မိသားစုအတူတူခရီးသွားခြင်းက ကလေးတွေရဲ့ဘဝပျော်ရွှင်မှုကို ကောင်းကျိုးဖြစ်စေပါတယ်။

blank

           ကလေးတွေနဲ့အတူ မိသားစုခရီးထွက်တာက ကလေးတွေရဲ့ဘဝကို ပိုမိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေတယ်လို့ စိတ္တဗေဒပညာရှင်တစ်ဦးက ထောက်ပြပြောဆိုခဲ့ပါတယ်။ ခရီးသွားခြင်းက ကလေးတွေရဲ့ဘဝကို ဘယ်လိုကောင်းကျိုးတွေ ဖြစ်လာစေနိုင်သလဲဆိုတာ ဆက်လက်လေ့လာကြည့်ရအောင်နော်။

၁။ အပျော်ခရီးထွက်ခြင်းက အရုပ်တွေနဲ့ဆော့ကစားတာထက် ပိုကောင်းပါတယ်။

ဘယ်လောက်ပဲ တန်ဖိုးကြီးပါစေ၊ အရုပ်ဆိုတာ ကလေးတစ်ယောက်အတွက်တော့ တစ်ပတ်ကြာရင် ငြီးငွေ့စရာဖြစ်သွားတာပါပဲ။ ဒါပေမဲ့ မိသားစုနဲ့ ပျော်ရွှင်စွာခရီးသွားရတဲ့ အမှတ်တရတွေ၊ ဒေသန္တရဗဟုသုတတွေက ဘယ်တော့မှ ရိုးမသွားပါဘူး။ ဒါကြောင့် သူ့အတွက်အရုပ်ဝယ်ပေးမယ့် ပိုက်ဆံတွေကို ခရီးထွက်ဖို့စုဆောင်းထားလိုက်ပါ။

၂။ ခရီးသွားခြင်းက ကလေးတွေရဲ့ ဦးနှောက်ကို ပိုမိုဖွံ့ဖြိုးလာစေတယ်။

နေရာအသစ်အဆန်းတွေကို သွားရောက်လည်ပတ်ရခြင်းက ဒေသန္တရဗဟုသုတရစေတယ်၊ မတူညီတဲ့ယဉ်ကျေးမှုတွေကို သိလာစေနိုင်တယ်၊ အတွေ့အကြုံအသစ်တွေရစေတယ်။ ဒါကြောင့် ခရီးသွားခြင်းက ကလေးတွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ခရီးသွားခြင်းဟာ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။

အခုခေတ်ရဲ့ ကလေးတွေမှာလည်း ကျောင်းစာတွေ၊ ပညာရေးတွေနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုလေးတွေ ရှိကြပါတယ်။ ခရီးသွားခြင်းဟာ မိဘတွေကိုသာာမက၊ ကလေးတွေကိုပါ စိတ်ဖိစီးမှုတွေလျော့ကျစေနိုင်ပြီး စိတ်ကို ပေါ့ပါးပျော်ရွှင်စေနိုင်ပါတယ်။

၎။ ခရီးသွားရင်းဓာတ်ပုံရိုက်ခြင်းက စိတ်ကို ပိုမိုပျော်ရွှင်စေပါတယ်။

ခရီးသွားရင်းဓာတ်ပုံရိုက်ရတဲ့အတွေ့အကြုံဟာ သိပ်ကိုပျော်ရွှင်စရာကောင်းပါတယ်။ အဲဒီဓာတ်ပုံတွေကို ပြန်ကြည့်လိုက်တဲ့အချိန်တိုင်းမှာလည်း ခရီးစဉ်ရဲ့ ပျော်စရာအမှတ်တရလေးတွေကို ပြန်သတိရပြီး ကြည်နူးမိပြန်တယ်လေ။ ဒါပေမဲ့ ဓာတ်ပုံတွေကို အလွန်အမင်းရိုက်ပြီး သဘာဝပတ်ဝန်းကျင်ရဲ့အလှတရားတွေကို မေ့နေတာမျိုးတော့ မဖြစ်သင့်ဘူးပေါ့။

လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တိုးတက်နေတဲ့ခေတ်ကြီးမှာ ခရီးထွက်ဖို့ဆိုတာ ပြောသလောက်မခက်ခဲတော့ပါဘူး။ ခရီးထွက်တယ်ဆိုတိုင်း နိုင်ငံခြားကို၊ နယ်ဝေးကို အချိန်အကြာကြီးခရီးထွက်ရမယ်လို့ မဆိုလိုပါဘူးရှင်။ ကိုယ်နေထိုင်ရာမြို့နဲ့ အနီးတစ်ဝိုက်က နေရာတွေကို အားလပ်ရက်ခရီးတိုလေးတွေထွက်တာကလည်း တူသောကောင်းကျိုးကို ခံစားစေနိုင်ပါတယ်။ ဂန္ထဝင်ချစ်ပရိသတ်ကြီးအားလုံး မိသားစုနဲ့အတူ ပျော်ရွှင်စရာအမှတ်တရတွေ ပိုင်ဆိုင်နိုင်ပါစေရှင်။

ထောက်ခံတယ်၊ သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။