သားသမီးတွေရဲ့ ဘဝအရုဏ်တက်ချိန်ကို လင်းစေခဲ့သော မိခင်မေတ္တာ

blank

မိခင်ဆိုတာ ကျွန်မတို့ဘဝရဲ့ ရတနာတစ်ပါးဆိုရင် မမှားပါဘူး။ ဘယ်နေရာ၊ ဘယ်အချိန်ပဲရောက်ရောက် မိခင်ဆိုတာ သားသမီးတွေအတွက် အမြဲတမ်းရှိနေပါတယ်။ မိခင်တွေဆိုတာ ကျွန်မတို့ ဒီလောကကြီးကို စတင်ဝင်ရောက်လာခဲ့တဲ့နေ့ကတည်းကစလို့ ကျွန်မတို့နားမှာရှိနေပေးပြီး ကျွန်မတို့ကို အသိဆုံး၊ နားလည်အပေးနိုင်ဆုံး လူသားပါပဲ။

မိခင်တွေက သားသမီးတွေအပေါ်ထားတဲ့ မေတ္တာမပြောင်းလဲပေမဲ့ သားသမီးတွေက မိဘတွေအပေါ်ထားတဲ့ မေတ္တာတွေကတော့ ပြောင်းလဲတတ်တာကို တွေ့ရပါတယ်။ ဒါကို မငြင်းပါနဲ့။ အသက် (၇) နှစ်အရွယ်ကလေးငယ်တစ်ယောက်ရဲ့ မိခင်အပေါ်ထားတဲ့ အားကိုးချစ်ခင်စိတ်နဲ့ အရွယ်ရောက်သားသမီးတစ်ယောက်ရဲ့ မိခင်အပေါ်ချစ်တဲ့အချစ်ဟာ မတူနိုင်ဘူးမဟုတ်လား။ ချစ်ခြင်းပမာဏချင်းတူရင်တောင် ချစ်ပုံချစ်နည်းချင်းက မတူတော့ပါဘူး။ ဒါပေမဲ့ မိခင်တွေရဲ့ အမြင်မှာတော့ သားသမီးဆိုတာ ဘယ်အရွယ်ရောက်ရောက် ကလေးငယ်လေးတွေလိုပါပဲ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလို ခံစားချက်တွေ၊ မိခင်မေတ္တာတွေကို ကျွန်မတို့ကိုယ်တိုင် မိဘနေရာရောက်ရင် နားလည်လာပါလိမ့်မယ်။ မိခင်တွေကို နားလည်ပေးဖို့၊ မိခင်တွေရဲ့ စိတ်ကိုသိဖို့၊ မိခင်တွေရဲ့ အံ့သြစရာ ချစ်ခြင်းမေတ္တာတွေကို အသိအမှတ်ပြုဖို့လိုပါတယ်။ သားသမီးတွေရဲ့ ငယ်ဘဝကို လှပပြည့်စုံဖို့ အစွမ်းကုန်ကြိုးစားပေးခဲ့တဲ့မိခင်တွေကို သူတို့အိုမင်းချိန်မှာ အပျော်ရွှင်ဆုံးနဲ့ အနွေးထွေးဆုံးဖြစ်အောင် သားသမီးတွေက ကြိုးစားပေးသင့်တယ် မဟုတ်လား။

ဒီလိုပြောလို့ မိခင်တွေပဲ မေတ္တာတရားကြီးမားတယ်လို့ ပြောတာမဟုတ်ဘူးနော်။ ဖခင်တွေမှာလည်း မိခင်တွေထက်မသာအောင်၊ မယုတ်လျော့တဲ့ မေတ္တာတရားနဲ့ သားသမီးတွေအပေါ်မှာ ချစ်ကြပါတယ်။ ဒါပေမဲ့ အမြဲတမ်းအတူတူရှိနေတတ်တဲ့ မိခင်နဲ့သားသမီးကြားက ဆက်နွယ်မှုလောက်ထိတော့ ဘယ်ဆက်နွယ်မှုမျိုးကမှ မခိုင်မာပါဘူး။ မိခင်မေတ္တာက ဘယ်လောက်နက်ရှိုင်းတယ်ဆိုတာကို နားလည်ပြီး မိဘကျေးဇူးသိတတ်တဲ့သားသမီးဟာ ဘယ်တော့မှ စိတ်မဆင်းရဲရပါဘူး။ ဒါကြောင့် မိဘကျေးဇူးကို သိတတ်ပါ။ မိခင်မေတ္တာကို နားလည်ပါ။

ဘာလို့လဲဆိုတော့ အမေတွေသာမရှိရင် သားသမီးတွေဆိုတာ ဘာမှမဟုတ်တော့ဘူးလေ။

သင့်မေမေကိုချစ်တယ်ဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါ။