တာဝန်သိတတ်ပြီး တာဝန်ယူတတ်တဲ့ရင်သွေးတွေဖြစ်အောင် သင်ကြားပေးနိုင်မယ့်နည်းလမ်းများ

blank
၁။ ငယ်ကတည်းက သင်ပေးပါ။

ကလေးတွေ အရွယ်ရောက်လာတဲ့အထိ မစောင့်ပါနဲ့။ ငယ်ငယ်လေးကတည်းက စသင်ပေးပါ။ ဒါဆိုရင် အဲ့ဒီအမူအကျင့်က သူတို့ဘဝထဲက နေ့စဉ်အမူအကျင့်တစ်ခုလို စွဲမြဲသွားမှာပါ။ ကလေးက ဆယ်ကျော်သက်အရွယ်ရောက်တဲ့အထိ စောင့်နေမယ်ဆိုရင်  အထွန့်တက်လာတတ်တာကြောင့် သင် ကြားရတာ ခက်ခဲသွားမှာပါ။

၂။ တာဝန်ယူတတ်တဲ့အပြုအမူလေးတွေကို ချီးမွမ်းပေးပါ။

တာဝန်ယူတတ်ဖို့ သူတို့အားထုတ်တဲ့အခါ ချီးမွမ်းစကားလေးတွေ၊ ကျေးဇူးတင်စကားလေး တွေနဲ့ ကောင်းစွာအသိအမှတ်ပြုပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မိဘတွေကို ကူညီခွင့်ပေးပါ။

စိတ်ရှည်ပြီး အချိန်ယူရမယ့်ကိစ္စဖြစ်ပါတယ်။ ဒါပေမဲ့ မိဘတွေချက်ပြုတ်တဲ့အခါ၊ သန့်ရှင်းရေး လုပ်တဲ့အခါ၊ ဒါမှမဟုတ် အိမ်အလုပ်တွေကို လုပ်နေတဲ့အခါ သူတို့ကို ကူညီခွင့်ပြုပါ။ ကလေးတွေက အကူအညီပေးရတာကို ကြိုက်ကြပါတယ်။ အဲ့ဒီခံစားချက်က သူတို့အတွက် အကြီးကြီးပါပဲ။ ဒါကြောင့် သူတို့ကို စားပွဲသုတ်သင်တာ၊ ညစာပြင်ဆင်တာနဲ့ အဝတ်လျှော်တဲ့အခါ ပါဝင်ကူညီတာမျိုးတွေ ခွင့်ပြု ပါ။ ဒီအလုပ်လေးတွေက ကလေးတွေကို တာဝန်ယူတတ်သူလေးတွေဖြစ်အောင် သင်ကြားပေးသွား မှာပါ။ ဒါပေမဲ့ အဲ့ဒီအတွက် မိဘတွေအနေနဲ့ ကလေးတွေကို အချိန်ကောင်းကောင်းပေးဖို့တော့ လို အပ်ပါတယ်။

၎။ နေ့စဉ်အလုပ်လေးတွေ ချမှတ်ထားပေးပါ။

လုပ်စရာရှိတာလေးတွေကို အစီအစဉ်ချမှတ်ထားပေးပါ။ ကလေးတွေအနေနဲ့ မနက်မိုးလင်း လာတဲ့အခါ အိပ်ရာသိမ်းဖို့၊ အဝတ်လဲဖို့၊ နံနက်စာစားဖို့၊ သွားတိုက်ဖို့၊ တီဗီမကြည့်ခင်၊ စာအုပ်မဖတ် ခင်၊ ဂိမ်းမကစားခင် ကျောပိုးအိတ်ပြင်ဆင်ဖို့ကို သိတယ်ဆိုရင် ဒါဟာ တာဝန်ယူတတ်မှုတွေကို စတင် သင်ကြားတာပါပဲ။

၅။ အကျိုးအပြစ်တွေကို သင်ကြားပေးပါ။

ကလေးတွေဟာ သူတို့နိုင်တဲ့အလုပ်လေးတွေကို ကိုယ်တိုင်လုပ်ခြင်းအားဖြင့် သူတို့လိုအပ်တဲ့ အခါ ကိုယ်တိုင်လုပ်တတ်သွားပါတယ်။ သူတို့အိမ်စာတွေပြီးတဲ့အခါ သူတို့ကို အပြင်ထွက်ကစားခွင့် ပေးပါ။ သူတို့အနေနဲ့ ကျောင်းလွယ်အိတ်ပြင်ဆင်ဖို့မေ့နေတယ်ဆိုရင် ကစားနိုင်မှာမဟုတ်ပါဘူး။ ဒါဟာ တာဝန်ပျက်ကွက်ခြင်းရဲ့အကျိုးဆက်ဆိုတာသူတို့နားလည်အောင် ပြောပြပါ။

စာချစ်သူတို့ရေ… ကလေးတွေကို ကောင်းကောင်းမွန်မွန်အရွယ်ရောက်ကြီးပြင်းလာအောင် ထိန်းကျောင်းရတဲ့အလုပ်က မလွယ်ကူတာကြောင့် အထက်ပါအချက်လေးတွေက မိဘတွေအတွက် အထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် လည်း SHARE လိုက်ပါဦးနော်။