လျစ်လျူရှုရင် အန္တရာယ်ရှိနိုင်တဲ့ကလေးတွေရဲ့အပြုအမူပုံစံ ၇-မျိုး

blank

“ မိဘ” ဖြစ်ရတဲ့ဘဝက သိပ်ကိုအားကျပျော်ရွှင်စရာပါ။ ဒါပေမဲ့ သားသမီးရှိတဲ့မိဘတိုင်း သိ ထားကြတာကတော့ အဲ့ဒီအားကျပျော်ရွှင်ဖွယ်ဘဝဖြစ်ဖို့ဆိုတာ ထင်သလောက်အမြဲတမ်းမလွယ်ကူ ဘူးဆိုတာပါပဲ။ သားသမီးတွေ လိမ္မာယဉ်ကျေးစွာ၊ ပညာတတ်ကြီးတွေဖြစ်စွာ၊ အဘက်ဘက်က ကောင်းမွန်စွာနဲ့ အရွယ်ရောက်လာဖို့ဆိုရင် စိုက်ထုတ်ရတဲ့ လူအား၊ ငွေအား၊ အချိန်အားတွေလည်း မနည်းလှပါဘူး။ ဒါကြောင့် ချစ်စရာသားသားမီးမီးတွေပိုင်ဆိုင်ထားကြတဲ့ ဂန္ထဝင်စာချစ်သူမိဘများကို ကလေး တွေရဲ့ဘဝအတွက် ပြဿနာရှိတဲ့အမူအကျင့်များနဲ့ အဲ့ဒီအမူအကျင့်တွေအတွက် ဖြေရှင်း နည်းလေးတွေကို ရေးသားတင်ဆက်လိုက်ပါတယ်ရှင်။

၁။ ပြဿနာ – တခြားသူတွေရဲ့မဟုတ်မမှန်တဲ့လုပ်ရပ်တွေကို နှုတ်ဆိတ်ဖုံးကွယ်ထားခြင်း။

ဖြေရှင်းနည်း – နှုတ်ဖွာခြင်းနဲ့ ဖြောင့်မတ်ခြင်းကြားက ကွာခြားမှုကို ကလေးနားလည်အောင်ရှင်းပြပါ။ ကလေးပြောတာကို နားထောင်တဲ့အခါ တည်ငြိမ်မှုရှိဖို့လိုအပ်ပြီး ဝေဖန်အကဲဖြတ်ခြင်းကို ရှောင်ပါ။ ကလေးအပေါ် နားလည်ပေးနိုင်အောင် ကြိုးစားပါ။ ဒါမှသာ မိဘနဲ့သားသမီးအနေနဲ့ ပြဿနာအတူတူ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ရှာတွေ့မှာ ဖြစ်ပါတယ်။

၂။ ပြဿနာ – မောင်နှမချင်းယှဉ်ပြိုင်ခြင်း။

ဖြေရှင်းနည်း – ပြဿနာရဲ့အရင်းအမြစ်ကို ရှာဖွေပါ။ မောင်နှမချင်း တစ်ဦးနဲ့တစ်ဦးနာကျင်မှုမပေး အောင် တားဆီးပါ။ မိသားစုဆိုတာ စစ်မှန်တဲ့အသင်းအဖွဲ့ဆိုတာ ကလေးစိတ်ထဲခံစားမိအောင် ကူညီ ပါ။ ငြင်းခုံမှုတွေကို တရားမျှတစွာဖြေရှင်းပေးပါ။ မောင်နှမချင်းအပြန်အလှန်လေးစားခြင်းရဲ့ အရေးကြီး ပုံကို ရှင်းပြပါ။ ကလေးတစ်ယောက်ချင်းစီကို အချိန်ပုံမှန်ပေးနိုင်အောင် ကြိုးစားပါ။ ဒါဟာ မိသားစု ကြားက ချစ်ခင်စည်းလုံးမှုဖြစ်ပေါ်အောင် ကူညီရာလည်းရောက်ပါတယ်။

၃။ ပြဿနာ – ခိုးဝှက်ခြင်း။

ဖြေရှင်းနည်း – လူတစ်ယောက်ရဲ့ဘဝမှာ အကျင့်စာရိတ္တကောင်းမွန်အောင်နေခြင်းက သိပ်အရေးပါပါ တယ်။ ကလေးက ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ခုကို ခိုးယူလာတယ်ဆိုရင် ဒါဟာ မလုပ်အပ်တဲ့ ကိစ္စဆိုတာ တည်တည်ငြိမ်ငြိမ်နဲ့ ရှင်းပြပါ။ ပစ္စည်းကို ပိုင်ရှင်ထံပြန်ပေးပြီး တောင်းပန်ခိုင်းပါ။ ဆိုဆုံးမ တဲ့ကြားက ဆက်လက်ခိုးဝှက်နေဆဲဆိုရင် စိတ်ပညာရှင်အကူအညီယူပြီး အဖြေရှာပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ပြဿနာ– သူတစ်ဖက်သားရဲ့သဘောထားကို မထီလေးစားလုပ်ခြင်း။

ဖြေရှင်းနည်း – ဒီအပြုအမူလုပ်ရခြင်းအကြောင်းရင်းကို အဖြေရှာပါ။ ကလေးကို ခံစားချက်နဲ့စိတ်ဆန္ဒ တွေဖော်ပြဖို့ မှန်ကန်တဲ့နည်းလမ်းတွေ သင်ကြားပေးပါ။ အဲ့ဒီအပြုအမူကို ကလေးက ဆက်လက်ဆုပ် ကိုင်ထား နေမယ်ဆိုရင် ကလေးရဲ့ဘဝမှာ ပျော်ရွှင်ဖို့အထူးအခွင့်အရေးကို အဝေးကို လွှင့်ပစ်ခိုင်း လိုက်တာနဲ့ အတူတူပါပဲ။

၅။ ပြဿနာ – မရိုးသားခြင်း။

ဖြေရှင်းနည်း – ဒေါသမထွက်ပါနဲ့။ ပေါင်းသင်းဆက်ဆံရေးမှာ ယုံကြည်မှုနဲ့ ရိုးသားမှုက အရေးပါ ကြောင်း ကလေးကို ရှင်းပြပါ။ လိမ်ညာမှုကို လက်မခံတာကလေးသိဖို့ ထိုက်သင့်တဲ့ပြစ်ဒဏ်သတ် မှတ်ပါ။ ဒါကိုမှ မရိုးသားမှုကို ဆက်လက်ဆုပ်ကိုင်ထားသေးရင် စိတ်ပညာအထူးကုနဲ့ ဆက်သွယ်ဆွေး နွေးကြည့်ပါ။

၆။ ပြဿနာ – အော်ဟစ်ပြောဆိုခြင်း။

ဖြေရှင်းနည်း – တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်လေသံပြောသင့်ကြောင်း ကလေးကို သတိပေးပါ။ ကလေးက ဆက်လက်ပြုမူနေဆဲဆိုရင် မိသားစုနဲ့ဆက်ဆံရေးမှာ ဘာတွေမှားယွင်းနေလဲဆိုတာ တွက်ချက်ကြည့် ပါ။ ကလေးကို မိသားစုရဲ့တစ်စိတ်တစ်ပိုင်းဆိုတာ ပိုပြီးသိမြင်လာအောင် ပြုလုပ်နိုင်မယ့်နည်းလမ်း လေးတွေကို ကလေးနဲ့ဆွေးနွေးကြည့်ပါ။

၇။ ပြဿနာ – ရိုင်းစိုင်းတဲ့အပြုအမူရှိခြင်း။

ဖြေရှင်းနည်း – ကလေးကို အပြုအမူနဲ့ပတ်သက်ပြီး သင်ကြားရာမှာ ဖိအားတွေအများကြီး မပေးပါနဲ့။ အဲ့ဒီအစား တခြားသူတွေအပေါ် အာရုံစိုက်တတ်အောင် သတိပေးဖို့သာ ကြိုးစားပါ။ အရွယ်ရောက် ပြီးသား မိသားစုဝင်တွေရဲ့ အပြုအမူကလည်း အင်မတန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးဆိုတာ အတုမြင်အတတ်သင်တတ်ကြလို့ပါ။

ဗဟုသုတလေးတွေကို တခြားသူတွေကို ပြန်လည်မျှဝေဖို့ စာစောင်လေးကို SHARE လိုက်ပါဦးနော်။