တွဲလက်လေးတွေကို ခိုင်မာစေဖို့ အကြံပြုချက်လေးများ

blank
စာချစ်သူတို့ရေ…

“ အချစ်စစ်တို့ လမ်းသည်မဖြောင့်တန်း”

လို့ ဆိုရိုးစကားလေးရှိပေမဲ့ ချစ်ရသူတိုင်းကတော့ ချစ်သောသူနဲ့ ဘဝခရီးအဆုံးထိလက်တွဲပြီး နေထိုင်သွားချင်ကြတာချည်းပါပဲ။ ဒါပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက်ဘယ်လောက်ပဲ ချစ်ကြပါစေ အဆင်မပြေမှုတွေမရှိတဲ့ အချစ်ရေးဆိုတာ မရှိသလောက်ရှားပါးပါတယ်။ အချစ်ရေးတစ်ခုအဆင်ပြေဖို့ဆိုတာကလည်း ချစ်သူနှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက်နားလည်မှုတွေ၊ပေးဆပ်မှုတွေအများကြီးနဲ့ တည်ဆောက်ထားရတာမဟုတ်လား။ ဒါကြောင့် ချစ်သူနဲ့ရိုးမြေကျပေါင်းစပ်ချင်တဲ့ စာချစ်သူတို့အတွက် တွဲလက်လေးတွေ ခိုင်မာစေဖို့ အကြံ့ပုချက်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။ တစ်ဦးအပေါ်တစ်ဦး နားလည်ပေးပါ။

၂။ နှစ်ဦးကြားက အချစ်ရေးကို ခိုင်မာမြဲမြံစေတဲ့ အရာတွေကို ဖော်ထုတ်ထားပါ။

၃။ ချစ်သူအတွက် အချိန်ပေးပါ။

၎။ တစ်ယောက်ကိုတစ်ယောက် ကူညီရိုင်းပင်းပါ။

၅။ နှစ်ဦးလုံး ဝါသနာပါတဲ့အရာတွေကို အတူတကွလုပ်ဆောင်ပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ သဘောထားမတူညီမှုတွေကို  အမှန်အတိုင်းလက်ခံပြီး ညှိနှိုင်းပါ။

၇။ ခံစားချက်တွေ၊ လိုအပ်ချက်တွေကို ထုတ်ဖော်ပြသပါ။ (အမျိုးသမီးအများစုက သူတို့ရဲ့ ခံစားချက်တွေ၊ လိုအပ်ချက်တွေကို ချစ်သူက မပြောဘဲသိတာမျိုးကို လိုချင်ကြပါတယ်။ တကယ်တော့ သင့်ချစ်သူဟာ စိတ်ဖတ်သူတစ်ဦးမဟုတ်တာကြောင့် သင်မပြောပြဘဲ သင့်ခံစားချက်တွေကို သိနိုင်မှာမဟုတ်ပါဘူး)

၈။ အတိတ်မှာဖြစ်ပျက်ခဲ့တဲ့ အချစ်ရေး ပြဿနာတွေကနေ သင်ခန်းစာယူပါ။ တစ်ဦးရဲ့အမှားတွေကို တစ်ဦးခွင့်လွတ်နားလည်ပေးပါ။

၉။ ချစ်သူရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စမှန်သမျှကို စွက်ဖက်တာ၊ နေရာတကာ ချုပ်ချယ်လွန်းတာတွေကို ရှောင်ရှားပါ။

၁ဝ။ တစ်ယောက်ကိုတစ်ယောက် မှီခိုလွန်းတာ၊ တစ်ချိန်လုံးတွယ်ကပ်နေတာဟာ အချိန်ကြာလာတဲ့အခါ အချစ်ရေးကို ယိုင်နဲ့စေပါတယ်။ ဒါကြောင့် ချစ်သူကိုလည်း ကိုယ်ရေးကိုယ်တာအတွက် အချိန်ပေးပါ။

အထက်ပါအချက်လေးတွေကို လိုက်နာပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးတွေကို တည်ဆောက်နိုင်ပါစေရှင်။

သဘောကျနှစ်ခြိုက်ခဲ့ရင် SHARE ပေးလိုက်ပါဦး။