ကလေးတွေကို ပြောပြထားသင့်တဲ့ ကလေးမုဆိုးအန္တရာယ်မှ ကိုယ်လွတ်ရုန်းနိုင်မယ့် နည်းလမ်းကောင်းများ

blank

ဂန္ထဝင်ပရိသတ်ကြီးရေ… အခုတလော ကလေးပျောက်တဲ့သတင်းတွေ၊ လူကုန်ကူးခံရတဲ့အကြောင်းတွေ၊ သက်ငယ်မုဒိမ်းမှုတွေအကြောင်းကို နားနဲ့မဆံ့အောင်ကြားနေ၊ သိနေရပါတယ်။ ဒီသတင်းတွေကို ကြားမိတိုင်းမှာလည်း မိခင်တွေအနေနဲ့ ကိုယ့်သားသမီးအတွက် ရတက်မအေးဖြစ်ရပြန်တယ် မဟုတ်လား။

မသမာသူဆိုတာ ခေါင်းမှာ ဂျိုပေါက်နေတာမဟုတ်လို့ အလွယ်တကူမသိနိုင်ပါဘူး။ ဒီတော့ သင့်ကလေးကို ကိုယ့်အန္တရာယ်ကို ကာကွယ်နိုင်အောင်၊ အန္တရာယ်ကြုံလာရင် ကိုယ်လွတ်ရုန်းနိုင်အောင် အောက်ပါနည်းလမ်းလေးတွေအတိုင်းလိုက်နာဖို့ မှာကြားထားလိုက်ပါ။

၁။ သင့်ရဲ့ကလေးငယ်ကို သူစိမ်းတစ်ယောက်က ခေါ်သွားဖို့ ကြိုးစားနေတယ်ဆိုရင် အဲဒီသူစိမ်းကို အားကုန်သုံးပြီး ရိုက်နှက်ဖို့၊ အော်ဟစ်အကူအညီတောင်းဖို့၊ ခုခံကာကွယ်ပြီး ကိုယ်လွတ်ရုန်းဖို့ ပြောထားပါ။

၂။ သင့်ကလေးငယ်အနေနဲ့ လမ်းပျောက်နေတယ်၊ မလုံခြုံဘူးလို့ ခံစားနေရတယ်ဆိုရင် အနီးနားမှာ တွေ့ရတဲ့ ကလေးတွေနဲ့အမေတစ်ယောက်ယောက်ဆီကို အကူအညီတောင်းဖို့ မှာထားပါ။ ရဲဝတ်စုံဝတ်ထားတိုင်လည်း အကူအညီမတောင်းခိုင်းပါနဲ့။ မသမာသူတွေက တစ်ခါတလေမှာ ရဲပုံစံ ဟန်ဆောင်တတ်ပါတယ်။

၃။ တကယ်လို့ တစ်စုံတစ်ယောက်က ကားနဲ့ သင့်ကလေးနောက်ကို လိုက်နေတယ်ဆိုရင် နောက်ပြန်လှည့်ပြီး ပြေးဖို့ သင်ထားပါ။ ကားရုတ်တရက်ပြန်မလှည့်နိုင်တာကြောင့် အကူအညီရယူနိုင်ဖို့ အချိန်ပိုရပါလိမ့်မယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ ခန္ဓာကိုယ်နဲ့ပတ်သက်တဲ့ ပြောင်းလဲမှုတွေ၊ အကြောင်းအရာတွေကို ဘယ်တော့မှ လျှို့ဝှက်မထားဖို့၊ တစ်ခုခုဖြစ်လာရင် သင့်ကို ပြန်ပြောပြဖို့ကိုလည်း မှာကြားထားပါ။

၅။ သင့်ကလေးငယ်ရဲ့ ကျောပိုးအိတ်တွေ၊ ထမင်းချိုင့်တွေ၊ ဆံညှပ်ကလစ်လေးတွေမှာ နာမည်တပ်ပေးထားတာမျိုးမလုပ်ပါနဲ့။ ကလေးရဲ့ နာမည်ကို မသမာသူတွေ အလွယ်တကူသိရှိသွားနိုင်ပြီး ကလေးကို အယုံသွင်းဖို့ ပိုမိုလွယ်ကူသွားတတ်ပါတယ်။

၆။ သင်နဲ့ သင့်ကလေးကြားမှာ စကားဝှက်တစ်ခုထားထားပါ။ တကယ်လို့ မလုံခြုံတဲ့အခြေအနေတစ်ခုကြုံလာရရင် ဒီစကားဝှက်နဲ့ဆက်သွယ်ဖို့ကိုလည်း ကလေးငယ်ကို မှာကြားထားပါ။

၇။ မသမာသူတွေလက်ထဲ ကလေးငယ်အနေနဲ့ ရုန်းရင်းဆန်ခတ်ပါသွားတဲ့အခါ လူအများစုက ကလေးဂျီကျလို့ မိဘက ဆွဲခေါ်သွားတယ်လို့ မှတ်ယူတတ်ကြပါတယ်။ ဒီတော့ မသမာသူတွေ ဇွတ်ဆွဲခေါ်သွားရင် ရုန်းကန်တာမျိုးပဲ မလုပ်ဘဲ အော်ဟစ်အကူအညီတောင်းဖို့ကိုလည်း မှာကြားထားပါ။

မိခင်တွေ များများသိစေဖို့ လက်ဆင့်ကမ်း SHARE ပေးလိုက်ပါ။