လွဲမှားနေတဲ့ အချစ်ရေးအယူအဆများ

blank
၁။ “အိမ်ထောင်တစ်ခုတည်ဆောက်ဖို့က လွယ်တယ်” ဆိုတဲ့ အယူအဆဟာ မှားပါတယ်။

ဘဝနှစ်ခုပေါင်းစပ်ရတဲ့ အိမ်ထောင်ရေးမှာ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ မိသားစုရေး၊ သားသမီးရေး အားလုံးကို ထည့်တွက်ဖို့လိုပါတယ်။

၂။ “ရန်ဖြစ်တာဟာ မကောင်းတဲ့အချစ်ရေးရဲ့ လက္ခဏာ” ဆိုတဲ့အယူအဆက မှားပါတယ်။

“ရန်ဖြစ်လေပိုချစ်လေ” ဆိုတဲ့စကားလေးအတိုင်း ရန်ဖြစ်တာများလေ တစ်ယောက်နဲ့တစ်ယောက်ပိုနားလည်လာတယ်၊ ပိုအလျှော့ပေးတတ်လာတယ်၊ ပိုချစ်တတ်လာပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၃။ “တကယ်ဆိုရင် အချစ်ပဲလိုတယ်” ဆိုတဲ့ အယူအဆကလည်းမှားပါတယ်။

နှစ်ယောက်တည်းဆိုလို့ကတော့ ထမင်းရည်အတူတူသောက်ပြီး အချစ်နဲ့ဘဝတည်ဆောက်တာ အရေးမကြီးပေမဲ့ သားသမီးရလာတဲ့အချိန်ကျရင် သားသမီးအတွက် ပြည့်စုံမှုဆိုတာ လိုအပ်လာပါတယ်။ ပြီးတော့ “ဒုက္ခ” က အရှေ့တံခါးကဝင်လာရင် “အချစ်” က အနောက်တံခါးကနေ အသာလေးထွက်သွားတတ်တယ်ဆိုတာလည်း သတိရပါ။

၎။ “တစ်ယောက်နဲ့တစ်ယောက်ကြားစိတ်ချင်းနီးဖို့ ကြိုးစားနေရရင် ဖူးစာရှင်အစစ်မဟုတ်သေးဘူး” ဆိုတဲ့အယူအဆက မှားပါတယ်။

ဖူးစာရှင်ပဲဖြစ်ဖြစ်၊ ဘဝအဆက်ဆက်က ပါရမီဖြည့်ဘက်ဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်ကြားမှာ စိတ်ချင်းနီးနေဖို့၊ အဆက်အသွယ်မပြတ်ဖို့ အမြဲတမ်းကြိုးစားနေသင့်ပါတယ်။

၅။ “အချစ်ရေးမှာ ပြန်လည်ကုစားဖို့ လိုနေပြီဆိုတဲ့အချိန်ဟာ သိပ်ကို နောက်ကျသွားပြီ” ဆိုတဲ့အယူအဆဟာ မှားပါတယ်။

အချစ်ရေးမှာ ပြန်လည်အဆင်ပြေစေဖို့ ဘယ်အခြေအနေမှာ မဆိုညှိနှိုင်းနိုင်ပါတယ်။ နှစ်ယောက်စလုံးမှာ ပြန်အဆင်ပြေချင်တဲ့စိတ်ဆန္ဒတွေရှိနေရင်ပေါ့။

၆။ “ပြိုင်ဆိုင်ခင်းတွေက အချစ်ရေးကို ပိုမိုခိုင်မာစေတယ်” ဆိုတဲ့အယူအဆဟာ မှားပါတယ်။

        ပြိုင်ပြီဆိုကတည်းက ချစ်ခြင်းမေတ္တာထက် အတ္တက အားသာနေလို့ပါ။ အတ္တတွေ၊ မာနတွေပြိုင်ဆိုင်ချင်းက ခေတ္တခဏတော့ အချစ်ရေးကို ကောင်းချင်ကောင်းစေလိမ့်မယ်။ ဒါပေမဲ့ ကြာလာတဲ့အခါ အက်ရာတွေဖြစ်လာနိုင်ပါတယ်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။