အချစ်တွေကုန်ခမ်းသွားချိန် ဘဝတွေမခြောက်သွေ့ပါစေနဲ့

blank

 

စာချစ်သူရေ…

အချစ်ရေးကြောင့် မျက်ရည်တွေရွှဲနေအောင် ငိုနေတဲ့ညတွေမှာ…

မင်းငယ်ငယ်က ညဖက်တွေထငိုတိုင်း အိပ်ရေးပျက်ခဲ့တဲ့ အမေ့ကိုသတိရပါ။

ရက်ရက်စက်စက်လမ်းခွဲသွားတဲ့ချစ်သူကြောင့် ဘဝကိုအရှုံးပေးချင်စိတ်ပေါက်နေချိန်မှာ…

မင်းကိုအူဝဲလေးဘဝကနေ အရွယ်ရောက်တဲ့အထိ သွေးချွေးတွေနဲ့ ပျိုးထောင်ပေးခဲ့တဲ့ အဖေ့ကိုသတိရပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အချစ်လမ်းခရီးရဲ့ ရှုပ်ထွေးမှုတွေကြောင့် ကိုယ့်ကိုယ်ကိုအဆုံးသတ်ဖို့ စိတ်ကူးနေချိန်မှာ…

မင်းလောကထဲရောက်လာတာကို ရင်တခုန်ခုန်စောင့်နေခဲ့တဲ့ မောင်နှမတွေကို သတိရပါ….။

အချစ်ရေးမသာယာမှုတွေကြောင့် ပျော်ရွှင်မှုတွေပျောက်ဆုံးပြီး ရယ်ဖို့မေ့နေချိန်မှာ…

မင်းပြုံးရယ်လာဖို့ ဘာမဆိုလုပ်ပေးဖို့ရှိနေပေးတတ်တဲ့ သူငယ်ချင်းတွေကို သတိရပါ…။

အချစ်ကြောင့် နာကျင်ကြေကွဲနေသူကြီးရေ…

မင်းက မင်းရဲ့ဘဝကို မင်းတစ်ယောက်တည်းနဲ့ သက်ဆိုင်တဲ့အရာလို့ထင်နေလား။ မင်းကိုချစ်တဲ့သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ ဝယ်ယူထားတဲ့အရာတစ်ခုပါ။ အချစ်ရေးကြောင့် ပူလောင်နေရတယ်ဆိုရင် အားရအောင် ငိုပစ်ပါ။ ဝအောင်ခံစားပစ်လိုက်ပါ။ ဒါပေမဲ့ အဆုံးသတ်မှာတော့ သင့်ရဲ့မေတ္တာတရားတွေအလိုရှိနေတဲ့ သင့်လက်ကိုအခြေအနေတိုင်းမှာ ဆုပ်ကိုင်ပေးထားတတ်တဲ့ ချစ်ရသူတွေကို လက်တွဲမဖြုတ်ပစ်ခဲ့ဖို့လိုတယ်ဆိုတာကိုလည်း မှတ်သားထားပေးပါနော်။