ဖေဖေ့ကိုမပြောလိုက်ရတဲ့ စကားလေးတွေ

blank

အဖေ့ရဲ့လက်ချောင်းလေးတွေကိုကိုင်ပြီးလမ်းလျှောက်ရချိန်ဟာကမ္ဘာပေါ်မှာအနွေးထွေးဆုံးအချိန်ပါ။

အဖေ့ရဲ့ မင်းသမီးလေးအဖြစ် နေလာခဲ့တဲ့အတွက် မိဖုရားတစ်ယောက်လိုတန်ဖိုးထားမယ့်အချစ်ရေးတစ်ခုကိုသာတည်ဆောက်ချင်တယ်။

အဖေနဲ့အတူရယ်မောပျော်ရွှင်တဲ့အချိန်၊ ငြင်းခုံတဲ့အချိန်၊ ကတောက်ကဆတွေဖြစ်ပြီးဖေဖေပြန်ချော့တဲ့အချိန်တွေမှာကမ္ဘာ့အကောင်းဆုံးရသတွေကိုခံစားရတယ်။

တစ်ဘဝလုံးအလုပ်ကို ကြိုးကြိုးစားစားလုပ်ခဲ့တဲ့ အဖေ၊ အိမ်နောက်ကျတိုင်းဆူတတ်တဲ့အဖေ၊ အမြဲတမ်းစည်းကမ်းတွေ တင်းကျပ်တတ်တဲ့ အဖေကြောင့် အလုပ်ကြိုးစားပြီးစည်းကမ်းတွေကိုတန်ဖိုးထားတတ်တဲ့သူဖြစ်လာတယ်။

မေမေ့ကိုကြည့်မိတိုင်းဖေဖေ့ကိုပိုင်ဆိုင်ထားတဲ့ မေမေဟာကမ္ဘာပေါ်မှာကံအကောင်းဆုံးအမျိုးသမီးတစ်ယောက်လို့ ခံစားရတယ်။ ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အမြဲတမ်းမျက်နှာထားတင်းတင်းနေတတ်တဲ့ ဖေဖေဟာသမီးဖျားနာတိုင်းတိတ်တိတ်လေးမျက်ရည်ဝဲနေတတ်တာ၊ သမီးအောင်မြင်မှုတွေရတိုင်းပီတိမျက်ရည်တွေကျနေတတ်တာသမီးသိတယ်ဖေဖေ။

မေမေနဲ့ သမီးသဘောထားတွေမတူညီတဲ့အခါ သမီးဘက်ကရပ်တည်ပေးတတ်တဲ့၊ သမီးဖြစ်ချင်တာတွေကိုမေမေ့ကိုကူပြီးစည်းရုံးပေးတတ်တဲ့ ဖေဖေ့ကိုကျေးဇူးတင်ပါတယ်။

သမီးပူဆာသမျှတွေကိုတဗျစ်တောက်တောက်နဲ့ ဖြည့်ဆည်းပေးတတ်တဲ့အတွက် ဖေဖေ့ကိုကျေုးဇူးတင်ပါတယ်။

အလှအပဆိုတာသမီးရဲ့အပေါ်ယံအရေပြားကိုအလှဆင်ဖို့မဟုတ်ဘူးဆိုတာသဘောပေါက်စေခဲ့ပြီးအရည်အချင်းတွေကို ဖြည့်ဆည်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖေဖေ့ကိုတွေ့တိုင်းသမီးခံစားရပေမယ့် မပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းကတော့

ဖေဖေဟာကမ္ဘာပေါ်မှာအကောင်းဆုံးအဖေတစ်ယောက်ပါ ဖေဖေ…..

စာဖတ်ပရိသတ်ကြီးလည်းသင့်ဖေဖေကိုပြောချင်ပေမယ့် မပြောလိုက်ရတဲ့ စကားလေးတွေရှိလား။ Comment box မှာရေးပေးခဲ့ပါနော်။