ချစ်သူ နှင့် ယောက်ျား ၏ကွာခြားချက်များ

blank

လက်ထပ်ခြင်းဆိုတာ ပါကင်လှလှလေးနဲ့ ပိတ်ထားတဲ့ လက်ဆောင်ထုပ်လေးနဲ့တူတယ်”  တဲ့ ပရိသတ်ကြီးရေ…။

သင့်ချစ်သူနဲ့ ရွှေလက်တွဲပြီး လက်ထပ်ပြီးသွားချိန်မှာ သင်တို့နှစ်ယောက်ကြားက အဖြစ်အပျက်လေးတွေဟာ အရင်ကနဲ့ မတူဘဲ ကွဲပြားသွားပါတော့တယ်။ ဘယ်လိုအပြောင်းအလဲလေးတွေလည်းဆိုတော့…

ချစ်သူဘဝက လက်ဆောင်ပေးတဲ့အခါ  အမွှေးပွရုပ်လေးတွေ၊ နှင်းဆီပန်းလေးတွေလို စိတ်ကူးယဉ်ဆန်တဲ့ လက်ဆောင်လေးတွေကို ပေးတတ်တယ်။

အိမ်ထောင်သည်ဘဝမှာ လက်ဆောင်တွေက လက်တွေ့ဆန်ပြီး တကယ်အသုံးလိုတဲ့ ပစ္စည်းတွေဖြစ်လာတတ်တယ်။

ချစ်သူဘဝမှာ စကားပြောတဲ့အခါ အနာဂတ်အကြောင်းတွေ၊ စိတ်ကူးယဉ်အိပ်မက်တွေ၊ အချစ်အကြောင်းတွေကို ပြောဖြစ်ကြတယ်။

အိမ်ထောင်သည်ဘဝမှာ စကားပြောတဲ့အခါ  ကလေးတွေအကြောင်း၊ အိမ်ခွန်၊မီတာခတွေအကြောင်းနဲ့ အခြားသူတွေအကြောင်း အများဆုံးပြောဖြစ်ကြတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ချစ်သူဘဝမှာ သူ့ရဲ့စွဲမက်ဖွယ်အသွင်အပြင်၊ သန့်ပြန့်တဲ့ရုပ်ရည်တွေနဲ့ တစ်ယောက်ကိုတစ်ယောက်ဆွဲဆောင်ကြတယ်။

အိမ်ထောင်သည်ဘဝမှာ ဗိုက်ရွှဲပြီး ဝလာတဲ့ ယောက်ျား၊ ဗိုက်ပူခါးတုတ်လာတဲ့ မိန်းမကို နာမည်ပြောင်တွေ အမျိုးမျိုးပေးရင်း အချစ်တွေပိုကြရတယ်။

ချစ်သူဘဝမှာ အလုပ်ချိန်တွေမှာ တစ်ယောက်ကိုတစ်ယောက်သတိရမိတတ်ကြတယ်။

အိမ်ထောင်သည်ဘဝမှာ အလုပ်ကိုကြိုးစားလုပ်ဖို့ တစ်ယောက်ကိုတစ်ယောက်သတိပေးမိလာတယ်။

ချစ်သူဘဝမှာ ဖယောင်းတိုင်လဲ့လဲ့ထွန်းထားတဲ့ ညစာလေးတွေ၊ အံ့သြစရာလက်ဆောင်လေးတွေ၊ ချိန်းတွေ့ဖို့အစီအစဉ်တွေအားလုံးကို ယောက်ျားလေးကပြင်ဆင်ပေးတယ်။

အိမ်ထောင်သည်ဘဝရောက်တဲ့အခါ ခင်ပွန်းဖြစ်သူ မနက်အိပ်ယာထချိန်သွားတိုက်တံအစ   ညအိပ်ဝတ်စုံအဆုံးအားလုံးကို ဇနီးဖြစ်သူစီစဉ်ပေးမှ သဘောကျတတ်တယ်။

ချစ်သူဘဝမှာ ချစ်သူက အလှအပနဲ့ ပတ်သက်ပြီး တဖွဲ့တနွဲ့ ချီးကျူးပြောဆိုတတ်တယ်။

အိမ်ထောင်သည်ဘဝမှာတော့ လက်စွမ်းပြထားတဲ့ ဟင်းလျာလေးတွေကို ကြိတ်မှိတ်စားရင်း ချီးကျူးပြောဆိုရပါတယ်။

သင်အချစ်ရေးနဲ့ အိမ်ထောင်ရေးကွားခြားချက်လေးတွေကိုလည်း comment box မှာ မျှဝေပေးပါဦး။