မိဘပေးစားတဲ့သူကိုယူခြင်းရဲ့အားသာချက် ၅ ခု

blank

စာချစ်သူတို့ရေ…

“သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်” ဆိုတဲ့ စကားလေးလိုပါပဲ။ အရွယ်ရောက်လာတဲ့သူတိုင်းမှာ ဘဝလက်တွဲဖော်ကို ရွေးချယ်ရတဲ့အချိန်ဆိုတာ ကြုံကြရပါတယ်။ တချို့တွေက ကိုယ်တိုင်ချစ်ပြီး လက်တွဲရတာကို ပိုနှစ်သက်သလို၊ တချို့ကျတော့ မိဘတွေစီစဉ်ပေးတဲ့အိမ်ထောင်ရေးကိုမှ ပိုစိတ် ချသူတွေလည်း ရှိပါတယ်။ ဒါကြောင့် မိဘပေးစားတဲ့အိမ်ထောင်ရေးတွေမှာပိုင်ဆိုင်ခွင့်ရထားတဲ့ အားသာချက်လေးများကို ရေးသားတင်ဆက်လိုက်ပါတယ်နော်။

၁။ အစစအရာရာ သင့်တော်လိုက်ဖက်ခြင်း။

မိဘတွေဆိုတာ ကိုယ့်သားသမီးအကြောင်း ကိုယ်အသိဆုံးဖြစ်ပါတယ်။ အဲ့ဒီအတွက်  ကိုယ့် သားသမီးနဲ့ပေးစားဖို့ သတို့သားလောင်း၊ သတို့သမီးလောင်းကို ရှာဖွေရာမှာ အဖက်ဖက်က ကိုက်ညီ မယ့်သူကိုသာ ဦးစားပေးရွေးချယ်ကြပါတယ်။ ဒါကြောင့် အိမ်ထောင်ကျတဲ့အခါ အစစအရာရာ သင့် တော်လိုက်ဖက်နေပြီး အားသာချက်တွေအများကြီးနဲ့ ခိုင်မြဲစေပါတယ်။

၂။ အပြန်အလှန်လေးစားမှုရှိခြင်း။  

နှစ်ဖက်မိဘတွေစီစဉ်ပေးစားထားတဲ့ အိမ်ထောင်ရေးဖြစ်တဲ့အတွက် နှစ်ဖက်မိသားစုရဲ့ ဂုဏ် သိက္ခာနဲ့ အရှိန်အဝါတွေကြောင့် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှု၊ တာဝန်ခံမှုတွေ ရှိနေပါ တယ်။ ပြီးတော့ သူတို့ကြားက ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းဖို့ အားထုတ်စရာမလိုပါဘူး။ အခက် အခဲတွေကိုလည်း လူကြီးမိဘတွေက ကူညီဖြေရှင်းပေးကြတဲ့အတွက် အိမ်ထောင်ရေးက သာယာ အ ဆင်ပြေနိုင်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ မိသားစုနဲ့ဆက်ဆံရေးခိုင်မြဲခြင်း။

မိဘပေးစားတဲ့အိမ်ထောင်ရေးမှာ နှစ်ဖက်မိသားစုဆီက ကူညီထောက်ပံ့မှုနဲ့ ချစ်ခြင်းမေတ္တာ တွေကို အပြန်အလှန်ရရှိခံစားကြရတယ်။ ဒီလိုယောက္ခမမိသားစုဆီက နားလည်မှုတွေ၊ ဂရုစိုက်မှုတွေ၊ အချစ်တွေကို ရရှိခြင်းက ဇနီးမောင်နှံနှစ်ဦးကို သက်တောင့်သက်သာရှိစေပြီး နေအိမ်အသစ်မှာ နွေးထွေးမှုကိုယ်စီကို ခံစားကြရစေပါတယ်။

၎။ နားလည်မှုနဲ့ ညှိနှိုင်းမှုစွမ်းရည်မြင့်မားခြင်း။

နားလည်မှုနဲ့ ညှိနှိုင်းမှုစွမ်းရည်ဟာ အိမ်ထောင်ရေးတစ်ခုရဲ့ ခံတပ်ကို ခိုင်မြဲစေတဲ့အရာပါ။ အချစ်နဲ့စတင်တဲ့အိမ်ထောင်ရေးမဟုတ်တာကြောင့် အပြန်အလှန်နားလည်မှုပေးဖို့၊ လိုအပ်တာ လေးတွေကို ညှိနှိုင်းယူဖို့ ကြိုတင်စဉ်းစားထားကြပါတယ်။ ဒါက အိမ်ထောင်ရေးကို ရေရှည်ခိုင်မြဲ အောင် အလိုလိုတည်ဆောက်ပေးသွားတဲ့ အချက်လည်းဖြစ်ပါတယ်။

၅။ ကတိတရားတွေခိုင်မြဲခြင်း။

မိဘစီစဉ်ပေးတဲ့အိမ်ထောင်ရေးဆိုတာ မြင်မြင်ချင်းအချစ်ထက် အပြန်အလှန်နားလည်မှုရယ်၊ အပြန်အလှန်ယုံကြည်မှုရယ်နဲ့ အခြေခံထားပါတယ်။ ဒါကြောင့် နှစ်ဦးသားအိမ်ထောင်ရေးကို ကတိ ကဝတ်တွေနဲ့စတင်ကြပြီးမှ အချစ်တွေက တဖြည်းဖြည်းဖူးပွင့်လာရတာပါ။ အဲ့ဒီကတိတွေကိုလည်း အိမ်ထောင်သက်ကြာလာတာနဲ့အမျှ မပျောက်ပျက်အောင်ထိန်းသိမ်းရင်း အချစ်တွေပိုမိုခိုင်မြဲလာစေ ပါတယ်။

သင်လည်း ဒီဝါကျွတ်မှာ အစွံထုတ်မယ့်သူဆိုရင် ဒီအချက်လေးတွေကလည်း စဉ်းစားဖို့ အ ထောက်အကူဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ စာစောင်လေးကို နှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦး။