အချစ်ဦးထံသို့ ပေးစာတစ်စောင်

blank

 

သို့

သူငယ်ချင်းရေ…လူတိုင်းမှာ အချစ်ဦးရှိကြတယ်တဲ့။ ဒါပေမဲ့ အချစ်ဦးဆိုတာကလည်း တစ်ခါ တလေမှာ ကိုယ့်ဘေးမှာအချိန်အကြာကြီးအတူရှိလာခဲ့ပြီးမှ ကိုယ့်အချစ်ဦးက “သူ” ဆိုတာကို နောက် ကျမှသိလာတာလည်းရှိတယ်။ တချို့တွေဆိုရင် ဝေးသွားမှသိတဲ့အတွက် ပြန်ဆုံတွေ့ခွင့်မရကြတော့ တာလည်း ရှိကြတယ်။ အဲ့လိုမျိုးဆိုရင်တော့ ဝမ်းနည်းစရာကြီးနော်။

ငါကတော့ အခုချိန်အထိ နင်နဲ့အတူရှိနေခွင့်ရသေးတဲ့အတွက် တကယ့်ကိုကံကောင်းတဲ့သူပါ ပဲ… သူငယ်ချင်းရေ။

  • ငါတို့တွေ အတူတူကစားခဲ့ကြတယ်။
  • အတူတူ ကျောင်းတက်ခဲ့ကြတယ်။
  • ဘဝရဲ့အောင်မြင်ချိန်၊ ကျရှုံးချိန်တွေမှာ အပြန်အလှန် အဖော်ပြုကြီးပြင်းလာခဲ့ကြတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ငါ့အတွက်တော့ နင်ဟာ ငါ့မိသားစုပြီးရင် ပထမဆုံးချစ်ခဲ့ရတဲ့အချစ်ဦးပါပဲ။        နင်က ငါ့ကို အမြဲကူညီ စောင့်ရှောက်တယ်။ ငါ့ကိုချစ်တယ်။ ငါ့အကြောင်းအကောင်းအဆိုးကို နင်အမြဲစိတ်ဝင်စားဂရုစိုက် တယ်။ ငါ့အတွက်တော့ တကယ့်ကို တစ်သက်လုံးကျေးဇူးတင်သွားရမယ့်အဖြစ်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုဂရုစိုက်တဲ့ပုဂ္ဂိုလ်မျိုး လူတိုင်းမှာရှိကြတာမဟုတ်ဘူးလေနော်။ သူငယ်ချင်းကောင်း ဆိုတာ ကိုယ်ကျောင်းမသွားချင်ရင်တောင်မှ ကျောင်းမှန်မှန်တက်ဖြစ်အောင် ကိုယ့်ကို တိုက်တွန်းတယ်။ ကိုယ့်ကောင်းကျိုးကို အမြဲရှေးရှုပေးတယ်လေ။ တစ်ယောက်နဲ့တစ်ယောက် အတွင်းသိအစင်းသိ စိတ်တူကိုယ်တူပေါင်းနိုင်တဲ့သူငယ်ချင်းတစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရထားတဲ့ဘဝက ဘယ်လောက်နေပျော်ကျေနပ်ဖို့ကောင်းလိုက်သလဲ သူငယ်ချင်းရေ။

ထောင့်ငါးရာနဲ့ချစ်ကြတဲ့ ချစ်သူစုံတွဲတွေလို ဟန်းနီးမွန်းကာလကျော်ရင် သွေးအေးသွားတာမျိုး လည်း မရှိဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရှိရင် တစ်သက်လုံးပျော်ရွှင်ရတာအမှန်ပါပဲ။

ဒါကြောင့် အချစ်ဦးနဲ့ပတ်သက်ပြီး စာလုံးလေးတစ်လုံးတည်းနဲ့ဖွဲ့ဆိုပြပါလို့ဆိုရင် ငါက “ သူငယ် ချင်း” ဆိုတဲ့ စာလုံးလေးနဲ့ပဲ ဖော်ပြလိုက်ချင်ပါရဲ့။ ပြီးတော့ ငါ့ဘေးမှာ အမြဲရှိနေခဲ့ပေးတဲ့အတွက် လည်း နင့်ကို ကျေးဇူးတင်တယ်။ နင့်ကို ငါအရမ်းချစ်ပါတယ် သူငယ်ချင်းရေ။

နင့်ရဲ့

အချစ်ဆုံးသူငယ်ချင်း

ဒီစာလေးဖတ်ပြီး သတိရမိတဲ့ငယ်သူငယ်ချင်းလေးတွေရှိရင်လည်း mention ခေါ်လိုက် ပါဦးနော်။