ခေတ်မီသူတိုင်းအတွက် နောက်ဆုံးပေါ် အချစ်ရေးမှာတမ်း

blank

၁။ သင်နဲ့ထိုက်တန်တဲ့ တန်ဖိုးကို မပေးအပ်တဲ့လူတစ်ယောက်ကြောင့် တန်ဖိုးကြီးတဲ့ သင့်ကိုယ်သင် ဈေးမချလိုက်ပါနဲ့။

၂။ နှလုံးသားကို ဇရပ်လိုသဘောထားတဲ့ လူတစ်ယောက်ကြောင့် နှလုံးသားရဲ့ တန်ဖိုးမလျော့ကျပါစေနဲ့။

၃။ အချစ်ရေးအဆင်မပြေတာနဲ့ပဲ ဘဝရဲ့ အခြားကဏ္ဍတွေကို အမှောင်ချပိတ်ပင်တာမျိုး မလုပ်လိုက်ပါနဲ့။

၎။ သစ္စာဖောက်သွားတဲ့ ချစ်သူကို မခွဲနိုင်တာလေးတစ်ခုနဲ့ ကိုယ့်ဘဝထဲ ပြန်မဝင်မခံပါနဲ့။

၅။ တန်ဖိုးမရှိတဲ့ ယောကျာ်းတစ်ယောက်ကြောင့် သင်ဆိုးထားတဲ့ တန်ဖိုးကြီး mascar ပျက်အောင် မငိုပါနဲ့။

၆။ သင့်အတွက် အချိန်လုံးဝမပေးနိုင်လောက်အောင် အလုပ်များနေတတ်သူအတွက် သင့်ရဲ့အချိန်အားလုံးကို ပုံအပ်မပေးထားပါနဲ့။

၇။ တစ်ခဏတာ သာယာမှုလိုချင်လို့ သင့်ကိုတွယ်ကပ်နေတဲ့ လူတစ်ယောက်ကြောင့် တစ်ဘဝစာ တန်ဖိုးတွေကို မကျဆင်းပါစေနဲ့။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၈။ ချစ်သူကို အရာရာဖြည့်ဆည်းပေးရင်း ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့အရာတွေကို မစတေးလိုက်ပါနဲ့။

၉။ သာယာအဆင်ပြေစေဖို့ မိမိတစ်ဖက်တည်း ကြိုးစားနေရတဲ့ အချစ်ရေးတစ်ခုကြောင့် နှလုံးသားခွန်အားတွေ မကုန်ဆုံးပါစေနဲ့။

ကြိုက်နှစ်သက်တယ်ဆိုရင် ဝေမျှပေးလိုက်ပါဦးနော်။