နှလုံးသားနုနယ်သူတွေက ဘာကြောင့်လွယ်လွယ်မချစ်ကြတာလဲ

blank

ဖြူစင်ရိုးသားတဲ့ နှလုံးသားတစ်စုံနဲ့ ကောင်မလေးတစ်ယောက်။ ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ဖြတ်သန်းနေပြီး ချစ်ခင်ကြင်နာတတ်တဲ့ ကောင်မလေးတစ်ယောက်။ အသေးအဖွဲလေးတွေမှာတောင် ပျော်ရွှင်မှုကိုရအောင်ရှာတတ်တဲ့ ကောင်မလေးတစ်ယောက်။

လူအများစုက သူမကိုသဘောကောင်းသူတစ်ယောက်အဖြစ် မြင်ထားကြပြီး လူတွေအပေါ် စစ်မှန်မှုတွေနဲ့ ဆက်ဆံတတ်တဲ့ကောင်မလေးတစ်ယောက်။

ကောင်မလေးမှာ ချစ်ခင်ကြင်နာခြင်းတွေအပြည့်ရှိတယ်။ ညှာတာသနားခြင်းတွေ ရှိတယ်။ ဒါပေမဲ့ သူမဟာ ချစ်သူရွေးချယ်တဲ့နေရာမှာတော့ တွန့်ဆုတ်တွေဝေနေတတ်တယ်။ ချစ်သူကို လွယ်လွယ်မရွေးချယ်ဖြစ်ကြဘူး။ ဘာဖြစ်လို့လဲဆိုတော့…..

သူမရဲ့ နှလုံးသားဟာ ချစ်ဖို့အဆင်သင့်ဖြစ်နေပြီး လူတိုင်းမှာရှိတဲ့ ကောင်းကွက်တွေရှိတယ်ဆိုတာကို ယုံကြည်တယ်။ လူတွေကိုယုံကြည်တတ်ပေမဲ့ သူမရဲ့ နုနယ်တဲ့နှလုံးသားက လူတစ်ယောက်ကို လွယ်လွယ်ချစ်ဖို့ ခွင့်မပြုပြန်ဘူး။

သူမဟာ အချစ်မှာ ကြုံတွေ့ရမယ့်ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို ခံစားချင်တယ်၊ သူမဟာ တစ်စုံတစ်ယောက်ကို မျက်စိစုံမှိတ်ပြီးချစ်ချင်ပေမဲ့ သူမရဲ့ စိတ်ဟာ “ ရွေးချယ်မှု မှားသွားခဲ့ရင်” ဆိုတဲ့ အတွေးနဲ့ သူမကိုနောက်ပြန်ဆွဲနေပါတယ်။

သူမဟာ သူမရဲ့ကွဲကြေနေတဲ့ နှလုံးသားကို ပြန်ကောက်ပြီးနောက်တစ်ကြိမ်ပြန်ချစ်နိုင်ပါ့မလား ဆိုတဲ့အတွေးနဲ့ ချစ်ဖို့ မဝံ့မရဲဖြစ်နေတတ်ပါတယ်။ ဒါကြောင့် သူမရဲ့ နှလုံးသားကို ကာကွယ်ဖို့အတွက် အဆိုးဆုံးတွေကို မြင်ယောင်ကြည့်ပြီး ချစ်ဖို့ကြောက်နေတာဖြစ်ပါတယ်။

သူမဘဝမှာ ရခဲ့တဲ့ ဒဏ်ရာအနာတရတွေကို ကုစားပေမဲ့ ချစ်သူတစ်ယောက်၊ သူမရဲ့ ချစ်ခြင်းတွေနဲ့ အထိုက်တန်တဲ့ ချစ်သူတစ်ယောက် သူမရဲ့ အသည်းဒဏ်ရာတွေကို ကုစားပေးပြီး သူမအနားက ဘယ်တော့မှ ထွက်ခွာမသွားမယ့် သူတစ်ယောက်ကိုစောင့်မျှော်ရင်း လွယ်လွယ်မချစ်ဘဲ ဖြစ်နေပါတယ်။

သူမဟာ သစ္စာတရားတွေကို ယုံကြည်တယ်၊ မေတ္တာတရားတွေကို တန်ဖိုးထားတယ်။ ဖြစ်လွယ်ပျက်လွယ်တဲ့ အချစ်ရေးသဘောတရားတွေကို မြင်နေကြားနေရတော့ တဖြည်းဖြည်း တွန့်ဆုတ်လာပြီး သူမနှလုံးသားတံခါးကို သော့ခတ်ထားတာဖြစ်ပါတယ်။

သူမနှလုံးသားတံခါးကို ဖွင့်နိုင်သူအတွက်တော့ အဖြူစင်ဆုံး ချစ်ခြင်းတရားတွေကို ပိုင်ဆိုင်ရပါလိမ့်မယ်။

တိုက်ဆိုင်ခဲ့ရင် SHARE ပေးလိုက်ပါဦးနော်။