မိန်းမလှလေးတွေ အချစ်ကံခေကြတဲ့အကြောင်းရင်းလေးများ

blank
၁။ မျှော်လင့်ချက်မြင့်မားလွန်းခြင်း။

မိန်းမလှလေးတွေအများစုမှာ လက်တွဲဖော်လောင်းနဲ့ပတ်သက်ရင် သတ်မှတ်စံနှုန်းတွေ မြင့် မြင့်မားမားထားလေ့ရှိကြပါတယ်။ ငွေရေးကြေးရေးဆိုတာထက် အချစ်၊ အကြင်နာ၊ အချိန်ပေးနိုင်မှုစ တဲ့ အဘက်ဘက်က အရည်အသွေးတွေ အားလုံးနဲ့ပြည့်စုံစေချင်ကြပါတယ်။ လက်တွေ့မှာ ထင်သ လိုဖြစ်မလာတဲ့အခါ အချစ်ရေးက စိတ်ပျက်စရာဖြစ်လာပါတယ်။

ဖြေရှင်းနည်း။ ။ လက်တွဲဖော်နဲ့ သေသေချာချာဆွေးနွေးပါ။ ပြဿနာဖြစ်စေတဲ့ အရာတွေကို သေချာ ပြောပြညှိနှိုင်းပါ။ ပြောဆိုရာမှာ တစ်ဖက်သားကို ပြောင်းလဲဖို့အခွင့်အရေးနဲ့ ပိုမိုပျော်ရွှင်စရာဖြစ်အောင် ကြိုးစားနိုင်မယ့်အခွင့်အရေးအတွက် လမ်းဖွင့်ပေးပါ။

၂။ ပထမအချစ်ရေး အဆင်မပြေခြင်း။

မိန်းမလှလေးတွေအများစုမှာ အရွယ်မတိုင်ခင် အကောင်းဆုံးလက်တွဲဖော်တစ်ယောက်ကို အ တည်တကျ ရွေးချယ်ချင်တဲ့စိတ်ကူးလေးတွေရှိကြပါတယ်။ ဒါပေမဲ့ ကံတရားကြောင့်ပဲဖြစ်ဖြစ်၊ တခြား သော အကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် အဆင်မပြေမှုတွေဖြစ်တဲ့အခါ အချစ်ရေးတစ်ခု ပြတ်စဲကြရပါ တယ်။ ဒါကြောင့် နောက်တစ်ကြိမ်အချစ်ရေးနဲ့ ကြုံတဲ့အခါ မိမိကိုနာကျင်အောင်မလုပ်မယ့်၊ မိမိကို လက်ထပ်ခွင့်ရဖို့ ဘာမဆိုလုပ်မယ့် ယောက်ျားမျိုးကိုပဲ ရွေးချယ်မိလိုက်ကြပါတယ်။

ဖြေရှင်းနည်း။ ။ တကယ်တော့ အဲ့ဒီဆုံးဖြတ်ချက်မျိုးက မဖြစ်သင့်ပါဘူး။ ပထမအချစ်ရေး အဆင်မ ပြေတာမှန်ပေမဲ့ ပိုကောင်းတဲ့ ချစ်သူမျိုးကို ရှာတွေ့နိုင်ပါတယ်။ တစ်ခါတရံမှာ ပိုကောင်းတာတစ်ခုကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် ကောင်းတဲ့အရာတစ်ခုကို စွန့်လွှတ်ရတတ်ပါတယ်။ နာကျင်မှုတွေ ရှိနိုင်ပေမဲ့ တကယ်ထိုက်တန်သူနဲ့တွေ့တဲ့အခါ ပျော်ရွှင်ရမှာပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ လွန်ကဲစွာ ဂရုစိုက်ခံရခြင်း။

မိမိချစ်တဲ့သူဆီက ချစ်ခြင်းနဲ့ အာရုံစိုက်မှုတွေကို လက်ခံရရှိတာဟာ မိန်းမသားတွေအတွက် ကျေနပ်စရာပါ။ ဒါပေမဲ့ ဂရုစိုက်မှုလွန်ကဲလာရင်တော့ မွန်းကြပ်လာတတ်ပါတယ်။ ဒါဟာ အချစ်ရေးကို  မပျော်ရွှင်စေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။

ဖြေရှင်းနည်း။ ။ ဘယ်လိုအပြုအမူတွေက မိမိကို ဘယ်လိုခံစားရစေတယ်ဆိုတာ လက်တွဲဖော်ကို နား လည်အောင် ပြောပြပါ။ လက်တွဲဖော်အမြင်မှာ ယုံကြည်စိတ်ချလောက်စရာ အပြုအမူတွေကို ပြသပါ။ မိမိလက်တွဲဖော်အပေါ် ယုံကြည်မှုအပြည့်အဝပေးခြင်းဖြင့်လည်း နားလည်အောင် တည်ဆောက်ယူပါ။

၎။ စိတ်ခံစားမှုအေးစက်သွားခြင်း။

မိန်းမလှလေးတွေဟာ မအောင်မြင်တဲ့အချစ်ရေးတွေကို ကြုံဖူးကြလေ့ရှိပါတယ်။ ဒါကြောင့် နောက်ထပ်လက်တွဲဖော်အသစ်ကို ရှာဖွေတဲ့အခါ မိမိကိုယ်မိမိ သတိနဲ့နေထိုင်ကြပါတယ်။ မိမိအပေါ် တကယ်ကောင်းတဲ့ချစ်သူမျိုးနဲ့ ကြုံရရင်တောင်မှ ပထမအတွေ့အကြုံတွေကြောင့် အရင်လို မလှုပ် ခတ်တော့ပါဘူး။ ဒီလိုမပွင့်လင်းတဲ့ အေးစက်မှုကလည်းအချစ်ရေးကို မလှပစေတဲ့အကြောင်းရင်းတစ် ခုပါ။

ဖြေရှင်းနည်း။ ။ ကြုံတွေ့ခဲ့ဖူးတဲ့အချစ်ရေးကြောင့် နောက်ထပ်တွေ့တဲ့အချစ်ရေးတွေကို သံသယနဲ့ မမြင်ပါနဲ့။ ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်ပါ။ ဒါမှသာ တကယ်ကောင်းတဲ့လက်တွဲဖော်ကို နာကျင်စရာကြောက်စိတ်တွေဖယ်ပြီး အမှန်အတိုင်းသိမြင်နိုင်မှာဖြစ်ပါတယ်။

၅။ ကြောက်ရွံ့ခြင်း။

မိန်းမလှလေးတွေအများစု သိထားကြတာက မိမိရဲ့အလှဟာ ထာဝရမတည်မြဲနိုင်ဘူးဆိုတာ ပါ။ အလှတရားတွေမရှိတော့တဲ့အခါ လက်တွဲဖော်က မိမိကို စိတ်ပျက်ပြီး စွန့်ခွာသွားမှာကိုလည်း ပူပန် တတ်ကြပါတယ်။ ဒီအတွေးကလည်း အချစ်ရေးမှာ မပျော်ရွှင်မှုကို ဖန်တီးပေးနိုင်တဲ့အချက်ပါ။

ဖြေရှင်းနည်း။ ။ တကယ်တော့ မိမိရဲ့လှတစ်မျက်နှာထက် အတွင်းစိတ်က အဓိကဆိုတာ လက်ခံဖို့ ကြိုးစားပါ။ မိမိရဲ့လှပတဲ့မျက်နှာတစ်ခုကိုပဲ တန်ဖိုးထားတဲ့လက်တွဲဖော်မျိုးဆိုရင် လမ်းခွဲရရင်လည်း ဝမ်းနည်းစရာမလိုပါဘူး။ မိမိရဲ့လှပမှုထက် မိမိရဲ့တန်ဖိုးကို နားလည်တဲ့သူဆိုရင်တော့ ဘယ်တော့မှ လက်တွဲမဖြုတ်ဘဲ တန်ဖိုးထားလက်တွဲလိုက်ပါ။

တိုက်ဆိုင်တဲ့အချက်လေးတွေပါနေတယ်ဆိုရင် ဒီစာစောင်လေးကို SHARE လိုက်ပါဦးနော်။