မောင့်ဆီက မေရချင်တဲ့ဇနီးမယားအခွင့်အရေးတွေဆိုတာ…

blank
၁။ အသိအမှတ်ပြုပေးပါ။

အိမ်ရှင်မတစ်ယောက်ရဲ့ အိမ်မှုကိစ္စတွေဆိုတာ လက်ဆုပ်လက်ကိုင်ပြစရာမရှိပေမဲ့ မိုးလင်းမိုး ချုပ် မပြီးစီးနိုင်ပါဘူး။ ဒါကလည်း ခင်ပွန်းသည်နဲ့သားသမီးတွေအတွက် ဇနီးမယားတို့ရဲ့ ပေးဆပ်လိုမှု ချစ်ခြင်းမေတ္တာကြောင့်ဖြစ်ပါတယ်။ ဒါကို ခင်ပွန်းသည်တို့ဘက်က အသိအမှတ်ပြုပေးမယ်ဆိုရင် ကမ္ဘာ ပေါ်မှာ အပျော်ရွှင်ဆုံးမိန်းမသားဖြစ်ခွင့်ရမှာ သေချာပါတယ်။

၂။ ကာကွယ်စောင့်ရှောက်ပေးပါ။

မိန်းမသားတစ်ယောက်အတွက် ချစ်သူခင်ပွန်းသည်ရဲ့ ကာကွယ်စောင့်ရှောက်ပေးမှုက ရုပ်ပိုင်း ဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးမှုအတွက်ပါ အလွန်အရေးကြီးပါတယ်။ ဒီလိုစောင့်ရှောက် ခံရခြင်းက သူမရဲ့ငြိမ်းချမ်းပျော်ရွှင်မှုကိုလည်း ဆောင်ကြဉ်းပေးနိုင်တဲ့အတွက် ကမ္ဘာပေါ်မှာ အပျော်ရွှင် ဆုံး မိန်းမသားဖြစ်ခွင့်ရမှာ သေချာပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ အကြွင်းမဲ့ယုံကြည်ထိုက်သူဖြစ်အောင်နေပါ။

မိန်းမသားတွေဘဝမှာ စိတ်ကောလူပါ အကြွင်းမဲ့ယုံကြည်ထိုက်တဲ့ ချစ်သူခင်ပွန်းသည်မျိုးကို ပိုင်ဆိုင်ခွင့်ရဖို့ဆိုတာ ဘဝရဲ့တကယ့်ဆုလာဘ်ဖြစ်ပါတယ်။ အဲ့ဒီလိုချစ်သူခင်ပွန်းသည်မျိုးကို ပိုင်ဆိုင် ရမယ်ဆိုရင် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးမိန်းမသားတစ်ယောက်ဖြစ်ခွင့်ရမှာ သေချာပါတယ်။

၎။ ချစ်တဲ့အကြောင်းပြောပါ။

ဘယ်လိုမိန်းမသားမျိုးပဲဖြစ်ပါစေ၊ မိန်းမသားတိုင်းမှာ တူညီစွာရှိကြတဲ့ အပြင်းပြဆုံးဆန္ဒနှစ်ခု ကတော့ ချစ်သူခင်ပွန်းသည်ဆီက “ ချစ်တယ်” ဆိုတဲ့စကားနဲ့ ခင်ပွန်းသည်အတွက် တစ်ယောက် တည်းသော အရေးကြီးဆုံးမိန်းမသားတစ်ယောက်လို အလေးထားမှုကို ရရှိဖို့ပါပဲ။ အဲ့ဒီဆန္ဒနှစ်ခုသာ ပြည့်ဝမယ်ဆိုရင် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးမိန်းမသားတစ်ယောက်ဖြစ်ခွင့်ရမှာသေချာပါတယ်။

၅။ သူငယ်ချင်းကောင်းတစ်ယောက်လို နေပေးပါ။

မိန်းမသားတစ်ယောက်အတွက် သူမပြောဆိုသမျှ နားထောင်ပေးမယ့်၊ လျှို့ဝှက်ချက်တွေကို ယုံကြည်စွာရင်ဖွင့်တိုင်ပင်လို့ရတဲ့ သူငယ်ချင်းကောင်းလို ချစ်သူခင်ပွန်းသည်မျိုးပိုင်ဆိုင်ခွင့်ရခြင်းက တကယ်ပြီးပြည့်စုံတဲ့ဘဝဖြစ်ပါတယ်။ အဲ့ဒီလိုခင်ပွန်းသည်မျိုးပိုင်ဆိုင်ရမယ်ဆိုရင် ကမ္ဘာပေါ်မှာ အ ပျော်ရွှင်ဆုံးမိန်းမသားတစ်ယောက်ဖြစ်ခွင့်ရမှာ သေချာပါတယ်။

ကဲ  မိန်းမသားတို့ရေ… ဆောင်းပါးလေးထဲမှာ သင်ပြောချင်တဲ့အချက်လေးတွေလည်း ပါဝင် နေတယ်ဆိုရင် သင့်အချစ်ရဆုံးသူကို mention ခေါ်ပြီး ပြောပြလိုက်ပါဦးနော်။ ဆောင်းပါးလေးကို ပြန် လည်မျှဝေဖို့လည်း SHARE လိုက်ပါဦး။