သင့်အချစ်ရေးအခြေအနေကို တစ်ချက်လောက်ဆန်းစစ်ကြည့်လိုက်ပါဦး။

blank
စာချစ်သူတို့ရေ….

သိပ္ပံပညာရှင်တွေက (၉) လကြာတွဲခဲ့ပြီးဖြစ်တဲ့ ချစ်သူစုံတွဲပေါင်း (၃၇၆) စုံတွဲကို လေ့လာမှုတစ်ခုပြုလုပ်ခဲ့တဲ့အခါမှာ စုံတွဲအမျိုးအစား(၄) မျိုးရှိတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ သင်နဲ့သင့်ချစ်သူဟာ ဘယ်အမျိုးအစားထဲမှာပါလဲဆိုတာကို ဖတ်ကြည့်လိုက်ပါဦး။

နီးတကျက်ကျက် ဝေးတစ်သက်သက်ဖြစ်နေတတ်တဲ့စုံတွဲ

သင်နဲ့သင်ချစ်သူဟာ တစ်ယောက်ကို တစ်ယောက် ချစ်ပေမယ့် သင်တို့နှစ်ယောက်တွေ့လိုက်တဲ့ရန်ဖြစ်ငြင်းခုံသံတွေနဲ့ စည်ဝေနေတတ်တယ်ဆိုရင်….

ချစ်စကားကြိုက်စကားတွေပြောတာထက် တစ်ယောက်နဲ့တစ်ယောက် စနောက်တာ၊ အချွန်နဲ့မတာတွေကို လုပ်တတ်တယ်ဆိုရင် …..

သင်တို့နှစ်ယောက်ဝေးနေတဲ့အချိန်မှာတော့ တစ်ယောက်နဲ့တစ်ယောက်လွမ်းဆွတ်နေတတ်ပေမဲ့  ဘေးလူတွေက ချစ်သူတွေလားဆိုတာကို နားလည်ရခက်လောက်ကို တစ်ယောက်နဲ့တစ်ယောက် ချိုးချိုးဖဲ့ဖဲ့ပြောတတ်တယ်ဆိုရင် ….

သင်တို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ အနုအရွတွေမှာ အခြေမခံထားပေမယ့် ပြတ်စဲဖို့ ရာခိုင်နှုန်းမရှိသလောက်ပါပဲ။

ပြဇာတ်ဆန်တဲ့ စုံတွဲ

သင်တို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ အတက်အကျအနိမ့်အမြင့်တွေ အများကြီးရှိကို ရင်ဆိုင်ခဲ့ဖူးပြီဆိုရင်….

အချစ်ဦးမဟုတ်ပေမဲ့ အရင်အချစ်ရေးက မပြေလည်မှုတွေကို သင်ယူပြီး အကောင်းဖက်တဲ့  ကန့်သတ်ချက်တွေချမှတ်ထားတယ်ဆိုရင် …. ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

အတူတူရှိနေတဲ့အချိန်တွေမှာ တစ်ယောက်ကိုတစ်ယောက်အပြည့်အဝ အာရုံစိုက်တတ်ကြပြီး ဝေးနေချိန်တွေမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက်လည်း အချိန်ပေးတတ်တယ်ဆိုရင်….

သင်တို့ဟာ သူငယ်ချင်းတွေအမြင်ကတ်လောက်အောင်  ပြတ်လိုက်ပြန်ဆက်လိုက်ဖြစ်နေတတ်တယ်ဆိုရင် ….

အဲဒီလိုအချစ်ရေးဟာ အနည်းငယ်အိပ်မက်ဆန်ပေမယ့် အဆုံးသတ်မှာ ပျော်ရွှင်စွာပေါင်းဖက်ရတတ်ပါတယ်။

ပျော်ပျော်နေတတ်တဲ့စုံတွဲ

သူတို့ရဲ့ စုံတွဲပုံတွေ လူမှုကွန်ယက်မှာ အမြဲလိုလိုတက်လာတတ်တယ်ဆိုရင်….

သင်တို့အပြင်ထွက်တိုင်းမှာလည်း နှစ်ယောက်တည်း လျှောက်သွားတာထက် သူငယ်ချင်းအုပ်စုလိုက်ရှိနေတတ်တယ်ဆိုရင်….

သင်တို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်အကြောင်းကို ခရေစေ့တွင်းကျ  အကုန်သိတယ်ဆိုရင် …..

အဲဒီလို အချစ်ရေးတွေဟာ ခင်မင်မှုနဲ့ သံယောဇဉ်အပေါ်မှာ အခြေခံထားတဲ့အတွက် ပြတ်တောက်ခဲပါတယ်။

ကြားလေသွေးရင်တောင် ဝေးတယ်လို့ ခံစားရတဲ့အတွဲ

သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အချိန်အများကြီးပေးတတ်တယ်ဆိုရင်

သင်တို့နှစ်ယောက်ရဲ့ ဝါသနာတွေ တူညီတယ်ဆိုရင်

တစ်ယောက်နဲ့တစ်ယောက် တိုးတက်ကောင်းမွန်ဖို့အတွက် ပံ့ပိုးကူညီတတ်တယ်ဆိုရင်

အားလပ်ချိန်တွေကို ဘယ်မှာကုန်ဆုံးစေမယ်ဆိုတဲ့ အမြင်တွေ တူတယ်ဆိုရင်

မတူညီတဲ့သဘောထားအမြင်တွေကိုလည်း ညှိနှိုင်းတတ်တယ်ဆိုရင်

အဲဒီလိုအချစ်ရေးတွေရဲ့ ၅ဝ% ဟာ သာယာပျော်ရွှင်တဲ့ အချစ်ရေးဘဝကိုတ ည်ဆောက်နိုင်ကြပါတယ်။

သင်တို့ရဲ့ အချစ်ဟာ ဘယ်ထဲမှာပါလဲ။ ဝေမျှပေးပါဦး။