သားသားမီးမီးတွေကို သင်ကြားထားပေးသင့်တဲ့စည်းကမ်းချက်လေးတွေ(၁)

blank
အိမ်တွင်းမှာ လိုက်နာသင့်တဲ့ စည်းကမ်းလေးများ

၁။ တစ်ခုခုတောင်းဆိုတဲ့အခါ “ ကျေးဇူးပြု၍ ” လို့ ထည့်ပြောတတ်တဲ့အကျင့်မွေးမြူပေးပါ။

၂။ တစ်ခုခုလက်ခံရရှိတဲ့အခါ “ ကျေးဇူးတင်ပါတယ်” လို့ ပြောတတ်တဲ့အကျင့်မွေးမြူပေးပါ။

၃။ ကိုယ့်ထက်ကြီးသူတွေအပေါ် လေးလေးစားစား ဆက်ဆံတတ်တဲ့အကျင့်မွေးမြူပေးပါ။

၎။ တခြားသူစကားဆုံးအောင် နားထောင်ပြီးမှ ပြန်ပြောတတ်တဲ့အကျင့်ကို မွေးမြူပေးပါ။

၅။ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေကို ရှောင်ကြဉ်တတ်တဲ့အကျင့်ကို မွေးမြူပေးပါ။

၆။ တစ်ခုခုကို မထိ၊ မယူခင် ခွင့်တောင်းတတ်တဲ့အကျင့်လေးမွေးမြူပေးပါ။

၇။ ကိုယ့်ပစ္စည်းကော၊ တခြားသူရဲ့ပစ္စည်းကိုပါ ရိုရိုသေသေကိုင်တွယ်တတ်တဲ့အကျင့် မွေးမြူပေးပါ။

၈။ တခြားသူရဲ့ပစ္စည်းလေးတွေ ချေးငှားပြီးရင် ပြန်ပေးတတ်တဲ့အကျင့်မွေးမြူပေးပါ။

၉။ တခြားသူဘက်ကိုလည်း စဉ်းစားပေးတတ်တဲ့အကျင့်လေး မွေးမြူပေးပါ။

၁ဝ။ ကစားပြီးရင် ပြန်သိမ်းတတ်တဲ့၊ အခန်းရှင်းတတ်တဲ့၊ မိသားစုကို ကူညီလုပ်ကိုင်ပေးတတ်တဲ့ အကျင့်ကို မွေးမြူပေးပါ။

၁၁။ ဖုန်းပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေးပြောဆိုတတ်တဲ့အကျင့်ကို မွေးမြူပေးပါ။

၁၂။ တစ်စုံတစ်ယောက်ဆီက လက်ဆောင်တွေရရှိတဲ့အခါ “ ကျေးဇူးတင်ပါတယ်” ဆိုတဲ့ မက်ဆေ့ခ်ျ ရေးပို့တတ်တဲ့အကျင့်ကို မွေးမြူပေးပါ။