သားသမီးတွေကို လူရည်မွန်ဖြစ်စေဖို့ ဒီလိုလေးတွေ သွန်သင်ဆုံးမပေးပါ

blank

၁။ တစ်ခုခုကို တောင်းဆိုတဲ့အခါမှာ “ကျေးဇူးပြုပြီး” ဆိုတဲ့စကားကို ပြောတတ်အောင်၊ အကူအညီ ဒါမှမဟုတ် တစ်ခုခုလက်ခံရရှိတဲ့အခါမှာ “ကျေးဇူးတင်ပါတယ်” ဆိုတဲ့ စကားကို ပြောတတ်အောင် သင်ပေးထားပါ။

၂။ လမ်းဖယ်ပေးဖို့ တောင်းဆိုတဲ့အခါ၊ အာရုံစိုက်မှုကို ရချင်တဲ့အခါတွေမှာ “တစ်ဆိတ်လောက် ခွင့်ပြုပါ” ဆိုတဲ့စကားကို ပြောတတ်အောင် သင်ပေးထားပါ။

၃။ စကားဖြတ်မပြောဖို့ သင်ထားပေးပါ။ တစ်ဖက်လူပြောနေတဲ့စကားဆုံးမှ ကိုယ်ပြောချင်တဲ့စကားကို ပြောဖို့ သင်ထားပါ။

၎။ လူတစ်ယောက်ရဲ့ စရိုက်လက္ခဏာနဲ့ ပုံပန်းသွင်ပြင်နဲ့ ပတ်သက်ပြီး အပျက်သဘောဆောင်တဲ့ ဝေဖန်စကားတွေပြောတာက သိပ်ရိုင်းတဲ့အပြုအမူဖြစ်တယ်ဆိုတဲ့အကြောင်း ပြောပြထားပါ။

၅။ သူများပစ္စည်းကို ငှားတဲ့အခါ၊ ယူသုံးတဲ့အခါမှာ ပိုင်ရှင်သိအောင် ခွင့်တောင်းပြီးမှ ယူသုံးဖို့ သင်ထားပေးပါ။

၆။ ကျေးဇူးသိတတ်တဲ့စိတ်လေးတွေရှိအောင် လေ့ကျင့်ပျိုးထောင်ပေးပါ။

၇။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အပြုအမူလေးတွေ သင်ထားပေးပါ။ ချောင်းဆိုးနှာချေရင် ပါးစပ်ကို အုပ်ဖို့၊ နှပ်ညစ်ရင် တစ်ရှူးသုံးဖို့၊ လူပုံအလယ်မှာ နှာခေါင်းမနှိုက်ဖို့ မှာကြားပါ။

၈။ တစ်စုံတစ်ယောက်က “နေကောင်းလား” လို့ မေးရင် ယဉ်ကျေးစွာ ပြန်ဖြေတတ်ဖို့၊ ပြီးရင် မေးတဲ့သူကို “နေကောင်းလား” လို့ ပြန်ပြီး မေးဖို့ သင်ပေးထားပါ။

၉။ သူတစ်ပါးရဲ့ ကိုယ်ရေးကိုယ်တာကို လေးစားဖို့သင်ထားပေးပါ။ ဘယ်အခန်းကို ဝင်ဝင် အရင်ဆုံးတံခါးခေါက်ဖို့၊ ကိုယ်နဲ့မဆိုင်တဲ့ သူများကိစ္စတွေကို စပ်စပ်စုစုမလုပ်ဖို့ သင်ထားပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၁ဝ။ ထမင်းစားပွဲမှာ လိုက်နာသင့်တဲ့ ကျင့်ဝတ်လေးတွေကို သိအောင်ပြောပြထားပါ။ ထမင်းစားပွဲမှာ သူများကဲ့ရဲ့စရာ အပြုအမူတွေမလုပ်အောင်လည်း သင်ထားပေးပါ။

၁၁။ ကြုံကြိုက်လာရင် သူတစ်ပါးအတွက် တံခါးဖွင့်ပေးပြီး အရင်ဝင်ထွက်နိုင်အောင် ဦးစားပေးဖို့၊ တစ်စုံတစ်ယောက်က ကိုယ့်အတွက်တံခါးဖွင့်ပေးထားပြီး ဦးစားပေးတဲ့အခါမှာလည်း ကျေးဇူးတင်စကားပြောဖို့ သင်ထားပေးပါ။

၁၂။ ကစားပြီးချိန်၊ အစားမစားခင်နဲ့ အစားစားပြီးချိန်တွေမှာ ကိုယ်တိုင်သန့်ရှင်းရေးလုပ်တတ်ဖို့ သင်ထားပေးပါ။

၁၃။ နိုင်ငံတော်သီချင်းကြားတဲ့အခါ၊ နိုင်ငံတော်အလံကို အလေးပြုတဲ့အခါတွေမှာ မတ်တပ်ရပ်၊ ဦးထုပ်ချွတ်ပြီး အလေးပြုဖို့ သင်ထားပေးပါ။

၁၄။ သိကျွမ်းသမျှလူတွေရဲ့ နာမည်တွေကို မှတ်သားနိုင်အောင် ကြိုးစားပြီး သူတို့တွေနဲ့ စကားပြောတဲ့အခါ နာမည်ခေါ်ပြီးစကားပြောဖို့ သင်ထားပေးပါ။ ဒီလို နာမည်ခေါ်ပြီး စကားပြောတာက ရင်းနှီးမှုကို ပိုမိုခိုင်မာစေပါတယ်။

၁၅။ အမှိုက်ကို တွေ့ကရာမပစ်ဖို့ သင်ထားပေးပါ။ ကိုယ့်ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကို သန့်ရှင်းလှပနေအောင် ထိန်းသိမ်းဖို့လိုကြောင်း ပြောပြထားပါ။

၁၆။ အနိုင်အရှုံးကို ပဓာနမထားဘဲ ယှဉ်ပြိုင်ဖို့ကို အဓိကထားတဲ့ အားကစားစိတ်ဓာတ်လေး သွင်းပေးပါ။

၁၇။ ဘယ်သူ့အိမ်ကိုပဲသွားသွား၊ ဘယ်နေရာပဲသွားသွား ဖိနပ်ချွတ်ရမယ်ဆိုရင် ချွတ်ကိုချွတ်ဖို့ မှာကြားထားပါ။

မိဘတွေအားလုံး သိထားသင့်တဲ့အချက်လေးတွေဖြစ်တာကြောင့် SHARE လိုက်ပါဦးနော်။