်း ပြဿနာတွေတက်ပြီး တစ်ချို့အချစ်ရေးတွေဆိုရင် နာကျင်စရာနဲ့ အဆုံးသတ်ကြရပါတယ်။

တကယ်တော့ ချစ်သူကို ထိုက်သင့်တဲ့လွတ်လပ်ခွင့်ပေးတာက စိုးရိမ်ပူပန်စရာကိစ္စမဟုတ်ပါ ဘူး။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

လိုအပ်လာတဲ့အခါ ချစ်သူကိုကိုယ်ပိုင်လွတ်လပ်ခွင့်ပေးခြင်းက နှစ်ဦးကြားက ပိုကောင်းတဲ့နား လည်မှုနဲ့ ဆက်ဆံရေးသာယာမှုကိုတောင် အများကြီးအထောက်အကူပြုပါသေးတယ်။ လူတစ် ယောက်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အချိန်ကောင်းကောင်းရှိခြင်းဟာ သူတို့ကိုယ်သူတို့ဘယ် လိုလူဆိုတာ သိမြင်ဖို့၊ သူတို့စိတ်ကူးအိပ်မက်လေးတွေကို စဉ်းစားဖို့ အခွင့်အရေးဖြစ်ပါတယ်။ ဒါက လူတစ်ယောက်ရဲ့ဘဝမှာ နေပျော်ကျေနပ်ဖို့ လိုအပ်တဲ့အခြေအနေတစ်ခု ဖြစ်ပါတယ်။ လွတ်လပ် ခွင့်ပေးတဲ့ မိမိချစ်သူအပေါ်လည်း ပိုပြီးနားလည်တွယ်တာမိစေပါတယ်။

တစ်ဖက်ကကြည့်ရင်လည်း ချစ်သူအပေါ် ယုံကြည်မှုအပြည့်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ပေးခြင်း အားဖြင့် ချစ်သူဆီကတုံ့ပြန်တဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ ယုံကြည်မှုကိုလည်း ပြန်လည်ရရှိနိုင်ပါတယ်။

နားလည်မှုအပြည့်နဲ့ သာယာတဲ့အချစ်ရေးကို ပိုင်ဆိုင်နိုင်စေဖို့ ချစ်သူကိုလည်း mention ခေါ် ပြီး မျှဝေလိုက်ပါဦးနော်။