မောင်ဖတ်ဖို့…

blank

မောင်သောက်ခါနီးကော်ဖီကို တစ်ကျိုက်သောက်ကြည့်တဲ့အခါ ကျွန်မကိုနားလည်ပေးပါ။

အရသာကောင်းရဲ့လားဆိုတာကို ကျွန်မသေချာချင်လို့ပါ။

မောင့်ကိုသဝန်တိုတဲ့အခါ ကျွန်မကိုပိုချစ်ပေးပါ။

မောင်ဟာ ကျွန်မရွေးချယ်ထားတဲ့ တစ်ဦးတည်းသော ချစ်သူဖြစ်တာကြောင့် မောင့်ကိုဆုံးရှုံးရမှာ ကြောက်လို့ပါ။

ကျွန်မရဲ့ စိတ်ပျက်စရာအကျင့်တွေကို လက်ခံပေးပါ။

မောင်ရဲ့အားနည်းချက်၊ အားသာချက်နဲ့ မောင်နဲ့ သက်ဆိုင်တဲ့အရာမှန်သမျှကို ကျွန်မမြတ်နိုးသလိုမျိုးပေါ့။

ကျွန်မချက်တဲ့ဟင်းတွေ လက်ရာမကောင်းတဲ့အခါမျိုးမှာ သည်းခံပေးပါ။

အိမ်မှာဆိုကော်ဖီတောင်ဖျော်ခဲ့ဖူးတာ မဟုတ်ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်မတငိုငို တရယ်ရယ်ဖြစ်တတ်တာတွေကို စာနာပေးပါ။

ကျွန်မရဲ့အခိုက်အတန့်တိုင်းကို မောင်နဲ့ဝေမျှချင်လို့ပါ။

ကျွန်မအလှပြင်တာ ကြာတဲ့အခါ ကျွန်မကို စိတ်ရှည်ပေးပါ။

မောင့်ရှေ့ကိုရောက်သွားတဲ့အခါ အလှဆုံးဖြစ်နေချင်လို့ပါ။

တစ်ခါတလေမှာ ကျွန်မအကြောင်းမရှိဘဲ ငိုတဲ့အခါ နှစ်သိမ့်ပေးပါ။

မောင့်ကိုဆုံးရှုံးရမှာ ကြောက်လို့ပါ။

ကျွန်မကိုထူးခြားဆန်းကြယ်သူတစ်ယောက် အဖြစ်ခံစားစေဖို့ ကျွန်မနဲ့ စကားပြောပါ။

သက်ဆိုင်သူသိစေဖို့ SHARE ထားလိုက်ပါဦး။