ပေါင်းသင်းအပ်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့လက္ခဏာရပ်တွေဆိုတာ…

blank

 

  • ကိုယ်စိတ်ချမ်းသာအောင်ပြောဖို့ထက် အမှန်တရားကို ပြောပြပေးတတ်တယ်။
  • ကိုယ့်ဖြစ်တည်မှုကို အရှိအတိုင်း လက်ခံခင်မင်နိုင်တယ်။
  • ရှေ့တစ်မျိုး၊ ကွယ်ရာတစ်မျိုး မလုပ်ဘဲ တစ်သမတ်တည်းနေတတ်တယ်။
  • ကိုယ့်အခက်အခဲတွေကို ကူညီဖြေရှင်းပေးတတ်တယ်။
  • ကိုယ့်အားနည်းချက်ကို မနှိမ့်ချဘဲ အားပေးတတ်တယ်။
  • အမှန်တရားကိုမြတ်နိုးပြီး တကယ်ကျင့်သုံးဖို့ ကြိုးစားတတ်တယ်။
  • အပေးအယူမျှတတယ်။
  • အမြင်ကျယ်တယ်။ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
  • သူတစ်ပါးအပေါ် သည်းခံခွင့်လွှတ်တတ်တယ်။
  • အပေါ်ယံမဟုတ်ဘဲ ကိုယ့်စိတ်နှလုံးသားထဲအထိ ကြည့်ပေးတတ်တယ်။
  • အပြစ်တွေကို သူတစ်ပါးအပေါ်မပုံချတတ်ဘဲ ကိုယ်တိုင်ဖြေရှင်းတတ်တယ်။
  • ကိုယ့်အပေါ်ယုံကြည်ပြီး ပိုမိုတိုးတက်အောင် ပံ့ပိုးကူညီပေးတတ်တယ်။
  • စည်းကမ်းရှိပြီး သူတစ်ပါးရဲ့စည်းကမ်းတွေကိုလည်း လေးစားလိုက်နာပေးတတ်တယ်။
  • ပြဿနာတွေကို မချဲ့ကားဘဲ သေးငယ်အောင်ဖြေရှင်းတတ်တယ်။
  • ကိုယ့်အတိတ်ထက် ကိုယ့်လက်ရှိအခြေအနေကိုပဲ ပိုဂရုစိုက်တယ်။
  • တိုးတက်ကြီးပွားလိုစိတ်ရှိတယ်။
  • ကိုယ့်ယုံကြည်မှုကို အလေးထားတယ်။
  • ကိုယ်ခက်ခဲနေချိန်မှာလည်း ဘေးမှာနေပေးတယ်။
  • ကိုယ်ပိုင်တွေးခေါ်စဉ်းစားဉာဏ်ရှိတယ်။
  • သူတစ်ပါးနဲ့သဟဇာတဖြစ်အောင် နေတတ်တယ်။

ဒီလိုသူငယ်ချင်းလေးတွေကို ပိုင်ဆိုင်ထားပြီဆိုရင်တော့ သင်က ကံကောင်းသူတစ်ယောက် ပါနော်။ သင့်ကိုပျော်ရွှင်စေတဲ့သူငယ်ချင်းကောင်းတွေမို့ သူတို့ကိုလည်း mention ခေါ်ပြီး မျှဝေပေး လိုက်ပါဦး။