အားကျစရာကောင်းတဲ့အချစ်ရေးမျိုးတည်ဆောက်ထားတဲ့ စုံတွဲတွေဆိုတာ…

blank

၁။ အချစ်ရေးက သူ့အလိုလိုခိုင်မြဲလိမ့်မယ်လို့ မတွေးဘဲ ခိုင်မြဲစေမယ့်နည်းလမ်းတွေနဲ့  လက်တွေ့ တည်ဆောက်ကြတယ်။

၂။ နှစ်ဦးသားကြားမှာ မာနလေးတွေမထားဘဲ လိုချင်တဲ့ဂရုစိုက်မှုတွေကို ဖွင့်ဟတောင်းဆိုကြတယ်။

၃။ မကျေလည်တာရှိရင် ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုပြီး ပြေလည်အောင် ညှိယူကြတယ်။

၎။ တစ်ယောက်ရဲ့ အခက်အခဲကို တစ်ယောက်ကူညီဖြေရှင်းပေးကြတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၅။ အချစ်ဆိုတာ ရောင်ပြန်ဟပ်တဲ့မှန်တစ်ချပ်နဲ့တူတယ်ဆိုတာ အမြဲသတိရကြတယ်။

၆။ စိတ်တိုနေတဲ့အခါ ဒေါသအလျောက် နာကျင်အောင်ပြောဆိုတာမျိုး ဆင်ခြင်ကြတယ်။

၇။ အတိုက်အခိုက်များတဲ့အခါ ပိုပြီး စည်းစည်းလုံးလုံးနေကြတယ်။

၈။ ပရဟိတလုပ်တာ၊ ဂိမ်းဆော့တာမျိုးလို ပေါ့ပေါ့ပါးပါးနဲ့ အတူပူးပေါင်းဆောင်ရွက်နိုင်တဲ့ လှုပ်ရှားမှု လေးတွေ ပြုလုပ်ကြတယ်။

၉။ နှစ်ဦးသားတွေ့ဆုံချိန်ထားရှိပြီး ခံစားချက်တွေကို အပြန်အလှန်မျှဝေကြတယ်။

၁ဝ။ ဝန်ထုပ်ဝန်ပိုးမဆန်ဘဲ အပြန်အလှန် အဖော်သဟဲဖြစ်စေမယ့် ဆက်ဆံရေးမျိုး တည်ဆောက်ကြ တယ်။

၁၁။ တစ်ယောက်နဲ့တစ်ယောက် နွေးနွေးထွေးထွေး ပြောဆိုဆက်ဆံကြတယ်။

၁၂။ ကြီးပြင်းလာရတဲ့မိသားစုပုံစံကို အပြန်အလှန်အသိပေးထားကြတယ်။

၁၃။ အနာဂတ်အစီအစဉ်တွေကို အသိပေးထားပြီး အပြန်အလှန် ပံ့ပိုးကူညီဖို့ ကြိုးစားကြတယ်။

၁၄။  နှစ်ဦးနှစ်ဖက် သံယောဇဉ်တွေ မြင်သာစေမယ့်အပြုအမူလေးတွေကို မကြာခဏ ပြုလုပ်ကြ တယ်။

ကဲ… သင့်အချစ်ရေးမှာကော အထက်ပါအချက်တွေထဲက ဘယ်အချက်လေးတွေ ပြည့်စုံနေ ပြီးသားပါလိမ့်။  ဒါမှမဟုတ် အားကျစရာအချစ်ရေးတစ်ခုကို တည်ဆောက်ခါစဆိုရင်လည်း သင့်အ သည်းတစ်ခြမ်းလေးကို  ဒီဆောင်းပါးလေးဖတ်ရအောင် mention ခေါ်ဖို့လည်း မမေ့နဲ့ဦးနော်။