လသားအရွယ်ကလေးလေးတွေကို အကြာကြီးချီထားသင့်လား၊ မချီသင့်ဘူးလား။

blank

တစ်ခါတလေမှာ သားသားမီးမီးလေးတွေကို ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေက ခဏခဏပွေ့ချီလွန်းလို့ မိဘတွေ စိတ်အနှောင့်ယှက်ဖြစ်ရတာမျိုးရှိပါတယ်။ “ကလေးက လက်ကြိုက်သွားလိမ့်မယ်၊ လက်ပူမိလိမ့်မယ်” စတဲ့ အယူအဆတွေကလည်း အများသားမို့လား။

သားသားမီးမီးလေးတွေကို ချစ်လို့ ချီထားတယ်ဆိုရင် စိတ်အနှောင့်အယှက်မဖြစ်ပါနဲ့တော့။ ဘာလို့လဲဆိုတော့ လေ့လာတွေ့ရှိချက်တစ်ခုအရ ကလေးကို အကြာကြီး ပွေ့ချီထားခြင်းက ကလေးကို မထိခိုက်စေတဲ့အပြင် ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာ ရေရှည်အကျိုးသက်ရောက်မှုကောင်းတွေ ရှိစေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လွန်ခဲ့တဲ့ လအနည်းငယ်လောက်က မွေးကင်းစကလေးတွေအတွက် လူကြီးမိဘတွေနဲ့ ထိတွေ့ခြင်းက ကြီးထွားဖွံ့ဖြိုးမှုမြန်စေပြီး IQ မြင့်စေနိုင်တယ်လို့ သိရပါတယ်။ မိခင်နဲ့ အသားချင်းထိတွေ့မှုက မိခင်နို့တိုက်ကျွေးခြင်းကိုလည်း ပိုပြီးကောင်းစေနိုင်ပါတယ်။ ပြီးတော့ ဒီလိုထိတွေ့ခြင်းတွေက ကလေးငယ်လေးတွေအတွက် နာကျင်ညောင်းညာမှုတွေကို ကုစားပေးနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ သူများတွေကို မချီပွေ့စေချင်ဘူးဆိုရင်တောင် ကိုယ်တိုင်အချိန်ပေးပြီး ကလေးငယ်လေးတွေကို ချီပွေ့ထားသင့်ပါတယ်။

ဒီတော့ အရပ်ထဲမှာပြောပြောနေတဲ့ ကလေးကိုမချီဖို့သတိပေးစကားတွေကို မေ့ထားလိုက်ပါ။ ပြီးတော့ သားသားမီးမီးလေးတွေကို နူးညံ့စွာထိတွေ့ပြီး ချီပွေ့ပါ။ ဒါဟာ မွေးကင်းစကလေးငယ်လေးတွေအတွက် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး စိတ်ရောကိုယ်ပါ ကောင်းကျိုးဖြစ်စေပါတယ်။

ဗဟုသုတဆောင်းပါးလေးဖြစ်တာကြောင့် မိခင်တွေအတွက် SHARE ပေးလိုက်ပါဦးနော်။