မိန်းကလေးတစ်ယောက် အချစ်ရေးကို စိတ်ကုန်သွားရင် ဘာတွေလုပ်တတ်ကြလဲ။

blank

အရင်ကလို သင့်ရဲ့ ဂရုစိုက်မှုတွေကို တကျီကျီ တောင်းခံနေတော့မှာ မဟုတ်ဘူး။

သင့်နဲ့ နေရာတကာလိုက်ပြီး ငြင်းခုံနေတော့မှာ မဟုတ်ဘူး။

သင့်ရဲ့ မက်ဆေ့ဂ်ျတွေကိုလည်း အရေးတယူနဲ့ ပြန်နေတော့မှာ မဟုတ်ဘူး။

သင်နဲ့စကားပြောရဖို့ သူမဖက်ကစပြီး ကြိုးပမ်းနေတော့မှာ မဟုတ်ဘူး။

သင့်ရဲ့အကြိုက်ကိုလိုက်ပြီး ပြုမူနေထိုင်တော့မှာ မဟုတ်ဘူး။

သင့် like ပေးတတ်တဲ့ကောင်မလေးတွေအကြောင်း သင့်ကို လိုက်မေးတတ်တာ၊ သင့်ကို သဝန်တိုတတ်တာမျိုးတွေ လုပ်တော့မှာမဟုတ်ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မိန်းကလေးတစ်ယောက် သင့်ကို စိတ်ကုန်သွားတဲ့အခါ…..

သူမကိုယ်သူမ အရင်ကထက်ပိုပြီး ဂရုစိုက်တတ်လာလိမ့်မယ်။

သင့်ဆီက လိုချင်တဲ့ ဂရုစိုက်မှုတွေကို သူငယ်ချင်းတွေ၊ မိသားစုဝင်တွေဆီက အပြည့်အဝဖမ်းဆုပ်လာလိမ့်မယ်။

သင့်နောက်ကိုလိုက်ပြီး မောနေတဲ့အဖြစ်ကနေ ရပ်တန့်ပြီး သူမဘဝကို သူမစိတ်ကြိုက်ဖန်တီးလိမ့်မယ်။

သင့်ကြောင့် ကျခဲ့တဲ့ မျက်ရည်တွေကို သုတ်ပြီး ပြုံးတတ်အောင် လေ့ကျင့်လာလိမ့်မယ်။

အချစ်သစ်တစ်ခုတည်ထောင်တဲ့အခါ သတိထားရမယ့် အချက်တွေကို သင်ယူလိမ့်မယ်။

မိန်းကလေးတစ်ယောက် သင့်ကို စိတ်ကုန်သွားတဲ့အခါ…..

သင့်ဘေးနားနေပြီး အထီးကျန်နေတဲ့အဖြစ်ကနေ ရပ်တန့်ပြီး သူမဘဝကို စိတ်ကြိုက်ပုံဖော်ဖို့ ကြိုးစားလိမ့်မယ်။ ဒါကြောင့်….

မိန်းကလေးတစ်ယောက်ကို ချစ်မြတ်နိုးတယ်ဆိုရင်…

သင့်ချစ်သူကောင်မလေးကို ဂရုမစိုက်ဘဲ ပစ်ထားမိသလို ဖြစ်နေတယ်ဆိုရင်….

သူမရဲ့ စိတ်ခံစားမှုတွေကို လျစ်လျူရှုမိသလိုဖြစ်နေတယ်ဆိုရင်….

သူမမပါဘဲ သင့်ရဲ့ နေ့ရက်တွေကို မလျှောက်လှမ်းချင်ဘူးဆိုရင်….

သူမကို စိတ်နာမသွားအောင် ဂရုစိုက်ပေးပါနော်။ ဘာဖြစ်လို့လဲဆိုတော့ မိန်းကလေးတစ်ယောက် စိတ်ဆိုးစိတ်ကောက်တာဟာ အချိန်အနည်းငယ်အတွင်းမှာ ကျေအေးသွားနိုင်ပေမဲ့ စိတ်နာသွားတဲ့အခါ ခံစားချက်တိုင်း အနည်ထိုင်သွားတတ်တာကြောင့် ဖြစ်ပါတယ်။ သင့်ရဲ့ချစ်သူကောင်မလေးကို ဂရုစိုက်မှုတွေပေးပြီး ချစ်ခြင်းမေတ္တာတွေနဲ့ သင့်ဘေးမှာအမြဲချည်နှောင်ထားလိုက်ပါနော်။ ချစ်သူတိုင်း ပျော်ရွှင်တဲ့ အချစ်ရေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သဘောကျနှစ်ခြိုက်ခဲ့ရင် SHARE ပေးလိုက်ပါဦး။