သားသားမီးမီးတွေကို သင်ကြားထားပေးသင့်တဲ့စည်းကမ်းချက်လေးတွေ (၄)

blank
အိမ်အလည်အပတ်သွားတဲ့အခါ လိုက်နာသင့်တဲ့စည်းကမ်းချက်လေးများ

၁။ သူတစ်ပါးက မဖိတ်ခေါ်ဘဲ အိမ်အလည်သွားတာမျိုးကို ရှောင်ကြဉ်ခိုင်းပါ။

၂။ သူတစ်ပါးအိမ်မှာ အချိန်အကန့်အသတ်မရှိ အကြာကြီးနေထိုင်တာမျိုး ရှောင်ကြဉ်ခိုင်းပါ။

၃။ သူငယ်ချင်းအိမ်မှာ ကြာမယ်ဆိုရင် မိဘ၊ အုပ်ထိန်းသူတွေကို ခွင့်တောင်းခိုင်းပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ သူတစ်ပါးအိမ်အလည်သွားတဲ့အခါ သူတစ်ပါးကိစ္စတွေမှာ ကူညီလုပ်ကိုင်ပေးတတ်တဲ့ အကျင့်လေး သင်ထားပေးပါ။

၅။ သူတစ်ပါးအိမ်ကမပြန်ခင် ကိုယ်ဖွခဲ့တဲ့အမှိုက်တွေရှိရင် တစ်ခါတည်းပြန်သိမ်းခဲ့တတ်တဲ့ အကျင့်လေး သင်ကြားထားပေးပါ။

၆။ သူတစ်ပါးအိမ်ကမပြန်ခင် ဧည့်ဝတ်ကျေပွန်မှုအတွက် အိမ်ရှင်ကိုကျေးဇူးတင်စကားဆိုတတ်တဲ့ အကျင့်ကို သင်ကြားထားပေးပါ။

ကလေးတွေဆိုတာ အနာဂတ်ရဲ့နိုင်ငံခေါင်းဆောင်အလောင်းအလျာလေးတွေဖြစ်တဲ့အတွက် ကျင့်ဝတ်ကောင်းလေးတွေ ပျံ့နှံ့စေဖို့ ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။