နှလုံးရောဂါက ကာကွယ်ဖို့ သင့်အိမ်ထောင်ဖက်ကို ပျော်ရွှင်အောင်ထားပါ။

blank

စာချစ်သူတို့ရေ…

ကျွမ်းကျင်ပညာရှင်တွေရဲ့လေ့လာမှုအရ အချစ်ရေးအခြေအနေက နှလုံးကျန်းမာရေးနဲ့ ဆက် စပ်နေတယ်ဆိုတဲ့အချက်ကို တွေ့ရှိခဲ့ကြပါပြီ။ အိမ်ထောင်ရေးသာယာခြင်း၊ မသာယာခြင်းက နှလုံး ကျန်းမာရေးအခြေအနေကို ဆုံးဖြတ်နိုင်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ပျော်ရွှင်နေတဲ့အိမ်ထောင် သည်တွေမှာ နှလုံးကျန်းမာရေးကို ကာကွယ်နိုင်တဲ့ အောက်ပါအချက် ၄ ချက်နဲ့ ပြည့်စုံလို့ ဖြစ်ပါတယ်။

၁။ ကျန်းမာရေးကို ဂရုစိုက်ခြင်း။

ဘဝနေထိုင်မှုဆိုင်ရာ အနိမ့်အမြင့်အတက်အကျတွေက နှလုံးကျန်းမာရေးကို အကျိုးသက် ရောက်စေတဲ့ အကြီးမားဆုံးအကြောင်းရင်းတွေဖြစ်ပါတယ်။ အိမ်ထောင်ဖက်ကောင်းရှိပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကိုသာ ပိုင်ဆိုင်ခွင့်ရထားမယ်ဆိုရင် ဆေးလိပ်ဖြတ်ဖို့၊ ကျန်းမာရေးအတွက် လေ့ကျင့် ခန်းပြုလုပ်ဖို့၊ အဆီများတာတွေကို ရှောင်ကြဉ်ဖို့တွေမှာ အတူပါဝင်ကူညီပေးနိုင်မှာပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ စိတ်ဖိစီးမှုတွေ လျော့နည်းခြင်း။

မပျော်ရွှင်တဲ့အိမ်ထောင်သည်တွေကတော့ စိတ်ဓာတ်ကျတာ၊ ဆေးလိပ်စတဲ့အစွဲအလန်းတွေ ကို မဖြတ်ဘဲ စိတ်ထွက်ပေါက်အနေနဲ့ အသုံးချတာ၊ ကျန်းမာအောင်နေထိုင်စားသောက်ဖို့ စိတ်အား ထက်သန်မှုမရှိတာတွေ ဖြစ်ကြပါတယ်။ ပျော်ရွှင်တဲ့ အိမ်ထောင်သည်တွေကတော့ စိတ်ဖိစီးမှုနည်းပါး ပြီး ကျန်းမာအောင်နေထိုင်စားသောက်ဖို့လည်း စိတ်အားထက်သန်မှုရှိကြပါတယ်။

၃။ အပြုသဘောဆောင်တဲ့အမြင်တွေရှိခြင်း။

ပျော်ရွှင်တဲ့ပေါင်းသင်းဆက်ဆံရေးရှိတဲ့သူတွေဟာ သူတို့ရဲ့အိမ်ထောင်ဖက်တွေကို သူတို့ရဲ့ မှီ ဝဲသင့်တဲ့ဆေးတွေအကြောင်း ပိုပြီး သတိပေးနိုင်ကြတယ်။ ဆေးသောက်ချိန်သောက်ဖို့၊ ဆရာဝန်နဲ့ တွေ့ဆုံချိန်မှာတွေ့ဆုံဖို့လည်း ကူညီပေးနိုင်ကြတယ်။ ဒါက အဆင်မပြေတဲ့အိမ်ထောင်ရေးတွေထက် ပိုအားသာတဲ့အချက်ဆိုလည်း မမှားပါဘူး။

၎။ နှစ်ခြိုက်စွာ အိပ်စက်နိုင်ခြင်း။

အိပ်စက်ချိန်မမှန်ခြင်းနဲ့ အိပ်မပျော်ခြင်းတွေက နှလုံးကျန်းမာရေးနဲ့ တိုက်ရိုက်ဆက်စပ်နေပါ တယ်။ ပျော်ရွှင်တဲ့အိမ်ထောင်သည်တွေကတော့ စိုးရိမ်ပူပန်စရာတွေနည်းပြီး နှစ်ခြိုက်စွာ အိပ်စက်နိုင် ကြပါတယ်။ ဒါကလည်း နှလုံးကျန်းမာရေးကို ကာကွယ်ပေးနိုင်တဲ့ အားသာချက်ပဲဖြစ်ပါတယ်။
ကဲ… နှလုံးကျန်းမာရေးက ကင်းဝေးချင်တယ်ဆိုရင် သင့်အိမ်ထောင်ဖက်ကို စိတ်ချမ်းသာပျော် ရွှင်အောင်ထားဖို့ မမေ့ပါနဲ့နော်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်သည်ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ နှစ်ယောက်လုံးအပေါ်မူတည်တဲ့အတွက် သူပျော်ရွှင်မှ သင့်ကိုလည်း ပျော်ရွှင်အောင် ဂရုစိုက်စောင့် ရှောက်နိုင်မှာမို့ပါ။ စာစောင်လေးကို မျှဝေဖို့ သင့်လက်တွဲဖော်ကို mention ခေါ်လိုက်ပါဦး။