နည်းပညာခေတ်မှာ ခေတ်နဲ့အညီအချစ်ကို ရိုမန်တစ်(Romantic)ဆန်ဆန်ဖော်ပြနိုင်စေဖို့…

blank

စာချစ်သူတို့ရေ…

အရာရာခေတ်မီတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ အချစ်နဲ့ပတ်သက်တဲ့ ဖော်ပြပုံနည်းလမ်းတွေ ကလည်း အများကြီးပြောင်းလဲသွားခဲ့ပါပြီ။ တချို့ကလည်း လူသားတွေရဲ့ အားထုတ်မှုလျော့လာစေတဲ့ နည်းပညာတွေကြောင့် ချစ်ခြင်းတွေမလေးနက်ဘဲ ပျက်စီးကုန်မှာကို ပူပန်ကြပါတယ်။ ဒါပေမဲ့ နည်းပ ညာတွေကလည်း အသုံးပြုတတ်မယ်ဆိုရင် ရိုမန်တစ်ဆန်တဲ့ချစ်ခြင်းကို ဖန်တီးနိုင်ပါတယ်နော်။

၁။ စာလုံးနဲ့ပန်းချီပုံလှလှလေးများ

ရှေးအဆက်ဆက်က အချစ်ကို ချစ်သဝဏ်လွှာလေးတွေနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဒီနေ့ ခေတ် ကြီးမှာတော့ လက်ရေးနဲ့ရေးတဲ့ ချစ်သဝဏ်လွှာဆိုတာ ရှားပါးသွားပါပြီ။ ဒါပေမဲ့ အွန်လိုင်းပေါ်ကနေ ချစ်သဝဏ်လွှာပေးပို့တဲ့ ဝန်ဆောင်မှုကို ပြုလုပ်တဲ့ ecard site တွေ ရှိနေပါတယ်။ တချို့က ecard website တွေဆီက အသင့်ပြုလုပ်ပြီးသား ပို့စ်ကတ်၊ ပန်းချီပုံလေးတွေက ကိုယ်ပိုင်ဖန်တီးမှုလို ရင်ခုန် ပျော်ရွှင်စရာကို အပြည့်အဝမခံစားရစေတာကြောင့် မနှစ်သက်ကြပါဘူး။ ဒါပေမဲ့ နည်းပညာခေတ်ကြီး ထဲမှာ သင့်အချစ်ကိုဖော်ပြဖို့ ecard ကို အသုံးပြုမယ်ဆိုရင် သင့်အတွက် စိတ်ကြိုက်ကတ်ပုံစံ၊ စာလုံးနဲ့ ဂရပ်ဖစ်ပုံလေးတွေ ဖန်တီးပေးနိုင်မယ့် ဝဘ်ဆိုက်တွေကို ရှာဖွေဆက်သွယ်နိုင်ပါတယ်။

၂။ ဂီတနဲ့ ကဗျာလေးများ

“Begin Again” ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်ဖူးတယ်ဆိုရင် နည်းပညာတွေဟာ သီချင်း တစ်ပုဒ်ကို အသံသွင်းနိုင်ပြီး သင်ချစ်တဲ့သူဆီပို့နိုင်တယ်ဆိုတာ သိပါလိမ့်မယ်။ အဲ့ဒီသီချင်းလေးတွေ ကို သင်ချစ်တဲ့သူအနေနဲ့ သူ့ရဲ့ဖုန်း၊ Tablet နဲ့ ကွန်ပျူတာပေါ်မှာ နားထောင်နိုင်ပါတယ်။ အဲ့ဒါက သင့် ရဲ့ တည်ကြည်လေးနက်တဲ့ချစ်ခြင်းကိုဖော်ပြဖို့ နည်းလမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ဂိမ်းများ

ဒီနေ့ချစ်သူစုံတွဲတွေအတွက် ရေရှည်ဆက်ဆံရေးကို ထိန်းသိမ်းဖို့အကောင်းဆုံးနည်းလမ်း တစ်ခုကတော့ အွန်လိုင်းဂိမ်းတွေကို အတူတူကစားဖို့ပါပဲ။ ဂိမ်းတွေက စိတ်ကူးယဉ်ဆန်တဲ့အချစ်နဲ့ တိုက်ရိုက်ဆက်စပ်မှုတော့ မရှိပါဘူး။ ဒါပေမဲ့ ဂိမ်းကစားတဲ့အခါ စုံတွဲတွေအနေနဲ့ နှစ်သက်ရာ ကိုယ် စားပြုအရုပ်ကို ရွေးချယ်နိုင်တယ်။ ရန်သူတွေကို အတူတူတိုက်ခိုက်နိုင်တယ်။ အောင်မြင်မှုကို အတူ တူချီတက်နိုင်တယ်။ အဲ့ဒီနည်းလမ်းလေးတွေကနေ တစ်ယောက်အပေါ်တစ်ယောက် ရဲဘော်ရဲဘက် စိတ်နဲ့ နွေးထွေးတဲ့ချစ်ခြင်းကို ဖန်တီးနိုင်ပါတယ်။

၎။ ချက်တင်များ

မိဘတွေမသိစေချင်လို့၊ ဒါမှမဟုတ် ကိုယ့်အချစ်ရေးကို တခြားသူတွေအာရုံစိုက်တာကို မနှစ် သက်လို့ စတဲ့အကြောင်းကြောင်းတွေနဲ့ တချို့စုံတွဲတွေဟာ အချစ်ရေးကို လျှို့ဝှက်ဖုံးကွယ်ထားတတ် ကြပါတယ်။ ဒီလိုစုံတွဲတွေအတွက် အွန်လိုင်းပေါ်မှာ နည်းမျိုးစုံနဲ့ ဆက်သွယ်နိုင်ကြပါတယ်။ ဖေ့ ဘွတ်ခ်၊ အီးမေးလ်၊ ဂိမ်း၊ ချက်တင်တွေကနေ ဆက်သွယ်ရင်း ခိုင်မြဲတဲ့ အချစ်ရေးကို တည်ဆောက် နိုင်ပါတယ်။

အရာရာတိုင်းမှာ အဆိုးနဲ့အကောင်းဒွန်တွဲနေသလိုပဲ နည်းပညာခေတ်ကြီးကလည်း အသုံးချ တတ်ရင်တော့ အသုံးတည့်တဲ့အချက်လေးတွေ အများကြီးပါ။ အဲ့ဒီအချက်လေးတွေကိုပဲ ရွေးချယ်ပြီး ခေတ်နဲ့အညီ ရိုမန်တစ်ဆန်တဲ့ချစ်ခြင်းလေးတွေကို ဖန်တီးနိုင်ကြပါစေရှင်။

စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။