အချစ်စစ်ကို ရှာဖွေနေသူတွေအတွက် အချစ်စစ်အကြောင်းဆွေးနွေးရအောင်

blank

အချစ်စစ်ဆိုတာ သရဲလိုပဲ။ လူတိုင်းက သရဲအကြောင်းပြောကြတယ်၊ ဒါပေမဲ့ လူနည်းစုသာ သရဲကို မြင်ဖူးကြတယ်။ ကဲ… ဒါဆို လူနည်းစုသာမြင်ရတဲ့ အချစ်စစ်အကြောင်းကို ဆွေးနွေးကြည့်ရအောင်။

၁။ ကိုယ့်ကိုယ်ကို ချစ်တတ်ခြင်းက အချစ်စစ်ကိုရဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။

အချစ်စစ်ကိုရှာတော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုချစ်တတ်အောင် ကြိုးစားပါ။ ပြီးတော့ ကိုယ့်ကိုယ်ကို ချစ်တဲ့အချစ်တွေကြားမှာ အေးအေးချမ်းချမ်းနေနိုင်အောင် အရင်ကြိုးစားကြည့်ပါ။

၂။ အချစ်စစ်ကိုရှာတယ်ဆိုတာ သင့်အတွက် အဖြည့်ခံလူကိုရှာတာ မဟုတ်ပါ။

သင့်ဘဝဟာ သင့်တစ်ယောက်တည်းနဲ့တင်ပြည့်စုံနေပါပြီ။ ဒါကို နားလည်လေလေ၊ အချစ်စစ်ကို ပိုပြီး ရှာဖွေနိုင်လေလေဖြစ်ပါတယ်။ သင့်အတွက်ဖြည့်ဆည်းပေးမယ့်လူကို ရှာစရာမလိုပါဘူး။ သင့်ရဲ့ ပြည့်စုံမှုတွေကို မျှဝေခံစားပေးမယ့်သူကိုသာ ရှာဖွေဖို့လိုပါတယ်။

၃။ သင့်ဘဝအတွက် တကယ့်အချစ်စစ်က သင်ကိုယ်တိုင်ပါ။

သင့်မှာ သင်ရှိနေရဲ့သားနဲ့ ဘာလို့တခြားလူကိုရှာနေဦးမှာလဲ။ အချစ်စစ်ဆိုတာ သင့်နှလုံးသာကနေ စတင်ပါတယ်။ ဒါကြောင့် သင့်ဘဝအတွက် အချစ်ရဆုံးက သင်ကလွဲပြီး တခြားမရှိပါဘူး။

ဝယ်လီ အာမို့စ် (Wally Amos) ပြောခဲ့သလိုပေါ့။ “ဘဝဆိုတာ မှန်တစ်ချပ်လိုပါပဲ။ မှန်ထဲမှာ မြင်နေရတဲ့အရာတွေကို သင့်ဆီမှာအရင်မြင်ရပါလိမ့်မယ်” တဲ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ အချစ်စစ်ကို အတင်းလုပ်ယူလို့၊ လုယူလို့မရပါ။

အချစ်စစ်ရဲ့သဘောမှာ စိတ်ရှည်မှုတွေ၊ ကြင်နာမှုတွေ၊ မုဒိတာတွေ၊ အမှန်တရားတွေ၊ မျှော်လင့်ခြင်းတွေ၊ ယုံကြည်မှုတွေ ပါတယ်။ အချစ်စစ်ဆိုတာ ချစ်သူနှစ်ဦးကြားမှာ အလိုလိုဖြစ်လာတဲ့အရာပါ။ လုယူ၊ လုပ်ယူလို့ရတဲ့ အချစ်ဆိုတာ အချစ်စစ်မဟုတ်ပါဘူး။

၅။ အချစ်စစ်ဆိုတာ အရာရာကို ပြီးပြည့်စုံသွားစေတဲ့အရာတစ်ခုပါ။

ပြီးပြည့်စုံတဲ့သူကို လိုက်ရှာနေတာဟာ အချစ်စစ်မဟုတ်ပါဘူး။ အချစ်စစ်ဆိုတာ မပြည့်စုံတဲ့သူကို ပြီးပြည့်စုံတဲ့သူတစ်ယောက်အဖြစ် မြင်စေတဲ့၊ မှတ်ယူလက်ခံစေတဲ့ အစွမ်းသတ္တိတစ်မျိုးဖြစ်ပါတယ်။

၆။ အချစ်ဆိုတာ ချုပ်နှောင်မှုတွေလုံးဝမရှိတဲ့ အရာတစ်ခုပါ။

အချစ်စစ်သာမှန်ရင် ချုပ်နှောင်မှုတွေမရှိရပါဘူး။ အချစ်စစ်ဆိုတာ လူနှစ်ယောက်ကြားမှာ သူ့ဘာသာသူ ချည်နှောင်ပေးတဲ့အရာပါ။ ချုပ်နှောင်မှုတွေရှိနေရင် အချစ်စစ်လို့ မခေါ်နိုင်ပါဘူး။ ရယူလိုစိတ်တွေရှိနေသရွေ့တော့ အချစ်စစ်မဟုတ်သေးပါဘူး။

ဒါတွေကတော့ အချစ်စစ်နဲ့ ပတ်သက်တဲ့သဘောသဘာဝတွေပါပဲ။ အချစ်စစ်ဆိုတာကို လူတိုင်းကြားဖူးပေမဲ့ လူနည်းစုကသာ အချစ်စစ်နဲ့ ကြုံတွေ့ရတတ်ပါတယ်။ သင်ရော အချစ်စစ်နဲ့ တွေ့ဖူးပြီလား။ Comment box မှာ ဖြေပေးခဲ့ဦးနော်။ အချစ်စစ်ကြောင်းတွေကိုလည်း ဆွေးနွေးခဲ့နိုင်ပါတယ်။