ချစ်ခြင်းခိုင်မာတဲ့ စုံတွဲတွေဖြစ်စေဖို့ ချစ်သူရှေ့မှာ မရှက်မကြောက်လေလည်စို့

blank

ချစ်သူရှေ့မှာ လေလည်ချင်တာကို ချစ်သူငြိုငြင်မှာစိုးလို့ အောင့်ထားဖူးတာမျိုးရှိလား။ တော်တော်များများရှိကြမှာပါ။ ဒါပေမဲ့ ဒီလိုလေလည်ဖို့ သိပ်တော့ စိုးရိမ်စရာမလိုပါဘူး။ ပုံမှန်အားဖြင့်တော့ လူအထင်သေးစရာမဖြစ်အောင် လူရှေ့သူရှေ့မှာ လေလည်ဖို့ကို ရှက်ရွံ့တတ်ကြပါတယ်။ ဒါပေမဲ့ လေ့လာတွေ့ရှိချက်တစ်ခုအရ ချစ်သူရှေ့မှာ မရှက်မကြောက် လေလည်ရဲတဲ့သူတွေက စစ်မှန်ခိုင်မာတဲ့ ချစ်ခြင်းတွေကို ပိုင်ဆိုင်ကြတယ်လို့ သိရပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“Naked Parenting” ဆိုတဲ့ စာအုပ်ကိုရေးခဲ့တဲ့ စာရေးဆရာ လီယာ့ ဒေချက်စရေး (Leah Decesare) ပြုစုခဲ့တဲ့စာတမ်းမှာ ပျော်ရွှင်ခိုင်မာတဲ့အချစ်ရေးဆိုတာ ယုံကြည်မှုနဲ့ သစ္စာရှိမှုအပေါ်မှာ အခြေပြုထားသလို တစ်ယောက်ရှေ့မှာ တစ်ယောက်က လေလည်သလိုမျိုး ရိုးသားပွင့်လင်းမှုကိုလည်း အခြေခံထားတယ်လို့ ဆိုပါတယ်။ တကယ်တော့ လေလည်တယ်ဆိုတာ ရယ်မောခြင်း၊ ငိုခြင်း၊ စားသောက်ခြင်းတို့လို အပြုအမူတစ်ခုပါဘဲ။ ဘာကြောင့် အောင့်ထားရမှာလဲနော်။ ချစ်သူရှေ့လည်း ရှက်မနေနဲ့… ပေါက်ချလိုက်၊ ပေါက်ချလိုက်။ အီးများများပေါက်လေ… ချစ်လေပဲတဲ့။

ကဲ မကြာခဏ အီးပေါက်တတ်တဲ့ ချစ်သူရှိရင် mention ခေါ်ပြီး ကြွားလိုက်ပါဦး။