ဒီရာသီဖွားတွေက အချစ်နဲ့ပတ်သက်ရင် ဒီလိုသဘောထားလေးတွေရှိကြပါတယ်။

blank
၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

ကုမ်ရာသီဖွားတွေဟာ အလုပ်ကို နံပါတ်တစ်နေရာထားတတ်တာကြောင့် ချစ်သူကို သိပ်အ ချိန်မပေးနိုင်ပါဘူး။ ဒါကြောင့် သူတို့ကို ချစ်သူအဖြစ် ရွေးချယ်မယ်ဆိုရင် သူတို့ဟာ နှစ်ယောက်သား ရဲ့အနာဂတ်အတွက် ကြိုးစားနေတယ်ဆိုတာကို နားလည်ပေးမှ အဆင်ပြေနိုင်မှာပါ။ အပြောထက် အ ပြုအမူတွေကို ပိုအာရုံစိုက်တတ်သူတွေမို့ ကတိမတည်မှာတော့ မပူရပါဘူး။

၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ချစ်သူနဲ့ပတ်သက်လာရင် ကဗျာဆန်ဆန်အနုအလှလေးတွေနဲ့ ဖွဲ့နွဲ့ချစ်တတ်ပြီး မျက်ရည် လွယ်သူတွေဖြစ်ပါတယ်။ အစစအရာရာ ချစ်သူကို ဦးစားပေးတတ်ပြီး ချစ်သူစိတ်ချမ်းသာမှုကို ရှေ့ရှု တတ်ပါတယ်။ ယုယုယယနဲ့ ချစ်တတ်သူတွေဖြစ်တာကြောင့် သူတို့ကို ချစ်သူအဖြစ် ရွေးချယ်ရင် စိတ် ချမ်းသာရတာများပါတယ်။

၃။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

ချစ်သူရဲ့ ဆန္ဒကို အလေးပေးဂရုစိုက်တတ်သူဖြစ်ပါတယ်။ ချစ်သူရဲ့ဘဝကို အလွန်စိတ်ဝင် စားတယ်။ မေးခွန်းတွေ အများကြီးမေးတတ်တယ်။ သူတို့ကိုယ်သူတို့ထက် ချစ်သူအပေါ် အာရုံစိုက် တတ်တာကြောင့် လွတ်လွတ်လပ်လပ်နေချင်သူအတွက်ဆိုရင်တော့ အတန်ငယ်စိတ်ကြဉ်းကြပ်ရ တတ်ပါတယ်။

၎။ ပြိဿရာသီဖွား (Taurus )
ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ      

ချစ်သူကို ကာကွယ်စောင့်ရှောက်လိုစိတ်ကြီးမားတဲ့ ရာသီဖွားတွေ ဖြစ်ပါတယ်။ စိတ်မချ စိတ်လည်း များတာကြောင့် သူတို့ကို ချစ်သူအဖြစ် ရွေးချယ်မယ်ဆိုရင်တော့ ရန်ဖြစ်လိုက် ပြန် ချစ်လိုက်အချစ်ရေးဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ သစ္စာတရားကို အလေးထားတဲ့ရာသီဖွားတွေမို့ ရေရှည်တည်တံ့မယ့်အချစ်ရေးပါပဲ။

၅။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

အချစ်နဲ့ပတ်သက်ရင် ရိုးသားပွင့်လင်းတဲ့ ရာသီဖွားတွေဖြစ်ပါတယ်။ သူတို့ဟာ စောင့်ဆိုင်းရ တာတွေကို စိတ်မရှည်ပါဘူး။ ပြတ်သားပြီဆိုရင်လည်း နောက်ပြန်လှည့်မကြည့်တဲ့ ရာသီဖွားတွေဖြစ် တာမို့ သူတို့ကို ချစ်သူအဖြစ်ရွေးချယ်မယ်ဆိုရင် သူတို့စိတ်နာစေမယ့် အပြုအမူတွေ ရှောင်ကြဉ်ဖို့ လို ပါတယ်။

၆။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ချစ်သူကို ရယ်မောပျော်ရွှင်စေတဲ့ရာသီဖွားတွေ ဖြစ်ပါတယ်။ သူတို့တွေဟာ ဆွဲဆောင်မှု ရှိ တယ်။ နိုးနိုးကြားကြားနေတတ်တယ်။ တော်ရုံနဲ့လည်း မချစ်တတ်သလို ချစ်တတ်ရင်လည်း တစ် ယောက်ဆိုတစ်ယောက် စွဲစွဲမြဲမြဲချစ်တတ်ကြသူတွေမို့ သူတို့ကို ချစ်သူအဖြစ် ရွေးချယ်မယ်ဆိုရင် ဂရုမစိုက်မှာတော့ မပူရပါဘူး။

၇။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ချစ်သူကို အပြည့်အဝကာကွယ်ပေးချင်တဲ့ အားကိုးရသူတွေပါ။ အတ္တနည်းနည်းကြီးပေမဲ့ ချစ် သူအပေါ်တော့ အလိုလိုက်ဦးစားပေးတတ်ပါတယ်။ တစ်ခါတရံ တစ်ယောက်တည်းနေရတာ ကြိုက် တာကြောင့် ချစ်သူဘက်ကကြည့်ရင် သွေးအေးသွားသလားလို့ အထင်လွဲရပါတယ်။ ဒါပေမဲ့ တကယ် ချစ်တဲ့သူအပေါ် သစ္စာရှိတဲ့ရာသီဖွားတွေပါ။

၈။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

အပေါ်ယံတွေကို မနှစ်သက်တာကြောင့် ချစ်သူနဲ့ပတ်သက်ရင်လည်း သွေးအေးအေးနေတတ် သူတွေလို့ အထင်ခံရတတ်တဲ့ ရာသီဖွားတွေပါ။ ဒါပေမဲ့ အတွင်းစိတ်မှာ ချစ်သူအပေါ် တခြားသူတွေ ထက် စိတ်ပူတတ်ပြီး အသေးစိတ်ကအစ ဂရုစိုက်နားလည်ပေးတတ်သူတွေမို့ ချစ်သူအဖြစ် ရွေးချယ်မယ်ဆိုရင် ပျော်ရွှင်ရမယ့်သူတွေပါ။

၉။ တူရာသီဖွား (Libra)
စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

စည်းစနစ်ကြီးပြီး စာအုပ်ကြီးသမားတွေဖြစ်တာကြောင့် ချစ်သူအပေါ်လည်း အတန်ငယ် ဆရာလုပ်တတ်ကြပါတယ်။ အပြောမချိုပေမဲ့ စိတ်ထားကောင်းသူတွေမို့ ချစ်သူရဲ့ မိသားစုနဲ့လည်း အဆင်ပြေအောင် နေတတ်ကြတယ်။ ရှေ့ရေးအတွက် ကြိုတင်စီမံတတ်သူတွေမို့ သူတို့ကို ချစ်သူ အဖြစ် ရွေးချယ်မယ်ဆိုရင် နောင်ရေးအတွက် စိတ်အေးစရာပါပဲ။

၁ဝ။ ဗြိစ္ဆာရာသီဖွား(Scorpio)       
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

သစ္စာတရားကို အလေးထားပြီး ထိရှနာကျင်လွယ်သူတွေပါ။ အချစ်ရေးနဲ့ပတ်သက်လာရင် စိုးရိမ်ပူပန်မှုတွေ၊ အားငယ်မှုတွေရှိတတ်တာကြောင့် သူတို့နဲ့စကားပြောတဲ့အခါ သတိထားရပါတယ်။ ဂရုစိုက်ခံရမှုကိုလည်း သဘောကျတာကြောင့် ချစ်တတ်တဲ့သူတွေနဲ့ဆို အဆင်ပြေပါတယ်။

၁၁။ ဓနုရာသီဖွား (Sagittarius )
နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

ချစ်သူနဲ့ပတ်သက်ရင် အရာရာကို လုပ်ပေးချင်တဲ့စေတနာရှင်ကြီးဖြစ်ပါတယ်။ ခရီးအတူသွား ရတာတွေ ကြိုက်တယ်။ ချစ်သူကို ရယ်မောပျော်ရွှင်အောင်ပြုလုပ်ပေးတတ်တယ်။ ချစ်သူ အဆင်မပြေ တဲ့အခါလည်း မျှဝေခံစားပေးတတ်တယ်။ သူတို့ကို ချစ်သူအဖြစ် ရွေးချယ်မယ်ဆိုရင်တော့ စိတ်ချမ်း သာရမှာပါ။

၁၂။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

အနာဂတ်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တတ်တဲ့ ရာသီဖွားတွေဖြစ်ပါတယ်။ သူတို့တွေဟာ ချစ်သူ နဲ့အတူနေရမယ့် အနာဂတ်အတွက် အစီအစဉ်တွေ ကြိုတင်ချမှတ်ထားတတ်တယ်။ တည်ငြိမ်ပြီး စနစ် ကျတယ်။ ချစ်သူဘေးမှာရှိနေရင် ဘာမဆိုရင်ဆိုင်ရဲသူတွေဖြစ်တာကြောင့် သူတို့ကို ချစ်သူအဖြစ်ရွေး ချယ်မယ်ဆိုရင်တော့ အားကိုးရမှာသေချာပါတယ်။

ကဲ… သင့်အသည်းတစ်ခြမ်းကကော ဘာရာသီဖွားလဲဆိုတာ comment မှာ ရေးခဲ့ပါဦးနော်။