သင့်နှလုံးသားလေးကို အရှင်သခင်အစစ်ဆီမှာသာ အပ်နှင်းလိုက်ပါ

blank

သင်စိတ်မပါဘူးဆိုရင် အဲဒီအလုပ်ကို အသက်မွေးဝမ်းကျောင်းအလုပ်အဖြစ် တစ်သက်တာလုံး မလုပ်ပါနဲ့။

ခင်မင်မှုကြောင့်ပဲဖြစ်ဖြစ်၊ အချစ်ကြောင့်ပဲဖြစ်ဖြစ် သင့်မွေးရပ်ဇာတိလို နွေးထွေးရင်းနှီးမှုမျိုးမပေးနိုင်ဘူးဆိုရင် အဲဒီမြို့မှာ တစ်သက်တာလုံးအခြေမချပါနဲ့။

သင်ဟာ စိတ်ဓာတ်ခိုင်မာသလို စိတ်သဘောထားနူးညံ့တဲ့ မိန်းမတစ်ယောက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သင်ဟာ ဆုံးဖြတ်ချက်ခိုင်မာပြီး ချစ်တတ်တဲ့ မိန်းမတစ်ယောက်ပါ။

ပြီးတော့ သင်ဟာသင့်အတိတ်ဆိုးတွေကို ခဝါချ၊ သင့်အားနည်းချက်တွေကို အပြစ်မမြင်ဘဲ သင့်နှလုံးသားကို တန်ဖိုးထားပြီး ချစ်တတ်တဲ့ ယောက်ျားကောင်းတစ်ယောက်နဲ့ ထိုက်တန်ပါတယ်။

ဒါကြောင့် ဘဝအတွက် ဘာမှမသေချာသေးဘဲ၊ ဘာအာမခံချက်မှမရှိဘဲ ဘဝကို အခြေမချလိုက်ပါနဲ့ဦးလား။

သင့်သူငယ်ချင်းတွေနဲ့ အတူပျော်နေချိန်မှာ သင့်အပျော်တွေပျက်စီးအောင် ဖုန်းဆက်ပြဿနာရှာပြီး နားလည်မှုကင်းမဲ့တဲ့ ယောက်ျားတစ်ယောက်ကို ဘဝမှာ နေရာမပေးပါနဲ့။

သင့်စိတ်ကို အမျိုးမျိုးလှည့်စားနေတဲ့၊ သင်မခံချင်လောက်အောင် သင့်ကိုနာမည်တွေအမျိုးမျိုးပေးပြီး စနောက်နေတဲ့၊ မုသားစကားတွေ လှိုင်လှိုင်သုံးပြီး သင့်ခံစားချက်တွေကို အလေးမထားတဲ့ယောက်ျားတစ်ယောက်ကို ဘဝမှာ နေရာမပေးပါနဲ့။

အပြာရောင်ညတွေကိုသာမက ဖြူစင်တဲ့မနက်ခင်းတွေကို ကြည်နူးစရာကောင်းစွာ ဖြတ်သန်းပေးမယ့် ချစ်သူတစ်ယောက် သင့်ဘဝမှာ ပေါ်လာဦးမှာပါ။

သူကသင့်ကို အချစ်စစ်နဲ့ ချစ်တာကြောင့် သူနဲ့အတူတူ ဖြတ်သန်းရမယ့် သင့်နေ့ရက်တွေက သင်ထင်ထားတာထက် ပိုပြီးလှပနေမှာ အသေအချာပါပဲ။

ကြိုက်နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။