ပြည့်စုံပျော်ရွှင်တဲ့ အချစ်ရေးရဲ့ အဓိကပါဝင်ပစ္စည်းလေးများ

blank

လူတိုင်း ပျော်ရွှင်သာယာပြီး ခိုင်မာတဲ့အချစ်ရေးကို လိုချင်ကြတာသဘာဝပါ။ ခိုင်မာပျော်ရွှင်တဲ့အချစ်ရေးကို ပိုင်ဆိုင်ဖို့ဆိုတာ ကိုယ်တိုင်ဖန်တီးယူရတဲ့အရာဖြစ်တာကြောင့် ပရိသတ်ကြီးအတွက် ပျော်ရွှင်သာယာတဲ့အချစ်ရေးလေးတစ်ခု ဖန်တီးရာမှာ သိထားသင့်တဲ့ အချစ်ရေးလျှို့ဝှက်ချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ အချစ်ရေးသာယာခိုင်မြဲလိုစိတ်

သာယာပျော်ရွှင်တဲ့အချစ်ရေးကို အတူတကွတည်ဆောက်နိုင်ဖို့ဆိုတာ နှစ်ဦးနှစ်ဖက်လုံးမှာ ဒီအချစ်ရေးနဲ့ပတ်သက်ပြီး သာယာကောင်းမွန်အောင် ကြိုးစားလိုစိတ်တွေရှိနေဖို့ လိုပါတယ်။ တစ်ယောက်က သာယာကောင်းမွန်အောင် ကြိုးစားနေပေမယ့် နောက်တစ်ယောက်က အပျက်ဘက်ကို ဦးတည်နေရင်တော့  အချစ်ရေးသာယာနိုင်မှာ မဟုတ်ပါဘူး။

၂။ အပြန်အလှန်လေးစားမှု

ဘယ်သူလာဖျက်ဖျက်မပျက်တော့တဲ့ အချစ်ရေးဆိုတာ အပြန်အလှန် လေးစားမှုနဲ့ ချစ်ခင်ကြင်နာမှု၊ နားလည်မှုတွေကို အချိုးကျကျ ပေါင်းစပ်ထားတဲ့အရာတစ်ခုပါ။

၃။ အပြန်အလှန်ပေးဆပ်မှု

ရန်ဖြစ်ငြင်းခုံတဲ့အခါ အလျှော့ပေးတာ၊ ချစ်သူကြည့်ချင်တဲ့ ဘောလုံးပွဲလေးလိုက်ကြည့်လိုက်တာမျိုး၊ ချစ်သူကြိုက်တဲ့ မနက်စာကို အတူတူစားတာမျိုးစတဲ့ အသေးစား ပေးဆပ်မှုတွေက ချစ်သူနှစ်ယောက်ကြား ချစ်ခြင်းတွေကို ပိုမိုခိုင်မာစေပါတယ်။  ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ခင်မင်ရင်းနှီးမှု

ချစ်သူတွေကြားမှာ အချစ်တွေချည်းမဟုတ်ဘဲ သူငယ်ချင်းတွေလို ခင်မင်ရင်းနှီးမှုမျိုးလည်းရှိဖို့ လိုအပ်ပါတယ်။ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေလို တစ်ယောက်အကြောင်း တစ်ယောက် သေသေချာချာသိပြီး၊ တိုင်ပင်နိုင်မယ်၊ အကြံဉာဏ်ပေးနိုင်မယ်၊ ရင်ဖွင့်နိုင်မယ်ဆိုရင်တော့ ပျော်ရွှင်ခိုင်မာတဲ့အချစ်ရေးကို တည်ဆောက်နိုင်ပြီပေါ့။

၅။ ထိတွေ့ယုယမှု

အကြင်နာပေးတာ၊ ပွေ့ဖက်တာ၊ လက်တွဲတာ ဒါလေးတွေက ချစ်ခြင်းတွေကို အမြဲတမ်းသာယာနေစေမယ့် အပြုအမူလေးတွေဖြစ်တာကြောင့် ပျော်ရွှင်ခိုင်မာတဲ့အချစ်ရေး တည်ဆောက်ရာမှာ လိုအပ်ပါတယ်။

၆။ လွတ်လပ်ခွင့်

တစ်ယောက်နဲ့တစ်ယောက် ချုပ်ကိုင်ထားတာတွေ၊ တားမြစ်ပိတ်ပင်တာတွေမလုပ်ဘဲ ယုံကြည်မှုနဲ့ လွတ်လပ်ခွင့်ပေးတာ၊ နားလည်ပေးတာကလည်း အချစ်ရေးအတွက် လိုအပ်ပါတယ်။ နေရာတကာ ချုပ်ချယ်နေတာမျိုးမလုပ်ပဲ နားလည်မှု၊ ယုံကြည်မှုတွေနဲ့ ပျော်စရာအချစ်ရေးလေး တည်ဆောက်နိုင်ပါတယ်။

၇။ ရိုးသားမှု

ရိုးသားမှုဆိုတာ အချစ်ရေးတစ်ခုရဲ့ အခြေခံအကြောင်းအရာဖြစ်တာကြောင့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ချစ်သူကို မုသားမပြောဘဲ အမှန်အတိုင်းပြောပါ။ အမှားတွေကို ခွင့်လွှတ်ပေးလို့ရပေမယ့် လိမ်ညာထားတာကို ချစ်သူသိသားတာက အချစ်ရေးတွေ အဖုအထစ်တွေဖြစ်စေပါတယ်။

၈။ ယုံကြည်မှု

ယုံကြည်မှုရဲ့ စွမ်းအားက ပြီးပြည့်စုံတဲ့အချစ်ရေးကိုတည်ဆောက်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ ဘေးစကားတွေကို မယုံဘဲ ကိုယ့်ချစ်သူကို ယုံကြည်မှုထားပါ။

၉။ စိတ်တူကိုယ်တူရှိမှု

ဘာလုပ်လုပ် စိတ်တူကိုယ်တူရှိတဲ့ စုံတွဲတွေ တော်တော်များများ တည်မြဲပျော်ရွှင်တဲ့ အချစ်ရေးကို ပိုင်ဆိုင်တတ်ကြတာကို တွေ့ရပါတယ်။ “အသွင်တူ၊ အိမ်သူဖြစ်” ဆိုတဲ့စကားလည်း ရှိနေတယ်မဟုတ်လား။

၁ဝ။ ပွင့်လင်းစွာ ပြောဆိုမှု

မကျေနပ်ခြင်းတွေကို မျိုသိပ်ပါများလာရင် နှလုံးသားကို ဆိုးဝါးစွာထိခိုက်စေနိုင်ပါတယ်။ ချစ်သူတွေပဲဖြစ်ပါစေ တစ်ယောက်နဲ့တစ်ယောက် မကျေနပ်မိတဲ့အခိုက်အတန့်လေးတွေ ရှိတတ်ပါတယ်။ အဲဒီအချိန်မှာ မျိုသိပ်မထားဘဲ ဖွင့်ပြောပြီး ပြင်ဆင်သင့်တာပြင်ဆင်ဖို့လိုပါတယ်။ ဒါမှ ခိုင်မာပျော်ရွှင်တဲ့အချစ်ရေးကို တည်ဆောက်နိုင်မှာပါ။

အချစ်ရေးမှာ သာယာပျော်ရွှင်ချင်တယ်ဆိုရင် ဒီအချက်လေးတွေကို အခြေခံပြီး သာယာခိုင်မာတဲ့အချစ်ရေးတစ်ခုကို ကိုယ်တိုင်တည်ဆောက်လိုက်ပါ။