သားသားမီးမီးတွေကို သင်ကြားထားပေးသင့်တဲ့စည်းကမ်းချက်လေးတွေ (၅)

blank
အခြားသောစည်းကမ်းချက်လေးများ

၁။ တခြားတစ်ယောက်ကို ထိခိုက်မိတဲ့အခါ တောင်းပန်တတ်တဲ့အကျင့်လေး တည်ဆောက်ပေးပါ။

၂။ တခြားသူရဲ့နေအိမ်မှာဖြစ်စေ၊ ကားပေါ်ရထားပေါ်မှာဖြစ်စေ ခြေထောက်ကို ထိုင်ခုံပေါ်တင်တတ်တဲ့ အကျင့်ကို ရှောင်ကြဉ်ခိုင်းပါ။

၃။ ဘယ်သွားသွား ကိုယ့်အညစ်အကြေးကြောင့် သူတစ်ပါးအနှောင့်အယှက်မဖြစ်အောင် ဆင်ခြင် တတ်တဲ့အကျင့် မွေးမြူပေးပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ ကားပေါ်၊ ရထားပေါ်မှာ အသက်ကြီးသူကို နေရာပေးတတ်တဲ့အကျင့်လေးကို မွေးမြူပေးပါ။

၅။ ကားပေါ်၊ ရထားပေါ်မှာ ဖုန်းပြောတဲ့အခါ တခြားသူစိတ်အနှောင့်အယှက်ဖြစ်အောင် အသံကျယ် ကြီးနဲ့ ပြောတတ်တဲ့အပြုအမူကို ရှောင်ကြဉ်ခိုင်းပါ။

၆။ အများကြားမှာ နားမခံသာစရာဆူညံသံတွေမပြုလုပ်တတ်အောင် သင်ကြားထားပေးပါ။

၇။ သက်ကြီးရွယ်အိုတွေအပေါ် ကြင်နာတတ်တဲ့စိတ်လေးကို မွေးမြူပေးပါ။

ကလေးတွေဆိုတာ အနာဂတ်ရဲ့နိုင်ငံခေါင်းဆောင်အလောင်းအလျာလေးတွေဖြစ်တဲ့အတွက် ကျင့်ဝတ်ကောင်းလေးတွေ ပျံ့နှံ့စေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။