အချစ်နဲ့လက်ထပ်ခြင်းကြားက ခြားနားချက်ကို ဖော်ပြသွားတဲ့ပုံပြင်လေးတစ်ပုဒ်

blank

တပည့်တစ်ယောက်က ဆရာကို မေးပါတယ်။

အချစ်ဆိုတာဘာလဲ ဆရာ

ဆရာက “ မင်းမေးခွန်းကို အဖြေပေးဖို့ဆိုရင် လောလောဆယ် ဂျုံခင်းထဲကို မင်းသွားရလိမ့် မယ်။ ပြီးတော့ အကြီးဆုံးဂျုံပင်ကိုယူပြီး ဒီကိုပြန်လာခဲ့ပါ” လို့ ပြန်ပြောတယ်။ တစ်ဆက်တည်းမှာပဲ “ဒါ ပေမဲ့ စည်းမျဉ်းတစ်ခုတော့ မင်းလိုက်နာရလိမ့်မယ်။ ဂျုံခင်းကိုဖြတ်သွားတဲ့အချိန်မှာပဲ တစ်ခါတည်းခူး ခွင့်ရှိတယ်။ နောက်တစ်ကြိမ်ပြန်လှည့်ခူးခွင့်တော့မရှိဘူး” လို့ မှာတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တပည့်က ဆရာ့စကားကိုလက်ခံသဘောတူပြီးတာနဲ့ ဂျုံခင်းထဲဝင်သွားတယ်။ အဝင်မှာပဲ ကြီး မားတဲ့ဂျုံပင်ကိုသူတွေ့တယ်။ ဒါပေမဲ့ ဒီလောက်ကျယ်တဲ့ဂျုံခင်းထဲမှာ ဒီထက်ပိုကြီးတဲ့ ဂျုံပင်ရှိနိုင်သေး တာကိုတွေးမိတော့ သူဆက်လျှောက်လာခဲ့တယ်။ တကယ်ထပ်တွေ့တော့လည်း နောက်ထပ်ပိုကြီး တာကို မျှော်လင့်ပြီး သူထပ်စောင့်ပြန်ပါတယ်။ ဂျုံခင်းတစ်ဝက်ကျော်လာတော့ သူအရင်ဆုံးမြင်ခဲ့ရတဲ့ ဂျုံပင်ထက်ကြီးတာ နောက်ထပ်မရှိတော့တာကို သူစသိလာတယ်။ အဲ့ဒီဂျုံပင်နဲ့လွဲခဲ့ပြီဆိုပြီးတော့ နောင်တလည်း ရလာတော့တယ်။ ဒါနဲ့ လက်ဗလာနဲ့ပဲ ဆရာဆီကို ပြန်ရောက်လာတယ်။

ဆရာက သူ့အဖြစ်ကို ပြုံးရင်းနဲ့ “ မင်းမေးတဲ့ အချစ်ဆိုတာ အဲ့ဒါပဲ ငါ့တပည့်။ မင်းမှာ အ ကောင်းဆုံးတစ်ယောက်တွေ့နေပြီးသားကို မင်းက ပိုကောင်းတဲ့တစ်ယောက်ကို ဆက်ရှာနေတယ်။ အဲ့ဒီအချိန်မှာ အကောင်းဆုံးတစ်ယောက်နဲ့မင်းလွဲသွားတော့တာပေါ့ ” လို့ ဖြေလိုက်တယ်။

တပည့်ဖြစ်သူက “ဒါဆိုရင် လက်ထပ်ခြင်းကျတော့ကော ဆရာ” လို့ ထပ်မေးတယ်။

ဆရာက “ ဒါကိုသိချင်တယ်ဆိုရင် ပြောင်းခင်းထဲကိုသွားပါ။ ပြီးတော့ အကြီးဆုံးပြောင်းဖူးကို ခူးပြီးမှ ပြန်လာခဲ့ပါ။ ပထမစည်းမျဉ်းလိုပဲ တစ်ကြိမ်တည်းနဲ့ခူးရမယ်။ နောက်မှပြန်လှည့်ပြီးခူးခွင့်မရှိ ဘူး” လို့ ပြန်ပြောတယ်။

တပည့်ကလည်း ပြောင်းခင်းထဲကို ဝင်သွားပြန်တယ်။ ဒီတစ်ခါတော့ ပထမတစ်ခါကလို အမှား မျိုးမကြုံရအောင် ပြောင်းခင်းထဲရောက်ပြီး အကြီးဆုံးပြောင်းဖူးလို့ထင်တာကိုတွေ့တာနဲ့ မြန်မြန်ခူး ဆွတ်လိုက်တယ်။ ပြီးတော့ ဆရာ့ဆီပြန်ရောက်လာတယ်။

ဆရာက “ ကဲ… ဒီတစ်ခါတော့ ပြောင်းဖူးတစ်ဖူးကိုယူပြီး မင်းပြန်လာခဲ့တယ်နော်။ မင်းအတွက် အကြီးဆုံးလို့ယုံကြည်တဲ့ပြောင်းဖူးကိုတွေ့တာနဲ့ မင်းမြန်မြန်ရွေးချယ်လိုက်တယ်။ ဒါက လက်ထပ်ခြင်း နဲ့အတူတူပါပဲ” လို့ ပြန်ဖြေလိုက်ပါတယ်။

ကဲ… စာချစ်သူတို့မှာလည်း အချစ်နဲ့လက်ထပ်ခြင်းအပေါ် ကိုယ်ပိုင်ခံယူချက်လေးတွေရှိရင် comment box မှာ မျှဝေခဲ့ပါဦးနော်။