ချစ်ခြင်းတွေကြောင့် ပိုအေးချမ်းတဲ့ဘဝ ရပါစေသား

blank

ကျွန်မဘဝကို စိုးပိုင်မယ့်သူရေ…

ယုံမှတ်အားကိုးလို့ ပုံအပ်မယ့် ကျွန်မဘဝကို ရှင့်နှလုံးသားနဲ့ အကောင်းဆုံးထိန်းသိမ်းပေးပါ။

ကျွန်မဘဝထဲက အမှောင်ထုကြီးစိုးနေတဲ့ အစိတ်အပိုင်းတွေကို အလင်းရောင်ပေးပါ။

ကျွန်မဘဝရဲ့ အားနည်းချက်တွေကို အားသာချက်တွေဖြစ်လာအောင် ခွန်အားမျှပါ။

ကျွန်မဘဝထဲက ပျက်စီးယိုယွင်းစပြုနေတဲ့ အရာတွေကို အကောင်းအတိုင်းဖြစ်အောင် ပြုပြင်ပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မဘဝထဲက ဖရိုဖရဲဖြစ်နေတဲ့အရာတွေကို တစ်စုတစ်စည်းတည်းဖြစ်အောင် ပေါင်းစည်းပေးပါ။

ကျွန်မဘဝထဲက ဒဏ်ရာတွေကို ပျောက်ကင်းအောင် ကုစားပေးပါ။

ပြီးတော့… နောက်ဆုံးတောင်းဆိုချက်အနေနဲ့

ကျွန်မဘဝထဲမှာ ပျက်သုဉ်းလုနီးပါးဖြစ်နေတဲ့ ငြိမ်းချမ်းမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ပြန်လည်ရှင်သန်အောင် ပြုစုပျိုးထောင်ပေးပါ။

ကျွန်မသည် အကြင်သူအပေါ် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ နှလုံးသားကို ပေးအပ်ခဲ့ပါသည်။

ဤမှန်သော သစ္စာစကားကြောင့် ကျွန်မသည် အေးချမ်းမှုနဲ့ မေတ္တာတရားတို့ ထုံမွှန်းအပ်သော ချစ်ခြင်းတွေကိုသာ ပိုင်ဆိုင်ရပါစေသား။

ခံစားချက်ချင်းတူသွားတယ်ဆိုရင် SHARE လိုက်ပါ။