သင့်ချစ်သူမိန်းကလေးရဲ့ နှလုံးသားကို မောင်ပိုင်စီးနိုင်စေမယ့် လုပ်ရပ်လေးများ

blank

        ယောက်ျားလေးတော်တော်များများက “အချစ်ဆိုတာ စိတ်ထဲမှာ ချစ်နေရင်ပြီးရော” လို့ထင်ပြီး အချစ်တွေကို ထုတ်ဖော်မပြတတ်ကြပါဘူး။ ဒါပေမဲ့ ချစ်သူမိန်းကလေးရဲ့ ရင်ထဲမှာတော့ “သူက ငါ့ကို တကယ်မချစ်လောက်ပါဘူးလေ”ဆိုပြီး ခံစားရတတ်ပါတယ်။ ဒီလိုနဲ့ ကြာလာတော့ ချစ်ခြင်းတွေပျက်စီးသွားရတော့တာပေါ့။

ဒီတော့ ချစ်သူကောင်မလေးတွေကို အရည်ပျော်ကျပြီး နှလုံးသားကို အပိုင်စီးနိုင်စေမယ့် ရည်းသားချုပ်ဆေးလေးတွေလိုအစွမ်းထက်တဲ့ လုပ်ရပ်လေးတွေကို တင်ဆက်ပေးမယ်နော်။ ဒီလုပ်ရပ်လေးတွေဟာ သင့်အတွက် လုံးဝ အပန်းမကြီးပေမဲ့ သင့်ချစ်သူကောင်မလေးအတွက်တော့ တကယ့်ကို ကြွေဆင်းသွားစေမဲ့ လုပ်ရပ်လေးတွေပါနော်။

၁။ ဆံပင်ပုံစံပြောင်းလာတဲ့အခါ၊ ဖက်ရှင်အသစ်ဝတ်လာတဲ့အခါ၊ လက်သည်းနီလှလှလေးဆိုးလာတဲ့အခါမှာ “ချစ်နဲ့ အရမ်းလိုက်တာပဲ” လို့ပြောတာမျိုး

၂။ သူမကို ဘယ်လောက်ချစ်ကြောင်း စာတိုလေးတွေရေးပြီး ပေးတာမျိုး

၃။ ချစ်သူကြိုက်တတ်တဲ့အစားအစာလေးတွေကို လမ်းကြုံတိုင်း ဝယ်လာပေးတာမျိုး

၎။ ချစ်သူရဲ့ ဖေဖေနဲ့ မေမေ သဘောကျအောင် လိမ်လိမ်မာမာနေပေးတာမျိုး

၅။ ချစ်သူက တစ်နေ့တာဖြစ်ခဲ့သမျှလေးတွေပြောပြရင် စိတ်ဝင်တစားနားထောင်ပေးတာမျိုး

၆။ ချစ်သူကို အစစအရာရာဖွင့်ပြောပြပြီး တိုင်ပင်တာမျိုး ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၇။ ဘယ်အခြေအနေပဲရောက်ရောက် ချစ်သူကို စိတ်ချမ်းသာအောင်ထားတာမျိုး

၈။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို မချမှတ်ခင် ချစ်သူဆီက အကြံဉာဏ်ရယူတာမျိုး

၉။ သင့်မိသားစုတွေ့ဆုံပွဲတွေမှာ ချစ်သူကို ခေါ်သွားတာမျိုး

၁ဝ။ ချစ်သူကို “ကမ္ဘာပေါ်မှာ အလှဆုံးမိန်းမတစ်ယောက်” လို ဆက်ဆံတာမျိုး

၁၁။ Facebook မှာ နှစ်ယောက်ပုံလေးတွေတင်ပြီး ချစ်တဲ့အကြောင်းပြောတာမျိုး

၁၂။ ချစ်သူကို တန်ဖိုးထားမြတ်နိုးတဲ့အနေနဲ့ ရမ္မက်တွေမပါပဲ ဖြူစင်တဲ့အနမ်းလေးတွေ ပေးတာမျိုး

၁၃။ “အရမ်းချစ်တယ်” ဆိုတဲ့စကားကို မကြာခဏ ပြောပေးတာမျိုး

၁၄။ လမ်းလျှောက်တိုင်း သူမလက်လေးကို ဆုပ်ကိုင်ထားတာမျိုး

၁၅။ သူမအရမ်းကြိုက်တဲ့ စာအုပ်လေးတွေကို လက်ဆောင်ပေးတာမျိုး

၁၆။ ချစ်သူရဲ့ သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင်ရှိအောင် ကြိုးစားတာမျိုး

၁၇။ သူမ ဝမ်းနာ်းအားငယ်နေတိုင်း အားပေးနှစ်သိမ့်ပေးတာမျိုး

၁၈။ ဘာမှမလိမ်းထားပဲ အိမ်နေရင်းအဝတ်အစားနဲ့တောင် သူမကိုလှတယ်လို့ ခံစားရစေတာမျိုး

၁၉။ သူမရဲ့ စိတ်ကူးအိပ်မက်တွေကို ကူညီပြီး အကောင်အထည်ဖော်ပေးတာမျိုး

၂ဝ။ သူမဆံပင်လေးတွေကို ရှင်းပေးပြီး ခေါင်းစည်းကြိုးလေးနဲ့ လှလှလေးခေါင်းစည်းပေးတာမျိုး

၂၁။ သူမအတွက် မနက်စာကို သင်ကိုယ်တိုင် ပြင်ဆင်ပေးတာမျိုး

၂၂။ အသံကောင်းကောင်း၊ မကောင်းကောင်း ချစ်သူကြိုက်တဲ့သီချင်းလေးတွေကို ဆိုပြတာမျိုး

၂၃။ ချစ်သူကြည့်ချင်တဲ့ရုပ်ရှင်ကို သင်ကြိုက်ကြိုက်မကြိုက်ကြိုက် အတူတူကြည့်ပေးတာမျိုး

၂၄။ သူမဝယ်လာပေးတဲ့ အဝတ်အစားတွေကို သင်ကြိုက်ကြိုက်မကြိုက်ကြိုက် ဝတ်တာမျိုး

၂၅။ သူမကို အရာရာထက်ပိုချစ်ကြောင်းမကြာခဏ ပြောတာမျိုး

စတဲ့ လုပ်ရပ်လေးတွေပေါ့။

ကဲ ပျိုမေတို့ကလည်း ဆိုင်ရာဆိုင်ရာချစ်သူကို mention ခေါ်ပြီး ဖတ်ခိုင်းလိုက်ဦးနော်။

ချစ်သူက ဒီလုပ်ရပ်လေးတွေနဲ့ ချုပ်ထားတယ်ဆိုရင်လည်း ဂုဏ်ယူစွာ SHARE လိုက်ပါဦး။