ကွာရှင်းပြတ်စဲပြီးတဲ့မိန်းမသားတို့အတွက် ဘဝကို ရှေ့ဆက်လျှောက်ဖို့ နည်းလမ်းကောင်းများ

blank

မိန်းမသားတို့ရေ…

ကျွန်မတို့တွေဟာ ချစ်လို့၊ အားကိုးချင်လို့၊ လုံခြုံနွေးထွေးတဲ့ မိသားစုဘဝလေး ပိုင်ဆိုင်ချင်လို့ ချစ်သူနဲ့တစ်အိုးတစ်အိမ်ထူထောင်ကြတယ်။ တစ်ခုခုအဆင်မပြေဘဲနဲ့ ကွဲကွာချင်တဲ့မိန်းမသားတစ် ယောက်မှ မရှိတာသေချာပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်နဲ့နေထိုင်ရတဲ့ မြန်မာမိန်းမသားတွေမှာ အိမ် ထောင်တစ်ခုပြိုကွဲတဲ့အခါ ရင်ဆိုင်ရတဲ့အခက်အခဲတွေက ကြမ်းတမ်းလှပါတယ်။ အဲ့ဒီအချိန်ဟာ မိန်းမ သားတစ်ယောက်အတွက် ဘဝရဲ့အခက်ခဲဆုံးအချိန်ဆိုလည်း မမှားပါဘူး။ ဒါပေမဲ့ ဘဝဆိုတာ တစ် နေရာတည်းမှာ အမြဲရပ်နေတာမဟုတ်တဲ့အတွက် အရှုံးမပေးဘဲ ရင်ဆိုင်ရှေ့ဆက်နိုင်စေဖို့ နည်းလမ်း ကောင်းလေးတွေကို ဂန္ထဝင်ချစ်တဲ့ မိန်းမသားတို့အတွက် ရေးသားတင် ဆက်လိုက်ပါတယ်။

၁။ နေ့ရက်တွေကို ခိုင်မာစွာဖြတ်သန်းပါ။

ခံစားမှုတွေကို အတင်းထိန်းချုပ်ဖို့ကြိုးစားတာထက် အလုပ်၊ သူငယ်ချင်းတွေ၊ လှုပ်ရှားမှုတွေ အတွက် အချိန်တွေအကုန်ပေးပြီး နစ်မြုပ်ထားတာက ပိုကောင်းပါတယ်။ ပြီးတော့ လိုအပ်နေသူတွေ ကို လက်လှမ်းမီသမျှ ကူညီပါ။ ဖြစ်သင့်တာတွေကိုလည်း ရှောင်ပုန်းမနေဘဲ လက်ခံရင်ဆိုင်ပါ။ ဖြစ်ဖို့ရှိ ရင်ဖြစ်ကိုဖြစ်မှာမို့ မြန်မြန်လက်ခံရင်ဆိုင်တာက ဝေဒနာကို မြန်မြန်သက်သာစေပါတယ်။

၂။ ကိုယ့်ကိုယ်ကို အပြည့်အဝဂရုစိုက်ပါ။

ကိုယ့်ကိုယ်ကို လေးစားခြင်းက ကိုယ့်ပုံမှန်ဘဝပြန်ရဖို့ အဓိကအချက်ပါပဲ။ အဲ့ဒီလိုပြန်ရဖို့ တစ် ပတ်၊ တစ်လ၊ ဒါမှမဟုတ် တစ်နှစ်ကြာရင်ကြာမယ်။ ဒါပေမဲ့ လက်ရှိခံစားမှုတွေကို တစ်သက်လုံး ခံစား ရမှာမဟုတ်တာကို သိပါ။ ဒီလိုကြုံဖူးတာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကိုလည်း လက်ခံ ပါ။ အလွန်အကျွံမအိပ်ပါနဲ့။ ကောင်းစွာနေထိုင်စားသောက်ပါ။ ကျန်းမာရေးကို ဂရုစိုက်ပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ ဘာပဲဖြစ်ဖြစ် ရှေ့ဆက်သွားပါ။

စိတ်ကော ရုပ်ကိုပါ ထိန်းသိမ်းပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ခန္ဓာကိုယ်ကို ကျန်းမာစေပြီး စိတ် တည်ငြိမ်စေပါတယ်။ ပျော်ရွှင်စေတဲ့ အင်ဒေါ်ဖင်န်ဓာတ်တွေကို ထွက်ပေါ်စေပါတယ်။ ညဘက်တွေမှာ လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ ယောဂလုပ်ခြင်းကလည်း နာကျင်စရာ အတ္တစိတ်တွေ ကို လျော့နည်းစေပါတယ်။

၎။ ဘာသာရပ်အသစ်တွေကို သင်ယူပါ။

ဝါသနာပါရာ ဘာသာရပ်၊ ဒါမှမဟုတ် ပညာရပ်သစ်တစ်ခုခုကို လေ့လာလိုက်စားပါ။ အတွေ့အ ကြုံသစ်တွေက ခံစားချက်ကို တစ်နည်းတစ်ဖုံသက်သာရာရစေပါတယ်။ ဒါက ကိုယ့်စိတ်ကိုမအားလပ် စေသလို အဆိုးမြင်အတွေးတွေကလည်းကင်းလွတ်စေပြီး ဘဝကို တိုးတက်စေပါတယ်။

၅။ ကိုယ့်နယ်နိမိတ်ကို ကန့်သတ်ပါ။

ခင်ပွန်းဟောင်းနဲ့ပတ်သက်တဲ့ အဆက်စပ်တွေကို ဖြတ်တောက်ပစ်သင့်ပါတယ်။ ကိုယ်က ဘဝ စာမျက်နှာအသစ်ကို စတင်နေပြီမို့ ရှင်းလင်းသင့်တာတွေကို တတ်နိုင်သမျှ မြန်မြန်ရှင်းလင်းပစ်လိုက် တာက ဝေဒနာတွေကို မြန်မြန်သက်သာစေပါတယ်။ ဖေ့ဘွတ်ပေါ်က ကြားခံသူငယ်ချင်းတွေကိုလည်း ဖယ်ပစ်လိုက်ပါ။

မိန်းမသားများအတွက် စိတ်ဓာတ်ခွန်အားလေးတွေကို မျှဝေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။