မနက်ခင်းမှာ ဒီလိုအခြေအနေတွေရှိနေပြီဆိုရင် မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးဆိုတာ သေချာနေပါပြီ

blank

မနက်ခင်းဆိုတာ နေ့တစ်နေ့အစပြုတဲ့အချိန်၊ တစ်နေ့တာရဲ့ အကောင်းဆုံးအချိန်တွေပါ။ ဇနီးမောင်နှံနှစ်ယောက်ရဲ့ မနက်ခင်း အလေ့အကျင့်လေးတွေကိုကြည့်ပြီး အဲဒီအိမ်ထောင်ရေးရဲ့ ကောင်းခြင်း၊ ဆိုးခြင်းကို သတ်မှတ်နိုင်ပါတယ်။ ဇနီးမောင်နှံနှစ်ယောက်ရဲ့ မနက်ခင်းတွေမှာ ဒီလိုလက္ခဏာတွေ၊ အခြေအနေတွေရှိနေပြီဆိုရင် မပျော်ရွှင်တဲ့အိမ်ထောင်ရေးလို့ သတ်မှတ်နိုင်ပါတယ်။

၁။ အကြည့်ချင်းဆုံတယ်ဆိုတာ ရှားတယ်ဆိုရင် မနက်လင်းရင် မယားဖြစ်သူကလည်း ကိုယ့်အလုပ်ကိုယ်လုပ်၊ ခင်ပွန်းကလည်း ကိုယ့်အာရုံနဲ့ကိုယ်… စကားပြောဖို့ မပြောနဲ့ မျက်လုံးချင်းတောင် ဆုံအောင်မကြည့်ကြဘူးဆိုရင် ဒီအိမ်ထောင်ရေးမှာ သာယာမှုတွေ လျော့နည်းလာပြီလို့ ဆိုနိုင်ပါတယ်။

၂။ ပွေ့ဖက်မှုတွေဆိုတာ မရှိသလောက်ကို နည်းတယ်ဆိုရင် မနက်ခင်းမှာ ပွေ့ဖက်မှုတွေ မရှိတာ၊ နွေးထွေးတဲ့ အနမ်းလေးတွေ မပေးတာ ယုတ်စွအဆုံး အိပ်ရာပေါ်က ကိစ္စတွေမှာတောင် နွေးထွေးကြင်နာမှုတွေပျောက်ဆုံးနေရင် တကယ်ကို အေးစက်တဲ့ အိမ်ထောင်ရေးဖြစ်နေပြီလေ။

၃။ တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးနိုင်ကြဘူးဆိုရင် တစ်နေ့တာလုံး အလုပ်တွေ ဘယ်လောက်များကြပါစေ… မနက်ခင်းလေးမှာတော့ မိနစ်အနည်းငယ်ဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက် အချိန်ပေးသင့်တယ်လေ။ ဒီလိုမှမဟုတ်ရင်တော့ ဒီအိမ်ထောင်ရေးဟာ အန္တရာယ်ဇုံထဲရောက်နေပြီလို့ ပြောနိုင်ပါတယ်။

၎။ မနက်စာအတူတူမစားဖြစ်တဲ့ ရက်တွေများတယ်ဆိုရင် ကိုယ်စီကိုယ်စီ အလုပ်ကိစ္စတွေကြောင့် နေ့လယ်စာနဲ့ ညစာမစားဖြစ်တာတွေ ရှိတတ်ပေမဲ့ မနက်စာလေးကိုတော့ အတူတူစားရင်း စကားလေးတွေ ပြောသင့်ပါတယ်။ တစ်ရက်တလေ မစားဖြစ်တာ ကိစ္စမရှိပေမဲ့ မနက်တိုင်းမှာ မနက်စာတောင် အတူမစားဖြစ်တာကတော့ မဖြစ်သင့်ပါဘူး။

၅။ နှစ်ကိုယ်ကြားနီးနီးကပ်ကပ်ရှိနေတဲ့အချိန်တွေမှာတောင် ဖုန်းကိုပဲသုံးနေတယ်ဆိုရင်တကယ်မဖြစ်သင့်တာပါ။ ကိုယ့်အိမ်ထောင်ဖက်ထက် ဖုန်းထဲမှာ ပိုစိတ်ဝင်စားစရာတွေ များနေတယ်ဆိုတာ မဖြစ်သင့်ဘူးလေ။ နှစ်ယောက်တည်း အိပ်ရာတစ်ခုတည်းမှာရှိနေတဲ့ မနက်ခင်းတွေမှာ ဖုန်းကိုယ်စီနဲ့ အာရုံများနေတယ်ဆိုရင် တကယ်ကို အေးစက်တဲ့ အိမ်ထောင်ရေးဖြစ်နေပါပြီ။

၆။ မနက်ခင်းတွေမှာတောင် ရန်ဖြစ်စကားများနေတယ်ဆိုရင်မနက်ခင်းတွေဆိုတာ စိတ်ကြည်လင်စွာ ဖြတ်သန်းရမယ့်အချိန်တွေပါ။ မနက်ခင်းတွေမှာတောင် မကြာခဏရန်ဖြစ်အော်ဟစ်နေကြတဲ့ စုံတွဲတွေဟာ တကယ်ကို မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြတယ်လို့ ဆိုနိုင်ပါတယ်။

ဒီလို လက္ခဏာတွေရှိနေပြီဆိုရင် အဲဒီအိမ်ထောင်ရေးမှာ အနာအဆာတွေရှိနေပြီလို့ဆိုနိုင်ပါတယ်။ အိမ်ထောင်ရေးမှာ ဒီလိုလက္ခဏာလေးတွေ ရှိနေပြီဆိုရင် အချိန်မလွန်ခင်လေးမှာ အိမ်ထောင်ဖက်ကို ဖွင့်ပြောတိုင်ပင်ပြီး ပြင်ဆင်စရာတွေကို ပြင်ဆင်ပါ။ အိမ်ထောင်ရေးပြန်လည်သာယာလာစေဖို့ နှစ်ယောက်အတူကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါရစေနော်။

ဒီလိုမျိုး အခြေအနေဖြစ်နေတဲ့ အိမ်ထောင်ရေးတွေအတွက် နည်းလမ်းကောင်းလေးတွေကို comment box မှာ မျှဝေပေးခဲ့ပါဦးနော်။