Relationship တစ်ခုအဆင်ပြေဖို့ အတူတူရယ်ကြစို့

blank

          Relationship တစ်ခု အောင်အောင်မြင်မြင်တည်ဆောက်ချင်တယ်ဆိုရင် အဆင်မပြေမှုတွေ၊ ငြင်းခုံမှုတွေကို အဆင်ပြေပြေကျော်လွှားနိုင်ဖို့လိုပါတယ်။ Relationship တစ်ခုမှာ သဘောထားမတိုက်ဆိုင်မှုတွေ ပြဿနာတွေဝင်ရောက်လာပြီဆိုရင် အဆင်ပြေပြေကျော်ဖြတ်နိုင်ဖို့ အကောင်းမြင်စိတ်လေးတွေနဲ့ ဟာသလေးတွေက ကူညီပေးနိုင်တယ်တဲ့ စာချစ်သူတို့ရေ… ဒါကြောင့် Relationship တစ်ခုသာယာဖို့ ဟာသလေးတွေက ဘာတွေစွမ်းဆောင်ပေးနိုင်လဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်နော်။

၁။ ရယ်စရာလေးတွေဟာ ကျန်းမာရေးနဲ့ စိတ်ပျော်ရွှင်မှုသာမက လူတွေကိုပိုပြီး နီးစပ်စေတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးအတူတူ ရယ်မောခြင်းအားဖြင့် နှလုံးသားနှစ်ခုကို ပိုမို နီးစပ်စေပြီး ရင်ခုန်သံတွေကို ထပ်တူကျစေပါတယ်။

၂။ သဘောထားမတိုက်ဆိုင်ဖြစ်နေတဲ့ကာလမှာ ရယ်စရာလေးတစ်ခုက စိတ်တွေကို ညှိပေးနိုင်ပါတယ်။ ဒါကြောင့် ဟာသလေးတွေပြောပေးတာဟာ relationship ရဲ့ အဖုအထစ်လေးတွေကို ပြေလျော့စေပါတယ်။

၃။ ချစ်သူနဲ့ အဆင်မပြေဖြစ်နေတဲ့အခါ ဟာသလေးတွေက တင်းမာနေတဲ့အခြေအနေတွေကို ပြေလျော့စေပြီး ဆက်ဆံရေးတွေကို ချောမွေ့စေပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ဟာသဉာဏ်ရှိခြင်းဟာ စိတ်ကိုပေါ့ပါးစေတဲ့အပြင် အတွေးတွေကို ရင့်သန်စေပြီး လူကိုတက်ကြွစေပါတယ်။ ဒါကြောင့် အေးတိအေးစက်ဖြစ်နေတဲ့အခြေအနေတွေမှာ အချစ်ရေးကို အသက်ဝင်စေဖို့ ချစ်သူကိုဟာသလေးတစ်ပုဒ်နဲ့ ရယ်မောစေပါ။

၅။ ဟာသတွေဟာ ပြဿနာတွေကြောင့် စိတ်ပူပင်ကြောင့်ကျမှုတွေကို လျော့ပါးစေပါတယ်။ ဒါကြောင့်လည်း မိန်းကလေးတွေက ပျော်ပျော်နေတတ်တဲ့ ကောင်လေးတွေကို ပိုပြီးသဘောကျတတ်ကြတာပေါ့။

ဒါကြောင့် စာချစ်သူတို့ရေ…

ချစ်သူနဲ့အတူ သာယာပျော်ရွှင်တဲ့ အချစ်ခရီးကို လျှောက်လှမ်းနိုင်ဖို့ ဟာသလေးတွေသာ များများစုထားလိုက်ဖို့ အကြံပေးပါရစေနော်။