ကလေးများများမွေးပါ။ ပျော်ရွှင်စရာမိသားစုဘဝကို ဖန်တီးလိုက်ပါ။

blank

သားသမီးဆိုတာ ဘုရားပေးတဲ့ဆုလဒ်တွေပါ။ ရှေးယခင်တုန်းကတော့ သားသမီးများလေ၊ ရတနာများများရလေဆိုပြီး မိခင်တွေဟာ ကလေးတွေအများကြီးမွေးခဲ့ကြပါတယ်။ ကလေးအများကြီးရှိတဲ့ မိသားစုကြီးတွေဟာ ကလေးနည်းတဲ့မိသားစုတွေထက်ပိုပြီး ပျော်ရွှင်စရာကောင်းပါတယ်။

မိသားစုဝင်များတဲ့ မိသားစုတွေက ပိုပြီးပျော်စရာကောင်းတယ်ဆိုတာ ခပ်ပေါ့ပေါ့ပြောလိုက်တဲ့စကားမဟုတ်ပါဘူး။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး Australia’s Edith Cowan University က သုတေသနပညာရှင်တွေက မိသားစုပေါင်းရာချီကို ငါးနှစ်ကြာစစ်တမ်းကောက်ယူပြီး သုတေသနပြုပြီးမှ အခိုင်အမာပြောဆိုခဲ့တာဖြစ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သုတေသနရလဒ်ကတော့ ကလေး ၄ယောက်နဲ့အထက်ရှိတဲ့ မိသားစုတွေဟာ ကလေးနည်းတဲ့ မိသားစုတွေထက်ပိုပြီး ပျော်စရာကောင်းတာကို တွေ့ရပါတယ်။ သုတေသနကာလအတွင်းမှာ ပညာရှင်တွေဟာ မိဘတွေရဲ့ လိုက်လျောညီထွေရှိမှု၊ လူမှုရေး၊ ဘဝနေပျော်မှု၊ စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်မှုတွေကို တိုင်းတာခဲ့ပါတယ်။

သားသမီးနည်းတဲ့မိဘဖြစ်စေ၊ များတဲ့မိဘဖြစ်စေ၊ မိဘတိုင်းလိုလိုရဲ့စိတ်ထဲမှာ ကလေးတွေအများကြီးမွေးပြီး စည်ကားသိုက်မြိုက်သာယာတဲ့ မိသားစုဘဝကို တည်ထောင်လိုစိတ်ရှိကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး စတဲ့အကြောင်းတွေကြောင့် ကလေး ၂ယောက်၊ ၃ယောက်သာ ယူကြတယ်လို့ ရင်ဖွင့်ကြပါတယ်။

သားသမီးများပြီး မိသားစုကြီးတဲ့အတွက် သားသမီးတွေအချင်းချင်း ပျော်ရွှင်စွာဆော့ကစားကြပြီး စည်းလုံးညီညွတ်ကြတယ်။ ကလေးအငယ်တွေကို ကလေးအကြီးတွေက ထိန်းကျောင်းဆော့ကစားပေးတဲ့အတွက် သားသမီးတွေ မပျင်းတော့ဘဲ အမှီအခိုကင်းစွာနေတတ်လာကြပါတယ်။

မိသားစုဝင်များတဲ့ မိသားစုတွေဟာ အိမ်အလုပ်တွေပိုလုပ်ရပြီး ကုန်ကျစရိတ်ပိုများပေမဲ့ ပျော်ရွှင်သာယာခြင်းတွေလည်း အများကြီးရရှိတယ်လို့ သုတေသနစစ်တမ်းအရတွေ့ရှိရပါတယ်။ “မိဘတွေရဲ့ ပင်ပန်းမှုက သားသမီးတွေကြောင့် ရလာတဲ့ပျော်ရွှင်မှုကို မယုတ်လျော့စေပါဘူး” လို့လည်း မိဘအများစုက ပြောကြပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။